Home သတင်း KNLA တပ်ဖွဲ့ဝင် ၅ဦး BGF ထံ သွား‌ရောက်ပူး‌ပေါင်း

KNLA တပ်ဖွဲ့ဝင် ၅ဦး BGF ထံ သွား‌ရောက်ပူး‌ပေါင်း

1863
ဩဂုတ်လ ၈ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

KNLA soldiersကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) လက်‌အောက်ခံကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်(‌ကေအဲန် အယ်လ်‌အေ) မှ တပ်ဖွဲ့ဝင် ၅ဦးသည် နယ်ခြား‌စောင့်တပ်(ဘီဂျီအက်ဖ်)ထံသို့ ဇူလိုင်လကုန်ပိုင်းက သွား‌ရောက်ပူး‌ပေါင်း ခဲ့သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ဘီဂျီအက်ဖ်ထံ သွား‌ရောက်ပူး‌ပေါင်းခဲ့သည့် ‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင်များမှာ ဒုဗိုလ်‌စောသန်း‌အေး၊ ဒုတပ်ကြပ် ‌စော‌မောင်လှ၊ တပ်သားများဖြစ်သူ ‌စော သိန်းနိုင်ဝင်း၊ ‌စောတာ‌နော့ကျူးနှင့် ‌စောမယ်ကလာ့တို့ ဖြစ်ကြပြီး ‌ကေအဲန်ယူ တပ်မဟာ(၅) တွင် အ‌ခြေစိုက်လှုပ်ရှား‌နေသည့် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၁၀၂) တပ်ခွဲ(၃)မှ တပ်ဖွဲ့ဝင်များဖြစ်သည်ဟု သိရသည်။

ကရင်ပြည်နယ်အစိုးရနှင့် နီးစပ်သူတစ်ဦးက “ကျ‌နော်သိရသ‌လောက် သူတို့‌တွေ(KNLA ၅ဦး)ဟာ ၂၉ရက်‌နေ့က ဘီဂျီအက်ဖ် (၁၀၁၄)က တပ်ခွဲ(၃)မှူးဗိုလ်‌ကျော်ဘဲ၊ တပ်ခွဲ(၂)မှူးဗိုလ်စိုးမြင်တို့ဆီကတဆင့် ‌ရောက်လာတယ်။ အဲဒီက‌နေ (၁၀၁၃) ဌာနချုပ် ‌ဘောသိခုမှာ ပို့ထားလိုက်တယ်လို့ သိရတယ်။”ဟု ဩဂုတ်လ ၄ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူနှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲထားချိန်တွင်း ယခုလို ဘီဂျီအက်ဖ်နှင့် ပူး‌ပေါင်းကာ ဘက်‌ပြောင်းမှုအ‌ခြေအ‌နေအထိ ဖြစ်ရသည်ကို မည်သို့မျှ မစဉ်းစားနိုင်‌ကြောင်း ဘီဂျီအက်ဖ်ဘက်မှ မိမိတို့လစာရရှိမှုနှင့် စည်းရုံး‌ပြောဆိုမှုရှိနိုင်သည်ဟု ‌ကေအဲန်ယူ ဖားအံဆက်ဆံ‌ရေးရုံး တာဝန်ခံ ဗိုလ်မှူး‌စောရှီးရှိုက ခန့်မှန်း‌ပြောဆိုသည်။

ယင်းသို့ ပူး‌ပေါင်းသွားသည့် ‌ကေအဲန်အယ်လ်‌အေတပ်ဖွဲ့ဝင်များမှာ ၎င်းတို့နှင့်အတူ ၉-မမ ပစ္စတို တစ်လက်၊ ကာဘိုင်တစ်လက်၊ အမ်-၁၆ နှစ်လက်၊ ‌ကေသရီး‌မော်တာ တစ်လက်ကို ဘီဂျီအက်ဖ်(၁၀၁၃)တပ်ရင်းသို့ ယူ‌ဆောင်သွားပြီး ၎င်းတို့အား ဘီဂျီအက်ဖ် (၁၀၁၄)တပ်ရင်းသို့ ထပ်မံ ပို့‌ဆောင်ခံရခြင်းဖြစ်သည် ‌ကေအဲန်ယူ တပ်မဟာ(၅)ဘက်က အတည်ပြု ‌ပြောဆိုသည်။

သို့‌သော် ၎င်း‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင်များ ဘီဂျီအက်ဖ်သို့ သွား‌ရောက်ပူး‌ပေါင်းသွားရခြင်းနှင့် ပတ်သက်၍ အ‌ကြောင်းရင်း အစုံအလင်ကို မသိရှိရ‌သေး‌ကြောင်းနှင့် စုံစမ်း‌ဖော်ထုတ်မှုများ ဆက်လက်လုပ်‌ဆောင်‌နေ‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၅)မှ တာဝန်ရှိသူများက ‌ပြောသည်။

“ဘီဂျီအက်ဖ်နဲ့ ပူး‌ပေါင်းတာ‌တော့ ကျ‌နော်တို့ အတည်ပြုလို့ ရတယ်။ ဒါ‌ပေမယ့် ဘာ‌ကြောင့် သူတို့ သွားပူး‌ပေါင်းတာလဲ‌တော့ ကျ‌နော်တို့ စုံစမ်းမှု‌တွေ လုပ်‌နေတုန်းပဲ” ဟု ‌ကေအဲန်ယူ တပ်မဟာ(၅) ဗိုလ်မှူး‌စောကလယ်ဒို့က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူနှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့မှစ၍ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု လက် မှတ်‌ရေးထိုးခဲ့ပြီး‌နောက်ပိုင်း ယခုလို ‌ကေအဲန်ယူ လက်‌အောက်ခံ ‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင်များ အစိုးရလက်‌အောက်ခံ ဘီဂျီအက်ဖ်တပ်နှင့် ပူး‌ပေါင်းခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။