Home သတင်း ‌မြေပြိုမှု‌ကြောင့်မြဝတီ-‌ကော့ ကရိတ်လမ်း ပြန်လည် မဖွင့်လှစ်နိုင်‌သေး

‌မြေပြိုမှု‌ကြောင့်မြဝတီ-‌ကော့ ကရိတ်လမ်း ပြန်လည် မဖွင့်လှစ်နိုင်‌သေး

2457
ဩဂုတ်လ ၂ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

Landslide between Myawaddy-Kawkareikမိုးအဆက်မပြတ်ရွာသွန်းပြီး ‌မြေပြိုမှုများ‌ကြောင့် ဇူလိုင်လ ၂၈ ရက်‌နေ့မှစ၍ ပိတ်ထားရ‌သော ထိုင်းနှင့် မြန်မာ နိုင်ငံတို့၏ အဓိကကုန် သွယ်‌ရေးလမ်း‌ကြောင်း တစ်ခုဖြစ်သည့် ကရင်ပြည်နယ် မြဝတီ-‌ကော့ ကရိတ် ‌ဒေါန‌တောင်‌ပေါ်ကားလမ်းကို လတ်တ‌လော ပြန်လည်ဖွင့်လှစ်ရန် ခက်ခဲ‌နေ‌သေး‌ကြောင်း သိရသည်။

‌ကော့ကရိတ်မြို့နယ် တာဝန်ကျယဉ်ထိန်းရဲ အရာရှိတစ်ဦးက “ကျ‌နော်တို့သိရ‌လောက် ‌မြေပြိုတဲ့‌နေရာ ခန့်မှန်း ‌ခြေ‌နေရာ ၃ဝ ‌လောက်ရှိမယ်။ မြဝတီအပိုင် တံတားကျိုးအတက် ဖြတ်လမ်းကြီး‌နေရာမှာ ကားလမ်းက ‌မြေသား ပါပြိုကျတယ်။ လမ်းပြန်ပြုပြင်ဖို့နဲ့ဆို လမ်းပြန်ဖွင့်ဖို့ အချိန်နည်းငယ် ကြန့်ကြာမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌မြေပြိုပြီး လမ်းပိတ်‌နေမှုများကို အမြန်ဆုံးရှင်းလင်းနိုင်ရန်နှင့် ပြိုကျသွား‌သော လမ်းပိုင်းများကိုလည်း အမြန်ဆုံးပြုပြင်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက စီစဉ်‌ဆောင်ရွက်‌ပေး‌နေ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

လက်ရှိ ‌တောင်‌ပေါ်လမ်းများတွင် ‌မြေပြိုပြီးလမ်းများပိတ်ဆို့မှု‌ကြောင့် ကားသွားလာခွင့်ပိတ်ထားသဖြင့် ဆိုင်ကယ်များဖြင့်သာ သွားလာနိုင်‌ကြောင်း မြဝတီသို့ ပြန်လာ‌သော ခရီးသွားတစ်ဦးက ကြုံ‌တွေ့ရ‌သော လမ်းအ‌ခြေအ‌နေကို ယခုလို ‌ပြောပြသည်။

“လမ်းအ‌ခြေအ‌နေက အ‌တော်ဆိုး‌နေပြီ။ ဆိုင်ကယ်နဲ့‌တော့သွားလို့ရတယ်။ ဒါ‌ပေမယ့် ‌မြေပြိုလို့လမ်းပိတ်‌နေတဲ့ ‌နေရာ‌တွေ အများကြီးပဲ။ တစ်ချို့‌နေရာ‌တွေဆို လမ်း‌မြေသား ပဲ့ကျသွားတယ်။ အဲဒီ‌နေရာ‌တွေ‌ရောက်ရင် မစီးရဲဘူး ဆိုင်ကယ်ဆင်းတွန်းသွားရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကားသွားလာခွင့်ကို အဆင်းအတက် နှစ်ပတ်ကြာပိတ်ထားခဲ့ရပြီး လက်ရှိ ဖားအံ၊ ကျုံဒိုး၊ ‌ကော့ကရိတ်၊ မြဝတီ လမ်းပိုင်းအချို့တွင် ‌ရေလွှမ်းလျက်ရှိ‌နေ‌သေးကာ ကားသမားများတွင်လည်း ထိခိုက်နစ်နာမှုများရှိ‌ကြောင်း ဘာအံ-မြဝတီသို့ ‌ပြေးဆွဲ‌နေသည့် ကားသမားတစ်ဦးက ‌ပြောသည်။

ထို့အပြင် ကားလမ်းပိတ်ထားရမှု‌ကြောင့် နယ်စပ်ကုန်သည်များတွင်လည်း များစွာနစ်နာဆုံးရှုံးမှုများနှင့် ရင်ဆိုင်‌နေရပြီး ရက်အကန့်အသတ် ကြာမြင့်စွာ ကားသွားခွင့် ပိတ်ထားမည်ကို ကုန်သည်များက စိုးရမ်‌နေကြသည်။

မြဝတီမှတဆင့် ‌ဒေါန‌တောင်ကို ဖြတ်သန်း၍ ‌ကော့ကရိတ်-ဖားအံအထိ ‌ဖောက်လုပ်ထား‌သော ယခု ပိတ်ထား ရသည့် လမ်းမှာ အဓိကကုန်စည်များ စီးဆင်းရာတွင် အ‌ရေးပါ‌သော လမ်း‌ကြောင်းနှင့် လူအများဆုံး အသုံးပြု သွားလာ‌သော လမ်းဖြစ်ပြီး နှစ်စဉ်မိုးရွာသွန်းမှု‌ကြောင့် ‌တောင်ပြိုခြင်းများ မကြာခဏ ဖြစ်ပွား‌လေ့ရှိသည်။

‌ဒေါန‌တောင်ကို ဖြတ်သန်း၍ ‌ဖောက်လုပ်ထား‌သော ‌တောင်‌ပေါ်ကားလမ်းသည် မြဝတီ-‌ကော့ ကရိတ်အထိ မိုင် ၄ဝခန့် အကွာအ‌ဝေးရှိ‌ကြောင်း သိရသည်။