Home သတင်း မြဝတီမြို့နယ်ရှိ ‌ဒေသခံ တစ်ဦးကို မြန်မာစစ်တပ် ခြိမ်း‌ခြောက်ပစ်ခတ်

မြဝတီမြို့နယ်ရှိ ‌ဒေသခံ တစ်ဦးကို မြန်မာစစ်တပ် ခြိမ်း‌ခြောက်ပစ်ခတ်

1546
ဩဂုတ်လ ၂ဝရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အူက‌လေး ထာ့‌ကျေးရွာတွင် လက်ရှိ လာ‌ရောက်လှုပ်ရှား ‌နေသည့် မြန်မာအစိုးရစစ်တပ်က ၎င်း တို့ကို ‌ထော်လာဂျီကားဖြင့် အကြိုအပို့ လုပ်‌ပေး‌နေသည့် ‌ဒေသခံတစ်ဦးအား ‌သေနတ်ဖြင့် ခြိမ်း‌ခြောက်ပစ်ခတ်ခဲ့သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယခုလ ၁၅ရက်၊ နံနက် ၈နာရီ‌ကျော်အချိန်၌ မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ်(စကခ-၁၂) လက်‌အောက်ခံ ‌ခြေမြန် တပ်ရင်း(ခမရ-၂၃၀) ဒုရင်းမှူးဗိုလ်မှူးမင်းစိုးသည် အူက‌လေးထာ့ရွာသား ‌စောကိုလင်း၏ ‌ထော်လာဂျီကားကို လုပ်အား‌ပေး ‌ခေါ်ယူခဲ့ရာမှ အ‌ရောက်‌နောက်ကျသဖြင့် ယင်းသို့ ခြိမ်း‌ခြောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ဗိုလ်မှူးမင်းစိုးက ဝါ့‌မေထာ့ရွာမှာရှိတဲ့ (ခမရ-၅၄၆)တပ်ရင်းကို သွားကြိုဖို့ ‌စောကိုလင်းရဲ့ ‌ထော်လာဂျီကို ‌ခေါ်ထားတယ်။ သူ လည်း တခြားကိုယ်ပိုင်အလုပ်လည်းရှိလို့ အလာ‌နောက်ကျသွားတာကို ဗိုလ်မှူးမင်းစိုးက ငါ့ကို မ‌လေးစားဘူးလို့ဆိုပြီး သူ့‌ဘေးက ‌မြေကြီးကို MA-4 နဲ့ ၆ချက် ပစ်တယ်”ဟု အူက‌လေးထာ့ရွာ တာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ခမရ-၂၃ဝ တပ်ရင်းသည် ပြီးခဲ့သည့် ဇူလိုင်လက ယင်း‌ဒေသတွင် စတင်လာ‌ရောက် တာဝန်ထမ်း‌ဆောင်ခဲ့သည့် တပ်ရင်းဖြစ်ပြီး လာ‌ရောက်တာဝန်ယူခဲ့သည့်‌နေ့မှစ၍ အူက‌လေးထာ့‌ကျေးရွာရှိ ကားများကို အလှည့်ကျပုံစံဖြင့် တစ်စီးမှ နှစ်စီးအထိ သယ်ယူပို့ ‌ဆောင်‌ရေး အကြိုအပို့အတွက် စီစဉ်‌ပေးရန် ရွာသူကြီးထံမှတဆင့် ညွှန်ကြား‌ပြောဆိုထားသည်။

အဆိုပါ‌ကျေးရွာ တာဝန်ရှိသူက “ဒီလို သူတို့အလုပ်ပဲ လိုက်လုပ်‌ပေး‌နေရ‌တော့ ကိုယ့်အလုပ် မလုပ်အားဘူး။ ကိုယ့်အသက်‌မွေး လုပ်ငန်းအတွက်လည်း ‌နှေး‌ကွေးမှုဖြစ်‌စေတယ်။ ဖြစ်နိုင်ရင် ဒီလိုလုပ်အား‌ပေး‌တွေ မရှိ‌စေချင်ဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအ‌ခြေအ‌နေကို သိရှိထားသူ ဒီမိုက‌ရေစီကရင်အကျိုးပြုတပ်မ‌တော်(ဒီ‌ကေဘီ‌အေ) စစ်ဗျူဟာ ကလို့ထူးဝါးတပ်မဟာ၏ ‌ထောက်လှမ်း‌ရေးမှူး ဗိုလ်ကြီး‌စောသရီးတူးကလည်း အူက‌လေးထာ့ရွာ တဝိုက်တွင် လှုပ်ရှား‌နေ‌သော ခမရ-၂၃ဝ တပ်ရင်းအ‌နေ ဖြင့် ‌ဒေသခံလူထုများကို ခိုင်း‌စေပြီး မခြိမ်း‌ခြောက်သင့်‌ကြောင်း ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဒီလို ဒီမိုက‌ရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံအဖြစ် သွား‌နေတဲ့အချိန်မှာ လူထု‌တွေကို ဒီလိုခြိမ်း‌ခြောက်ပစ်ခတ်တာ မလုပ်သင့်ဘူး။ လုပ်အား‌ပေးအ‌နေနဲ့ လူထု‌တွေကို ‌ခေါ်ခိုင်းမယ်ဆိုရင်လည်း ဒီလို‌နေ့စဉ်လိုလို‌တော့ မဖြစ်သင့်ဘူး။ ‌နောက် ဒီလိုအကြိုအပို့ လုပ်‌ပေးရတဲ့အခါ ကားဆီဖိုး‌လောက်‌တော့ ‌ပေးသင့်တယ်။”ဟု ‌ပြောသည်။

လက်ရှိ အူက‌လေးထာ့ရွာတွင် တာဝန်ထမ်း‌ဆောင်‌နေသည့် ခမရ-၂၃ဝ သည် ခမရ-၂၃၁ တပ်ရင်း‌နေရာကို အစားထိုး လာ ‌ရောက်သည့် တပ်ရင်းဖြစ်ပြီး ၎င်း‌ဒေသတွင် ယခင် တာဝန်ထမ်း‌ဆောင်ခဲ့‌သော ခမရ-၂၃၁ တပ်ရင်းသည် ‌ဒေသခံရွာသူရွာသား များကို လုပ်အား‌ပေးခိုင်း‌စေမှုများ မရှိခဲ့‌ကြောင်း သိရသည်။

၎င်းတပ်ရင်းသည် အူက‌လေးထာ့ ‌ဒေသခံများ၏ ‌ထော်လာဂျီကားများကို လုပ်အား‌ပေးခိုင်း‌စေရာ၌ ဝါ့‌မေထာ့၊ ‌သေ့‌ဘောဘိုး၊ စုကလိ၊ ‌ဝေါ်‌လေ စသည့်‌နေရာများသို့ ပို့‌ဆောင်‌နေရ‌သော်လည်း ကားဆီခ‌ပေးမည်ဟု ‌ပြောကာ တခါမျှ မ‌ပေးခဲ့‌ကြောင်း ‌ဒေသခံ များက ‌ပြောဆိုသည်။

အူက‌လေးထာ့‌ကျေးရွာတွင် ‌ထော်လာဂျီကား အစီး‌ပေါင်း ၂ဝခန့်ရှိပြီး ရွာသူရွာသား အများစုမှာ ‌ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် အသက်‌မွေးဝမ်း‌ကျောင်းကြပြီး လယ်ယာနှင့် ‌တောင်ယာများလည်း လုပ်ကိုင်ကြသည်။