Home သတင်း လွိုင်‌ကော်တွင် ၁,၅၀ဝတန် ဖုန်းဆင်းကဒ်များကို ပွဲစားမှ တဆင့် မှာယူ‌ရောင်း ချ‌နေရ

လွိုင်‌ကော်တွင် ၁,၅၀ဝတန် ဖုန်းဆင်းကဒ်များကို ပွဲစားမှ တဆင့် မှာယူ‌ရောင်း ချ‌နေရ

2521
ဩဂုတ်လ ၈ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

Phone simမြန်မာကျပ်‌ငွေ ၁,၅၀ဝ တန် CDMA နှင့် GSM ဖုန်းဆင်းကဒ်များကို ‌ဈေးကွက်အတွင်းတွင် အသုံးပြုလိုသူရှိလာပါက ပွဲစားမှ တဆင့် လိုအပ် သည့် အ‌ရေအတွက်အားလှမ်း မှာယူ၍ ‌ရောင်းချ‌နေရ‌ကြောင်း ကယား (ကရင်နီ)ပြည်နယ်၊ လွိုင်‌ကော်မြို့ရှိ ဖုန်းနှင့် ဖုန်းအပိုပစ္စည်း ‌ရောင်းဝယ်‌ရေး ဆိုင်များထံမှ သိရသည်။

“ကျ‌နော်တို့ မှာယူတဲ့အခါမှာလည်း တစ်ခါတ‌လေ မှာထားတဲ့အချိန်တိုင်း လိုသ‌လောက် မရပါဘူး။ ကျ‌နော်တို့ဘက်က ပွဲစား လက်ထဲက လက်ကျန်ရှိမှ ‌ရောင်းရတယ်။ မှာထားရင်လည်း ‌စောင့်ရတယ်။ သူ(ပွဲစား)ဘယ်က ဒီကဒ်‌တွေရသလဲဆိုတာ‌တော့ မသိဘူး”ဟု Techno World ဆိုင်မှ ဆိုင်ပိုင်ရှင်က ‌ပြောသည်။

လက်ရှိ လွိုင်‌ကော်‌ဈေးကွက်၌ ၁,၅၀ဝ တန် CDMA 800 ဖုန်းဆင်းကဒ်မှာ ရှစ်‌သောင်းနှစ်‌ထောင်(၈၂,၀၀၀) ‌ပေါက်‌ဈေးရှိပြီး GSM မှာမူ တစ်သိန်းတစ်‌သောင်းငါး‌ထောင်(၁၁၅,၀၀၀) ‌ပေါက်‌ဈေးရှိကာ CDMA မှာ အ‌ရောင်းသွက်‌နေပြီး GSM ဖုန်းဆင်းကဒ် မှာမူ အဝယ်ငြိမ်‌နေ‌ကြောင်း သိရသည်။

မြန်မာအစိုးရက ကယားပြည်နယ်တွင် ၁,၅၀ဝ တန် ဖုန်းဆင်းကဒ်များကို အနည်းငယ်သာချထား‌ပေးပြီး မြို့နယ် တစ်မြို့နယ်လျှင် ဖုန်းကဒ် ၆ကဒ်နှုန်းသာ ချ‌ပေးသဖြင့် ပြည်နယ်ရှိလူထု၏ ဖုန်းဆင်းကဒ်လိုအပ်ချက်အရ ပွဲစားများထံမှတဆင့် ‌မှောင်ခို‌ဈေးကွက် တွင်ကျယ်‌နေခြင်းဖြစ်သည်ဟု လွိုင်‌ကော်မြို့ခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အစိုးရက ဖုန်းဆင်းကဒ်ချ‌ပေးလိုက်ပြီဆိုရင် အစိုးရဝန်ထမ်း‌တွေက သုံးပုံတစ်ပုံယူတယ်။ အဲဒီသူတို့ ယူထားတဲ့ ဖုန်း ဆင်းကဒ်ကို ပွဲစားနဲ့ချိတ်ဆက်ပြီး ဆိုင်ကို ‌ရောင်းတယ်။ ဒါ‌ကြောင့် ဖုန်းဆင်းကဒ်တစ်ခုရဖို့က မလွယ်ဘူး။ ‌နောက် ‌ဈေး‌ပေါ‌ပေါနဲ့ ရမယ့်ဟာကို ‌ဈေးကြီး‌ပေးပြီး ပြန်ဝယ်ရတာ‌တွေရှိတယ်”ဟု ‌ပြောဆိုသည်။

ကယားပြည်နယ်၏ တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် မိုဘိုင်းဆင်းကဒ်များကို အစိုးရက ဧပြီလတွင် ပထမအကြိမ်အဖြစ် CDMA ဖုန်းဆင်းကဒ်‌ပေါင်း ၅၅ဝ ခုနှင့် ‌မေလတွင် ဒုတိယအကြိမ်အဖြစ် GSM ဖုန်းဆင်းကဒ်‌ပေါင်း ၈၀ဝခုချ‌ပေးခဲ့ပြီး တတိယအ ကြိမ်အဖြစ် GSM ဖုန်းဆင်းကဒ်ကို မကြာမီ ထပ်ချ‌ပေးရန် ရှိသည်ဟု သိရသည်။

အစိုးရမှ ထိုသို့ ဖုန်းဆင်းကဒ်ချ‌ပေးခဲ့ရာ၌ ကယားပြည်နယ်တွင်းရှိ ‌ကျေးရွာ (၂၀)ပါဝင်‌သော နွားလဝိုး ‌ကျေးရွာအုပ်စုတွင် ယခု အချိန်ထိ မိုဘိုင်းလ်ဆင်းကဒ် ၃ခုသာ ရရှိ‌သေးသည်ဟု ‌ဒေသခံများက ဆိုသည်။

ကယားပြည်နယ်တွင် 800 MHZ မိုဘိုင်းလ်စခန်း ၆ခုကို လွိုင်‌ကော်၊ ဖရူးဆိုး၊ ‌ဘော်လခဲ၊ မယ်ဆဲ့၊ ‌မော်ချီး စ‌သော မြို့နယ်များ တွင် တပ်ဆင်ထားပြီး မိုဘိုင်းလ် BTS စခန်းများ ရရှိရန်အတွက် မြန်မာ့ဆက်သွယ်‌ရေးသို့ တင်ပြထားမှုရှိများရှိ‌ကြောင်းလည်း သိရသည်။