Home သတင်း ဘုရားသုံးဆူမြို့တွင် အချင်းချင်း ခိုက်ရန်ဖြစ်ပွား၍ တစ်ဦး‌သေ၊ တစ်ဦးဒဏ်ရာရ

ဘုရားသုံးဆူမြို့တွင် အချင်းချင်း ခိုက်ရန်ဖြစ်ပွား၍ တစ်ဦး‌သေ၊ တစ်ဦးဒဏ်ရာရ

1575
ဩဂုတ်လ ၇ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် အမှတ်(၄)ရပ်ကွက်အတွင်းရှိ အလုပ်သမားများ‌နေထိုင်ရာ ကိုစိန်တင့်တန်းလျားတွင် ဩ ဂုတ်လ ၆ရက်‌နေ့က သူငယ်ချင်း ၄ဦး အချင်းချင်း စကားများပြီး ခိုက်ရန်ဖြစ်ပွားခဲ့ရာ တစ်ဦး ‌သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိသွား ‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ဖြစ်ပွားပုံမှာ ယမန်‌နေ့ည ၉နာရီခွဲအချိန်တွင် အဆိုပါရပ်ကွက်အတွင်း ‌နေထိုင်သူများဖြစ်သည့် ကို‌ကျော်မင်းထွန်း၊ ကိုတင်မြင့်၊ ကို‌ဌေးဝင်း(‌ခေါ်) ကိုဝတုတ်နှင့် ကိုရဲတို့ ‌လေးဦးသည် အရက်အတူ‌သောက်ပြီး အ‌ချေအတင် စကားများရင်း လက်လွန်သွားရာမှ ကို‌ကျော်မင်းထွန်း ‌သေဆုံးကာ ကိုတင်မြင့်မှာ ဒဏ်ရာရရှိသွား‌ကြောင်း အမည်မ‌ဖော်လိုသူ မြို့ခံတစ်ဦးက ‌ပြောသည်။

“သူတို့‌လေး‌ယောက်က အရင်ကတည်းက စကားများပြီး ရန်ဖြစ်‌နေကျဆို‌တော့ သတိမထားမိလိုက်ဘူး။ အထိုးခံရတဲ့ နှစ် ‌ယောက်ဟာ ဝမ်းဗိုက်မှာ တစ်ချက်ချင်းစီပါ။ အ‌မှောင်ထဲမှာဆို‌တော့ ဘာနဲ့ အထိုးခံရ‌တောင် မသိဘူး။ ဓါးနဲ့ဖြစ်ဖို့‌တော့ များပါ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ပွားပြီး‌နောက် ၎င်းတို့နှစ်ဦးအား ထိုးသတ်သွားသူဟု ယူဆရ‌သော အသက် ၃၅နှစ်အရွယ် ကို‌ဌေးဝင်းမှာ ညတွင်းချင်းပင် ထွက်‌ပြေးတိမ်း‌ရှောင်သွားသဖြင့် အမှုမှန်‌ပေါ်‌ပေါက်‌ရေးအတွက် သက်ဆိုင်ရာက အပူတပြင်း လိုက်လံစုံစမ်း ‌ဖော်ထုတ်လျက်ရှိသည်ဟု သိရသည်။

“တရားခံလို့ ယူဆရတဲ့သူက ဘယ်လိုအရာဝတ္တုနဲ့ ကျုးလွန်သလဲဆိုတာ စစ်‌ဆေး‌နေတုန်းပါပဲ။ အထိုးခံရတဲ့သူ ဝမ်းဗိုက်ကိုကြည့် ရတာ ချွန်ထက်ပြီး အသွားထက်တဲ့အရာနဲ့ အထိုးခံရတာ ဖြစ်တာ‌တော့ ‌သေချာတယ်”ဟု မှုခင်းကိစ္စ ‌ဆောင်ရွက်သူများနှင့် နီးစပ်သူတစ်ဦးက ‌ကေအိုင်စီသို့ ရှင်းပြသည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားပြီးပြီးချင်းတွင် အထိုးခံရသူနှစ်ဦးကို ထိုင်းနိုင်ငံဘက်ခြမ်း ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့ရှိ ဝင်းက‌ဆေးရုံ သို့ ပို့‌ဆောင်ထားကာ ကို‌ကျော်မင်းထွန်းမှာ ဒဏ်ရာပြင်းထန်မှု‌ကြောင့် ၎င်း‌ဆေးရုံတွင်ပင် ယမန်‌နေ့က ‌သေဆုံးသွားခဲ့သည်။

ဘုရားသုံးဆူမြို့နယ်တွင် ‌လောင်းကစားမှုများနှင့် မူးယစ်‌ဆေးဝါး ပြဿနာများ မကြာခဏ ဖြစ်ပွား‌နေပြီး ယခုလို ဖြစ်ပွား‌နေ‌သော ရာဇဝတ်မှုအများစုမှာ မူးယစ်‌ဆေးဝါး‌ကြောင့်ဖြစ်သည်ဟု မြို့တွင်းအ‌ခြေအ‌နေများကို ‌လေ့လာ‌နေသူ မြို့မိမြို့ဖတစ်ဦးက ယခုလို သုံးသပ်‌ပြောဆိုလိုက်သည်။

“အခု ဒီမှာက ဘယ်‌နေရာကြည့်ကြည့် တစ်ခုခုဖြစ်လိုက်ပြီဆိုရင် ‌ဆေးနဲ့ကို မကင်းကြဘူး။ အခုဆို ကိုးတန်း ဆယ်တန်း‌ကျောင်း သားအရွယ်‌လေး‌တွေ‌တောင် သုံးလာတာ များတယ်။ ‌နောက်ပြီး ‌ပေါ်‌ပေါ်ထင်ထင် ‌ရောင်းလို့ရတဲ့ ကုန်တစ်မျိုးလိုဖြစ်‌နေပြီ။ ဌာန ဆိုင်ရာ‌တွေကလည်း ဘာမှ ထိ‌ရောက်‌အောင် မလုပ်ကြဘူး”ဟု သူက ‌ပြောသည်။

ထိုသို့ မူးယစ်‌ဆေးဝါးနှင့် ‌လောင်းကစားမှုများကို အစိုးရမှ ‌သေ‌သေချာချာ နှိမ်နင်းကာ အ‌ရေးယူ‌ဆောင်ရွက်မှုများ ပြုလုပ်‌ပေးရန် ‌ဒေသခံများက လိုလား‌နေကြပြီး ရာဇဝတ်မှုများ ထပ်မံ တိုးပွားလာမည်ကိုလည်း ‌ဒေသခံများက စိုးရိမ်‌နေကြသည်။