Home သတင်း ဧရာဝတီတိုင်း၌ လူငယ် အများစု ပြည်ပနိုင်ငံသို့ သွား‌ရောက်အလုပ်လုပ်သူ များပြားလာ

ဧရာဝတီတိုင်း၌ လူငယ် အများစု ပြည်ပနိုင်ငံသို့ သွား‌ရောက်အလုပ်လုပ်သူ များပြားလာ

1467
ဩဂုတ်လ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

DSC05206imgဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များမှ လူငယ်အများစုမှာ ယခုဩဂုတ်လ အတွင်း၌ ပြည်ပနိုင်ငံများသို့ သွား ‌ရောက်အလုပ်လုပ် ကိုင်ရန် လာ‌ရောက်ချိတ်ဆက်မှုများလာ‌ကြောင်း ပုသိမ်မြို့ ပြည်ပအလုပ်အကိုင် ရှာ‌ဖွေ‌ရေးပွဲစားများထံက သိရသည်။

ပြည်ပသို့ သွား‌ရောက်အလုပ်လုပ်ကိုင်ရန် လာ‌ရောက်ချိတ်ဆက်သူအများစုမှာ သာ‌ပေါင်း၊ ငါးသိုင်း‌ချောင်း၊ ‌ရှောပြာ၊ ကြာနီကန်၊ ဝက်ကြီးကန်၊ ကန်ကြီး‌ဒေါင့် စသည့် မြို့နယ်များမှဖြစ်ကြပြီး စကင်္ာပူ၊ မ‌လေးရှားနှင့် ထိုင်းနိုင်ငံများသို့ သွား‌ရောက်အလုပ်လုပ်ကိုင် လိုကြခြင်း ဖြစ်သည်။

မ‌လေးရှားနိုင်ငံသွားမည့် သာ‌ပေါင်းမြို့မှ ‌စောအယ်ထီးက “ရွာမှာက စပါးစိုက်ချိန်ကလွဲပြီး ကျန်ချိန်ဆို အခြားဘာစီးပွားမှ လုပ်လို့ မရဘူး‌လေ။ ဒါ‌ကြောင့် မ‌လေးရှားထွက်ဖို့ လုပ်‌နေတာပါ။ မ‌လေးရှားသွားဖို့ ကျ‌နော့်ညီ‌လေးကို မ‌လေးရှားအရင်ပို့ပြီး ကျ‌နော်က ‌တော့ မြဝတီက‌နေတဆင့် ထိုင်းသွားမယ်လို့ လုပ်‌နေပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ရန် လူတစ်ဦးလျှင် စကင်္ာပူ ၂၅သိန်းကျပ်၊ မ‌လေးရှား ၁၈သိန်းကျပ်နှင့် ထိုင်း ၄သိန်းကျပ် စသည့် နိုင်ငံအလိုက် သတ်မှတ်ထားသည့် ကုန်ကျစရိတ်‌ဈေးနှုန်းဖြင့် ပြည်ပအလုပ်အကိုင် ရှာ‌ဖွေ‌ရေး ပွဲစားများက ‌ဆောင်ရွက် ‌ပေး‌နေ‌ကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ သွား‌ရောက်အလုပ်လုပ်ရန် လာရာက်ဆက်သွယ်‌သော လူငယ်အများစုမှာ အသက် ၁၈နှစ်မှ ၃ဝနှစ်အရွယ် များဖြစ်ကြပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်‌နေကြ‌သော မိသားစုဝင်များမှ ဖြစ်သည်ဟု ပွဲစားအမျိုးသမီးတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“မနှစ်(၂၀၁၂ခုနှစ်က လယ်‌တွေ‌ရေမြှုပ်ကြ‌တော့ ခက်ခဲတဲ့ သူ‌တွေများတယ်။ အချို့ဆို ၁၈ နှစ်‌တောင် မပြည့် ‌သေးလို့ ပြန်လွတ်လိုက်ရတယ်။ မနှစ်ကဆို ကျမတို့ ရန်ကုန်က ‌အေဂျင့်‌တွေနဲ့ ချိတ်‌ပေးရတာ တစ်လကို ၁‌ယောက်ရဖို့ မနည်းလုပ်ရတယ်။ ဒီဩဂုတ်လထဲမှာ ပထမအပတ်‌လောက်ကပဲဆိုရင် ၇‌ယောက်‌တောင် လာဆက်သွယ်‌နေပြီ”ဟု ၎င်းက ရှင်းပြသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က ယင်း‌ဒေသရှိ လူငယ်အများစုသည် မြန်မာနိုင်ငံရှိ မြို့ကြီးများသို့ စား‌သောက်ဆိုင်၊ အိမ်‌ဖော်၊ စတိုးဆိုင် နှင့် စက်ရုံတို့တွင် သွား‌ရောက်လုပ်လုပ်ကြ‌သော်လည်း ယခုနှစ် မိုးရာသီကာလဖြစ်သည့် ဇွန်လမှစ၍ ယခု ဩဂုတ်လအထိ နိုင်ငံ ခြားသို့ သွား‌ရောက်အလုပ်လုပ်ကိုင်သူ များပြားလာခြင်းဖြစ်သည်ဟု သူမက ဆက်‌ပြောသည်။

ဧရာဝတီတိုင်း ၎င်းမြို့နယ်များအတွင်း ပြည်ပနိုင်ငံသို့ သွား‌ရောက်အလုပ်လုပ်ကိုင်ရာတွင် အများဆုံး သွား‌ရောက်သည့်နိုင်ငံမှာ စကင်္ာပူနိုင်ငံဖြစ်ပြီး ဒုတိယအများဆုံးမှာ မ‌လေးရှားနိုင်ငံဖြစ်‌ကြောင်း ပြည်ပအလုပ်အကိုင် ရှာ‌ဖွေ‌ရေးပွဲစားများက ဆိုသည်။

စကင်္ာပူနိုင်ငံနှင့် မ‌လေးရှားနိုင်ငံသို့ သွား‌ရောက်အလုပ်လုပ်‌နေကြသည့် မြန်မာနိုင်ငံသားများသည် စား‌သောက်ဆိုင်၊ ‌ဆောက် လုပ်‌ရေး၊ သ‌ဘေင်္ာကျင်းနှင့် စက်ရုံအလုပ်ရုံများထဲတွင် လုပ်ကိုင်ကြသူများရှိသလို အိမ်‌ဖော်များအဖြစ် လုပ်ကိုင်သူများလည်း ရှိသည်ဟု သိရသည်။