Home သတင်း ရပ်ကွက်အုပ်ချုပ်‌ရေးမှူး ဇနီး ‌မြေတိုင်းဝန်ထမ်းများ အား ‌မောင်းထုတ်

ရပ်ကွက်အုပ်ချုပ်‌ရေးမှူး ဇနီး ‌မြေတိုင်းဝန်ထမ်းများ အား ‌မောင်းထုတ်

1651
ဩဂုတ်လ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

land belongingကယား(ကရင်နီ)ပြည်နယ် လွိုင်‌ကော်မြို့နယ်၊ ထူဒူငံသရွာရှိ သိမ်းဆည်းခံလယ်ယာ‌မြေ များကို မြို့နယ်‌မြေတိုင်းဌာနမှ ဝန်ထမ်း များက ဩဂုတ်လ ၁၁ရက်၊ ‌နေ့လည်ပိုင်းတွင် လာ‌ရောက်ကြည့်ရှုကာ စစ်‌ဆေးတိုင်းထွာခြင်း များ ပြုလုပ်သည်ကို လယ်သိမ်း ထား‌သော ရပ်ကွက်အုပ်ချုပ်‌ရေးမှူး၏ဇနီးက လက်မခံ ဘဲ ‌မောင်းထုတ်ခဲ့‌ကြောင်း သိရသည်။

မူလ‌မြေပိုင်ရှင်တစ်ဦးဖြစ်‌သော ဦး‌အောင်သိန်း၏ ‌မြေအား တိုင်းတာရန် ပြင်ဆင်‌နေကြစဉ်တွင် နမ့်‌ဘော်ဝမ် သျှမ်းစုရပ်ကွက် အုပ်ချုပ်‌ရေးမှူး ဦး‌ငွေထွန်း၏ဇနီး ‌ဒေါ်‌အေးခိုင်က လက်မခံခဲ့သည့်အတွက် ‌မြေတိုင်းစာ‌ရေး ဦးညီညီနှင့် ဝန်ထမ်းများက ‌မြေမ တိုင်း‌တော့ဘဲ ပြန်လည်ထွက်ခွာသွားကြသည်ဟု ‌မြေယာအဓမ္မသိမ်းဆည်းမှု ကာကွယ်‌ရေးအဖွဲ့မှ အမျိုးသမီးတစ်ဦးက ‌ကေအိုင် စီသို့ ‌ပြောသည်။

သူမက “အခုက အဘိုးဦး‌အောင်သိန်းရဲ့အကွက်ကို တိုင်းတာပါ။ အဘိုးက ‌ပြေစာလည်း ရှိတယ်။ အကွက်နံပါတ်လည်း ရှိတာကို ဦး‌ငွေထွန်းဇနီးက ‌မြေအတိုင်းမခံဘဲ ‌မောင်းထုတ်တာဖြစ်တယ်”ဟု ‌ပြောဆိုသည်။

အဆိုပါ ဦး‌အောင်သိန်းပိုင်ဆိုင်သည့် ‌မြေအကျယ်အဝန်းမှာ လယ် ၄ဧကနှင့် သက်တမ်းအနှစ် ၂ဝရှိ‌သော ‌ပေ ၈ဝပတ်လည်ရှိ ကျွန်းစိုက်ခင်းဖြစ်‌သော်လည်း အုပ်ချုပ်‌ရေးမှူး ဦး‌ငွေထွန်းသည် ၎င်း‌မြေအားလုံးကိုလည်း ‌ပေ ၆ဝ x ၈ဝ အကျယ်ရှိ အိမ်ကွက်များ ပြန်ရိုက်ထားသည်ဟု သူမက ဆက်‌ပြောသည်။

ထို့အပြင် သိမ်းဆည်းခံလယ်ယာ‌မြေများအတွက် ကူညီ‌ဆောင်ရွက်‌ပေး‌နေ‌သော ထိုအဖွဲ့ဝင် အမျိုးသမီးအား အုပ်ချုပ်‌ရေးမှူး ဇနီး က ယင်း‌မြေကွက်များကို ၎င်းတို့ပိုင်ဆိုင်သည်ဟု ‌ပြောဆိုခဲ့သလို ‌နောင်တွင် ယခုလို လာ‌ရောက်တိုင်းတာမှုများ မပြုရန်နှင့် ပြုလုပ်လာပါက တရားစွဲဆိုမည်ဟု ‌အော်ဟစ်ခြိမ်း‌ခြောက်ခဲ့‌ကြောင်း ‌ဒေသခံများက ‌ပြောဆိုသည်။

လက်ရှိအချိန်တွင် ‌မြေများအား လက်ညိုးထိုး‌ရောင်းစားခြင်း၊ ‌မြေကွက်အသစ်ရိုက်ခြင်းများကို ဆိုင်းငံ့ထား‌စေရန် စတင် ‌ဆောင် ရွက်‌ပေး‌နေပြီးဖြစ်‌ကြောင်း ပြည်နယ်အစိုးရရုံး တာဝန်ရှိသူများက ‌မြေယာအဓမ္မသိမ်းဆည်းမှု ကာကွယ်‌ရေးအဖွဲ့သို့ အာမခံကာ ‌ပြောဆိုလိုက်သည်။

သို့‌သော် ယခုလဆန်းပိုင်းတွင် လက်နက်ကိုင်အဖွဲ့တခု၏ ဗိုလ်မှူးအဆင့်ရှိသူက ‌မြေယာကိစ္စ ဝင်‌ရောက်လုပ်‌ဆောင်ခြင်းမပြုရန် ‌မြေယာအဓမ္မသိမ်းဆည်းမှု ကာကွယ်‌ရေးအဖွဲ့‌ခေါင်း‌ဆောင်တစ်ဦးကို တားမြစ်ခဲ့သည်ဟု မျက်မြင်သက်‌သေ ရွာသားတစ်ဦးက ‌ပြောသည်။

“ပြီးခဲ့တဲ့ ဩဂုတ်လ ပထမပတ်က ‌မြေယာအဓမ္မ သိမ်းဆည်းမှုကာကွယ်‌ရေးအဖွဲ့က ‌ခေါင်း‌ဆောင်တစ်ဦးဖြစ်တဲ့ ‌ကျောင်းဆရာ တစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဗိုလ်မှူးအဆင့်ရှိတဲ့ သူက ဒါ‌တွေ မလုပ်ဖို့လာပြီး တားမြစ်တာ ‌တွေ့လိုက်‌သေးတယ်”ဟု ဆိုသည်။

၂၀၁၃ခုနှစ်၊ ဇူလှိုင်လတွင် စတင် ဖွဲ့စည်းခဲ့‌သော ‌မြေယာအဓမ္မသိမ်းဆည်းမှုကာကွယ်‌ရေးအဖွဲ့သည် ကယားပြည်နယ်အတွင်းရှိ ‌မြေယာပြဿနာများကို ‌အေးချမ်းစွာ ‌ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ဒူထူငံသ၊ မိုင်းလုံး၊ နမ့်‌ဘော်ဝမ်ရှိ ‌မြေယာပြဿနာများကို ယခု ပထမဆုံးအကြိမ် ကိုင်တွယ်‌ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။