Home ကဗျာ သူး‌လေရဲ ့ ထာဝရခရီးသည်

သူး‌လေရဲ ့ ထာဝရခရီးသည်

3212

Saw Ba U  Gyiယမ်း‌ညှော်နံ့‌တွေနဲ့ စစ်အနိဌာရုံလွှမ်းခြုံတဲ့
တစ်‌ထောင့်ကိုးရာ‌လေးဆယ့်ကိုးရဲ့
‌မေ(နှစ်ဆယ့်နှစ်) ညတစ်ညက‌ပေါ့
လူသာစွမ်း လက်နက်‌တွေ မစွမ်းနိုင်‌တော့တဲ့
ခဲယမ်းကျည်ဆံ အခက်အခဲ‌ကြောင့်
ငါတို့‌တွေ ‘‌တောက်’ တ‌ခေါက်‌ခေါက်
အံတကြိတ်ကြိတ်နဲ့ အင်းစိန်က‌နေ ဆုတ်ခွါလာခဲ့ရ
ကြာအင်း‌စောင်းရွာမှာ တာဝန်‌တွေခွဲ‌ဝေယူငှ
အ‌ရှေ့‌ဒေါနဆီ ဦးတည်ခရီးသွားခဲ့တဲ့အသင်
ငါတို့‌တွေ ဦးညွှတ်အ‌လေးပြုရင်း
သင့်ကို ထာဝရ နှုတ်ဆက်ခဲ့ရလိမ့်မယ်လို့ မထင်ထားခဲ့တဲ့
တို့မျိုးဇာနည် ထာဝရခရီးသည်။

မမြင်ရက်တဲ့ စန်းလ‌သော်တာ
ကွယ်ပုန်းကာ ‌ကွေး‌ရေး‌ရေးသာ
လျှပ်‌ရောင်‌အောက်မှာ သာခဲ့ရ
တို့‌တွေအားလုံး ယူကြုံးမရ
နှ‌မြောခဲ့ရတဲ့ ထာဝရခရီးသည်
သင့်ရဲ့ ကံကြမ္မာတိမ်မဲကို သယ်‌ဆောင်လာတဲ့
မျိုး‌ဖောက် ‌မောင်အဲ ‌လောက်ငနဲ‌ကြောင့်
မိုးနဲ့ မျက်ရည် အပြိုင်ဖြိုင်ဆင်း
ဩဂုတ်ဆယ့်နှစ် ထိုအရုဏ်ခင်း
ဘဝင်ညှိုးခဲ့ရ ထာဝရခရီးသည်။

စဲရန်ခက် သည်းထန်တဲ့ မာရ်နတ်မိုးဖြူ‌ကြောင့်
ခရီးဆက်ရန်ခက် သင်တစ်‌ထောက်နားတဲ့
မြိုင်စွယ်တံတိုင်း ပတ်ရံဝိုင်း
ယာစွန်တဲစုတ် ဇနပုဒ်မှာ
‌ခေါင်ယိုစိုရွှဲ မလုံမလဲ
‌လေသင့်ရာ ကျီစယ်ဖျန်းပက်
စိုတစ်ခြမ်းကြမ်းပြင်ထက် အိပ်စက်
‌ကော်သူး‌လေရဲ့ အနာဂတ်
သင်ပုံ‌ဖော် အိပ်မက်ခွင့်ရတဲ့
‌နောက်ဆုံး‌သော ထိုတစ်ည
ငို‌ကြွေး‌နေတဲ့ သူရိန်‌နေမင်းကြီးရဲ့
နီ‌စွေး‌စွေး မျက်စုံ‌အောက်မှာ
ရဲရင့်ခြင်းအဓိပ္ပါယ်‌ဆောင်တဲ့
နီရဲတဲ့ ‌ရောင်ခြည်‌တွေနဲ့
‌ကော်သူး‌လေ‌မြေ‌ပေါ် စီးကျတဲ့
သင့်ရဲ့နီရဲတဲ့‌သွေးနဲ့ ‌ပေါင်းစပ်
သူရဲ‌ကောင်းတံဆိပ်ခတ်နှိပ်ထားတဲ့ စုတ်တံနဲ့
တို့တ‌တွေ ချစ်တဲ့‌ကော်သူး‌လေကို
စုတ်ချက်ကြမ်းကြမ်း‌တွေနဲ့
အနီ‌ရောင်ခြယ်သခဲ့
နီရဲ‌သော အ‌ရောင်ကို ပိုင်ဆိုင်တဲ့
သူး‌လေပန်း‌ပေါင်းများစွာကိုလည်း ပွင့်လန်း‌စေခဲ့တယ်
အသင်‌လျှောက်လှမ်းခဲ့ မဆုံး‌သေးတဲ့ခရီး
သင်နဲ့အတူ ငါတို့တ‌တွေ ‌လျှောက်လှမ်းရဦးမယ်
အို … သူး‌လေရဲ့ ထာဝရခရီးသည်။

စအိုင်ခန့် (နှင်းခဲ‌မြေ)
ဩဂုတ်-၁၂၊ ၂၀၁၃
အမိတိုင်းပြည်နဲ့ လူမျိုးအတွက် အသက်‌ပေးလှူသွားကြ‌သော ကရင့်အာဇာနည်အ‌ပေါင်းအား
ဤကဗျာ‌လေးဖြင့် ဂုဏ်ပြုအပ်ပါသည်။