Home ဆောင်းပါး အာဇာနည်များ၊ သူရဲ‌ကောင်းများ ‌လျှောက်လှမ်းခဲ့သည့်လမ်းအတိုင်း ဆက်လက်ချီတက်ကြ

အာဇာနည်များ၊ သူရဲ‌ကောင်းများ ‌လျှောက်လှမ်းခဲ့သည့်လမ်းအတိုင်း ဆက်လက်ချီတက်ကြ

3021
(‌မောင်‌ကျော်စွာ)

၂၀၁၃ခုနှစ်၊ ဩဂုတ်လ ၁ဝရက်

SawBaUGyi‌သေဆုံးခြင်းသည် သက်ရှိတိုင်းအတွက် ဘာမျှ မဆန်းကျယ်‌သော အရာကိစ္စတစ်ခုမျှသာဖြစ်ပါသည်။

သက်ရှိမှန်သမျှ ‌သေကြရစမြဲဖြစ်သည်။ ‌သေဆုံးခြင်းကို မည်သူမျှ၊ မည်သည့်သက်ရှိ ငြင်းဆန်ခြင်း၊ ပယ်ဖျက်ခြင်း မပြု နိုင်ပါ။ သက်ရှိတစ်ဦးနှင့်တစ်ဦး၊ တစ်‌ကောင်နှင့်တစ်‌ကောင်၊ တစ်မျိုးနှင့်တစ်မျိုး သက်တမ်းကာလ အတိုအရှည်သာ ကွဲပြားခြား နား‌ကောင်း ကွဲပြားခြားနားပါလိမ့်မည်။ မ‌သေ‌သောသက်ရှိဟူ၍ ဤ‌လောက ကမ္ဘာ‌မြေပြင်တစ်ခွင်တွင် မရှိနိုင်ပါ၊ မရှိခဲ့ပါ၊ ‌နောင် တွင်လည်း ရှိနိုင်လိမ့်မည် မဟုတ်ပါ။ အံ့မခန်း‌ခြေလှမ်းကြီးများဖြင့် တိုးတက်မြဲတိုးတက်လာ‌နေ‌သော သိပ္ပံပညာသည်လည်း သူ ၏ အတတ်ပညာနည်းနာ စွမ်းပကားများဖြင့် သက်ရှိများ၏ သက်တမ်းအတိုအရှည်ကို နဂို‌နေထက် ပိုမိုရှည်လျားလာ‌အောင် ဖန်တီး‌ကောင်း ဖန်တီးစီရင်နိုင်လိမ့်မည် ဖြစ်‌သော်လည်း ‌သေခြင်းဟူသည်ကိုမူ ပယ်ဖျက်ခြင်းငှာ စွမ်းနိုင်လိမ့်မည်မဟုတ်ပါ။

အခြား‌သော သက်ရှိ သတ္တဝါများနည်းတူ မဆန်း‌သော‌သေခြင်းတရားကို မလွဲမ‌သွေရင်ဆိုင်ရကြရသည့် လူသားလူ့အ ဖွဲ့အစည်း၌မူ လူတချို့၏ ‌နေခြင်း၊ ‌သေခြင်းသည် ကြီးကျယ်မြင့်မြတ်လှ‌ပေစွ။ ထိုသူတို့၏ ‌နေခြင်း၊ ‌သေခြင်းကို ကျန်ရစ်သူ လူအ များစုကြီးက မျိုးဆက်နှင့်ချီပြီး မြတ်နိုး၊ ‌လေးစားဂုဏ်ယူဖွယ်ရာ ဖြစ်ကြရ၏။ ထိုကဲ့သို့‌သော သူတို့ကို မဆန်း‌သော‌သေခြင်းမှ ထာဝရ မ‌ပျောက်ဆုံးသူများ သို့တည်းမဟုတ် မဆန်း‌သော အနိစ္စတရားမှ ထာဝရ မ‌သေဆုံးသူများဟု ဆိုရလိမ့်မည်ထင်သည်။

သို့‌သော်လည်း အခြား‌သော လူတချို့၏ ‌နေခြင်း၊ ‌သေခြင်းမှာမူ ‌သေးနုပ်သိမ်ဖျင်းလှ၏၊ မျိုးဆက်နှင့်ချီပြီး ‌အော်ဂလီဆန် ဖွယ်၊ ရွံရှာစက်ဆုတ်ဖွယ်ဖြစ်၏၊ ထိုသူတို့၏ ‌နေခြင်း၊ ‌သေခြင်းဆိုသည်မှာ ကြမ်းပိုးတစ်‌ကောင်းကဲ့သို့၊ ယင်‌ကောင်တစ်‌ကောင်ကဲ့ သို့၊ ပက်ကျိတစ်‌ကောင်ကဲ့သို့၊ ပိုးဟပ်တစ်‌ကောင်ကဲ့သို့ ‌နေသွား၊ ‌သေသွားခြင်းမျိုးသာဖြစ်လိမ့်မည်။ ထိုကဲ့သို့‌သော သူတို့ကို အများပြည်သူက မြန်မြန်‌သေတာ‌ကောင်းသည်၊ ဆန်ကုန်‌မြေ‌လေး၊ ‌သေမထူး‌နေမထူးဟု ဆိုကြ‌ပေလိမ့်မည်။

ယင်းကဲ့သို့‌သော လူစားနှစ်မျိုးအနက် လူသားလူ့အဖွဲ့အစည်းက အမြဲတမ်းလွမ်းဆွတ်တသ သတိတရ ရှိ‌နေကြမည့်သူ များထဲတွင် အာဇာနည်များ၊ သူရဲ‌ကောင်းများသည် ထိပ်ဆုံးက ပါဝင်ပါလိမ့်မည်။

အာဇာနည်ဆိုသည်မှာ အကန့်အသတ်ရှိ‌သော မိမိအသက်ကို အကန့်အသတ်မရှိ‌သော ပြည်သူလူထု အကျိုးစီးပွားအ တွက် ရဲရဲဝံ့ဝံ့ စွန့်လွှတ်သွားသူကိုသာ အာဇာနည်ဟု ‌ခေါ်ဆိုရမည်ဖြစ်ပါသည်။ အသက်ရှင်သန်‌နေထိုင်စဉ်မှာလည်း ပြည်သူလူ ထု အကျိုးစီးပွားအတွက် ကိုယ်ကျိုးမဖက်ထမ်းရွက်ခဲ့ပြီး ယင်းသို့ ထမ်းရွက်‌နေစဉ် အသက်စွန့်ရ‌တော့မည့် အခိုက်အတန့်နှင့် ‌တွေ့ဆုံကြုံကြိုက်လာသည့်အခါတွင်လည်း အသက်စွန့်တိုက်ပွဲဝင်သွားသူ (တစ်ဖက်ရန်သူ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရသူ)များ ကိုသာ အာဇာနည်ဟု ‌ခေါ်ဆိုရပါမည်။ ယင်းတို့အနက်မှ မ‌သေမ‌ပျောက် အသက်ရှင်သန်ကျန်ရစ်ခဲ့သူကို သူရဲ‌ကောင်းဟု ‌ခေါ်ဆို သင့်ပါသည်။ အသက်ရှင်သန်ကျန်ရစ်ခဲ့‌သော သူရဲ‌ကောင်းများအနက် အချို့မှာ အသက်ရှင်သန်ကျန်ခဲ့‌သော်လည်း သူတို့ကိုယ် ခန္ဓာအစိတ်အပိုင်းများကို စွန့်လွှတ်လိုက်ရသူများ ဖြစ်‌နေတတ်သည်။ အသက်နှင့် ခန္ဓာ အိုးစားကွဲမသွား‌သော်လည်း ကိုယ်အဂင်္ါ အစိတ်အပိုင်းတစ်ခုခု (မျက်‌စေ့၊ လက်၊ ‌ခြေ စသဖြင့်) စွန့်လွှတ်ခဲ့ရသူ သို့မဟုတ် ထာဝစဉ် မစွမ်းမသန်ဖြစ်သွားရသူများကို အားလုံးကို သူရဲ‌ကောင်းများဟု ‌ခေါ်ချင်ပါသည်။

ထိုသို့‌သော အာဇာနည်များနှင့် သူရဲ‌ကောင်းများကို အထိမ်းအမှတ်ပြုခြင်း၊ ‌အောက်‌မေ့ဂုဏ်ပြုကြခြင်းသည် ကျန်ရစ်သူ များ၏ တာဝန်တစ်ရပ်ပင်ဖြစ်ပါသည်။ အာဇာနည်များ၊သူရဲ‌ကောင်းများကို မည်သို့ဂုဏ်ပြုကြမည်လဲ။

အာဇာနည်များ၊ သူရဲ‌ကောင်းများ အထိမ်းအမှတ်‌နေ့ နီးကပ်လာလျှင်၊ ‌ရောက်ပြီဆိုလျှင် ‌ဟော‌ပြောပွဲများပြုလုပ်ရုံ၊ ပန်း‌ခွေချ အ‌လေးပြုကြရုံမျှဖြင့် မပြည့်စုံပါ၊ မလုံ‌လောက်ပါ။ ထို့ထက် ပိုမိုနက်ရှိုင်းကျယ်ပြန့်ဖို့ လိုပါသည်။

အာဇာနည်များ၊ သူရဲ‌ကောင်းများ ဦးတည်‌လျှောက်လှမ်းခဲ့‌သော ဦးတည်ချက် ၊လမ်းစဉ်၊ မူဝါဒများနှင့် မိမိတို့ လက်ရှိ ‌လျှောက်လှမ်း‌နေ‌သော ဦးတည်ချက်၊ လမ်းစဉ်၊ မူဝါဒများ မည်မျှ ‌သွေဖီကွဲပြား‌နေသည်၊ မည်မျှတူညီ‌နေသည်တို့ကို နှိုင်းယှဉ်‌ဝေ ဖန် ဆန်းစစ်သင့်ပါသည်။

အာဇာနည်များ၊ သူရဲ‌ကောင်းများသည် မိမိတို့ တစ်ဘဝ၊ မိမိတစ်ဦးချင်း အကျိုးစီးပွားကွက်ကွက်က‌လေးအတွက် သူတို့၏အသက်နှင့် သူတို့ခန္ဓာကိုယ် အစိတ်အပိုင်းများကို ‌ပေးဆပ်သွားကြခြင်းမဟုတ်။ ဒီက‌နေ့ရရှိ‌နေ‌သော ရလဒ်များမှာလည်း အဆိုပါအာဇာနည်များ၊ သူရဲ‌ကောင်းများ၏ အသက်‌သွေး‌ချွေးများနှင့်ကင်းလွတ်ပြီး တည်ရှိ‌နေခြင်း မဟုတ်သည်ကိုလည်း ‌လေး ‌လေးနက်နက် ဆင်ခြင်‌တွေး‌တောကြရပါမည်။

KNU Armyအာဇာနည်များ သူရဲ‌ကောင်းများအ‌ပေါ် အ‌ကောင်းဆုံးသစ္စာရှိခြင်း၊ အ‌ကောင်းဆုံး အကျိုးပြုခြင်းမှာ အာဇာနည်များ၊ သူရဲ‌ကောင်းများညွန်ပြခဲ့သည့် လမ်း‌ကြောင်းမှန်‌ပေါ်တွင် ကျန်သူများက ဖဝါး‌ခြေထပ် ဆက်လက် ချီတက်‌လျှောက်လှမ်းကြ‌ရေး သာလျှင် ဖြစ်ပါသည်။
အညံ့ခံခြင်းသည် အာဇာနည်များ၊ သူရဲ‌ကောင်းများ၏ လုပ်ဟန်မဟုတ်၊ အခွင့်ထူးခံခြင်းသည် အာဇာနည်များ၊ သူရဲ ‌ကောင်းများ၏ စိတ်ဓါတ်မဟုတ်၊ ‌မောက်မာဝင့်ကြွားခြင်းသည်လည်း အာဇာနည်များ၊ သူရဲ‌ကောင်းများ၏ သ‌ဘောထားနှင့် အမူအကျင့် လုံးဝ မဟုတ်ပါ။

အာဇာနည်များ၊ သူရဲ‌ကောင်းများ သက်စွန့်ကြိုးပမ်း တိုက်ပွဲဝင်ခဲ့ကြသည်မှာ တန်းတူရည်မရှိ‌သော၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိ‌သော၊ ချိုးနှိမ်‌စော်ကား ဖိနှိပ်ခံရ‌သော မိမိတို့အမျိုးသားများ၏ အကျိုးစီးပွားအတွက် ဖြစ်သည်။ အာဇာနည်များ၊ သူရဲ‌ကောင်း များ ယုံကြည်ရပ်တည်စွဲကိုင်ခဲ့‌သော မူဝါဒ‌ပေါ်လစီ၊ လမ်းစဉ်များသည်လည်း တစ်စုံတစ်ခု‌သော အဖိုးစားနား၊ ရုပ်ဝတ္တုပစ္စည်းများ ဖြင့် စီးပွား‌ရေးဆန်ဆန် လဲလှယ်ယူရန် အလျဉ်းမဟုတ်။ အ‌ပေးအယူလုပ်ရန်လည်း မဟုတ်‌ချေ။ “လက်ပ်‌တော့နှင့်ငြိမ်းချမ်း‌ရေး”၊ “လက်နက်နဲ့ငြိမ်းချမ်း‌ရေး” လဲလှယ်‌ရေးဟု ‌ပြောဆို‌နေခြင်းမှာ ကုန်သည်စီးပွားဆန်လွန်းပြီး မိမိတို့၏ယုံကြည်ချက်၊ ခံယူချက်များ ကို ရင့်ရင့်သီးသီး ချိုးနှိမ်‌စော်ကားခြင်းသာလျှင် ဖြစ်သည်။

‌စောဘဦးကြီး၏ မူ ၄ချက် အနှစ်သာရမှာ ကရင့်ကံကြမ္မာ ကရင်ဖန်တီးနိုင်‌ရေးနှင့် ဖန်တီးနိုင်လာမည့် ကရင့်ကံကြမ္မာကို ကရင်များက ဆက်လက်ထိန်းသိမ်း၊ ကာကွယ်၊ တိုးချဲ့သွား‌ရေးသာလျှင် ဖြစ်သည်။
သို့အတွက် ကရင့်ကံကြမ္မာ ကရင်ဖန်တီးနိုင်လာသည့်အခါတွင်လည်း ‌စောဘဦးကြီးမူ ၄ချက်အနှစ်သာရကို စွန့်ပယ်၍ မဖြစ်‌သေးပါ။ ဆက်လက်စွဲကိုင်သွားရန် အ‌ရေးတကြီး လိုအပ်ပါသည်။

အာဇာနည်များ၊ သူရဲ‌ကောင်းများသည် မူ ၄ချက်ကို စွဲကိုင်တိုက်ပွဲဝင်ခဲ့ကြသည်။ အသက်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်း များ ‌ပေးဆပ်ခဲ့ကြသည်။
ကျ‌နော်တို့သည်လည်း အာဇာနည်များ၊ သူရဲ‌ကောင်းများ စွဲကိုင်တိုက်ပွဲဝင်ခဲ့သည့် မူ ၄ချက်ကို ဆက်လက်စွဲကိုင်ပြီး ‌အောင်ပွဲသို့ ဆက်လက်ချီတက်ခြင်းဖြင့် အာဇာနည်များ၊ သူရဲ‌ကောင်းများကို ဂုဏ်ပြုကြပါစို့၊ အထိမ်းအမှတ်ပြုကြပါစို့။