Home သတင်း ဒီ‌ကေဘီ‌အေနှင့် ရဲတပ်ဖွဲ့ဝင် အကြား တင်းမာမှုဖြစ်ပွား

ဒီ‌ကေဘီ‌အေနှင့် ရဲတပ်ဖွဲ့ဝင် အကြား တင်းမာမှုဖြစ်ပွား

1493
ဩဂုတ်လ ၁၄ ရက်၊ ၂၀၁၃ခုနှစ်။ ‌တော်ဝင်ပန်း (‌ကေအိုင်စီ)

ကရင်ပြည်နယ်အတွင်းရှိ ‌ကော့ကရိတ်မြို့တွင် ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် (ဒီ‌ကေဘီ‌အေ)မှ ဖွင့်လှစ် ထားသည့် အ‌ကြွေ‌စေ့ထည့်၍ ကစားရ‌သော ဂိမ်းပစ္စည်းများကို ‌ကော့ကရိတ် ရဲတပ်ဖွဲ့များက သွား‌ရောက်သိမ်း ဆည်းလိုက်‌သော‌ကြောင့် ယမန်‌နေ့က နှစ်ဖက်အကြား တင်းမာမှုများဖြစ်ပွားခဲ့ရသည်ဟု သိရသည်။

‌ကော့ကရိတ်ရဲတပ်ဖွဲ့ဝင်က ဩဂုတ်လ ၁၁ ရက်‌နေ့၌ ယင်းဂိမ်းပစ္စည်းများကို သွား‌ရောက်သိမ်းဆည်းခဲ့ပြီး‌နောက် ပစ္စည်းများကို ပြန်‌တောင်းရန် ယမန်‌နေ့ ဩဂုတ်လ ၁၂ ရက်‌နေ့တွင် ဒီ‌ကေဘီ‌အေ ကလိုထူးလားတပ်မဟာ လက်‌အောက်ခံတပ်ဖွဲ့ဝင်မှ ‌ကော့ကရိတ်ရဲစခန်းသို့ ‌မော်‌တော်ကား ၄ စီးဖြင့် သွား‌ရောက်ခဲ့သည့်အခါ ပြန်မ‌ပေး သည့်အတွက် ထိုသို့ နှစ်ဖက်အကြား တင်းမာမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒီ‌ကေဘီ‌အေ၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်မှူး‌မောင်‌လေးက “‌ကော့ကရိတ်မြို့မှာ က‌လေး‌တွေ ကစားဖို့ အ‌ကြွေ‌စေ့ ကစားတဲ့ ဂိမ်းဆိုင်တစ်ဆိုင်ကို ကျ‌နော်တို့အမည်နဲ့ ဖွင့်ထားတာ ရှိတယ်။ အဲဒီ ပစ္စည်း‌တွေကို ‌ကော့ကရိတ်ရဲ ‌တွေက လာသိမ်းသွားခဲ့တယ်။ ကျ‌နော်တို့လူ‌တွေ ပြန်‌တောင်း‌တော့ ပဋိပက္ခအနည်းငယ် ဖြစ်ပွားခဲ့တယ်”ဟု ယ‌နေ့တွင် ‌ပြောကြားခဲ့သည်။

‌ကော့ကရိတ်မြို့တွင် ထားရှိသည့် အဆိုပါဂိမ်းဆိုင်သည် က‌လေးများအတွက် ထားရှိခြင်းသာဖြစ်‌သော်လည်း ‌နောက်ပိုင်းတွင် လူကြီးများပါ လာ‌ရောက်ကစားလာပြီး‌နောက် ရဲများက သွား‌ရောက်သိမ်းဆည်းခဲ့ခြင်းဖြစ်သည် ဟုလည်း ဗိုလ်မှူး‌မောင်‌လေးက ဆက်‌ပြောသည်။

အဆိုပါ ဂိမ်းအမျိုးအစားသည် မိမိရလိုသည့် နာရီ၊ အရုပ်နှင့် က‌လေးကစားစရာပစ္စည်းများကို ကြို‌ပြောထား၍ ပိုက်ဆံအ‌ကြွေ‌စေ့ထည့်ပြီး ခလုတ်နှိပ်လိုက်သည့်အခါ ‌ပြောထားသည့်ပစ္စည်းအတိုင်း ကျလာပါက ပိုင်ဆိုင်ခွင့်ရ ‌ကြောင်းနှင့် နာရီမှာ တန်ဖိုးအကြီးဆုံး ပစ္စည်းဖြစ်‌ကြောင်း သိရသည်။

ကရင်ပြည်နယ်ပြန်ကြား‌ရေးနှင့် ဆက်သွယ်‌ရေးအရာရှိဖြစ်သူ ဦးတင်‌မောင်‌အေးက “ဒါလည်း ‌လောင်းကစား ပစ္စည်းဖြစ်လို့ တရား ဥပ‌ဒေအရ ဖမ်းတာပါ။ ပြန်‌ပေးဖို ထုံစံ မရှိဘူး‌လေ။ နှစ်ဖက် ‌ပြေ‌ပြေလည်လည် ‌ဆွေး‌နွေး လိုက်‌တော့ ‌ပြေလည်သွားပြီး ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောကြားသည်။

သို့‌သော် အမည်မ‌ဖော်လိုသူ ‌ကော့ကရိတ်မြို့ခံ တစ်ဦးက ‌ကော့ကရိတ်မြို့နယ်အတွင်းတွင် ယခုလို ဖွင့်လှစ် ထားသည့် ဂိမ်းမျိုးကို ဖမ်းဆီးခြင်းထက်ပို၍ ဆိုး‌သော ချဲ နှစ်လုံးထီ၊ သုံးလုံးထီ ‌လောင်းကစား‌နေသူများအား ဖမ်းဆီးသင့်‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “တကယ်ဆိုရင် ဒီဂိမ်းကစားခြင်းဟာ နိုင်ငံတကာမှာ ခွင့်ပြုထားတယ်။ ကျ‌နော်တို့နိုင်ငံမှာ ‌လောင်းကစား လို့သတ်မှတ်တယ်။ ဥပမာ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ဒီဂိမ်းဟာ တရားဝင် ခွင့်ပြုထားတယ်။ ‌နောက် ဒီဂိမ်း‌တွေ မြဝတီမှာလည်း ရှိတယ်။ ဘာဖြစ်လို့ မဖမ်းလဲ”ဟု ‌ပြောဆိုသည်။

မြန်မာအစိုးရအ‌နေဖြင့် ‌လောင်းကစားဟု သတ်မှတ်မည်ဆိုပါက မည့်သည့် ကစားနည်းအမျိုးအစားအပါအဝင် ‌ငွေ‌ကြေးပမာဏ အတိုင်းအတာရှိလျှင် ‌လောင်းကစားဥပ‌ဒေအရ ဖမ်းဆီးနိုင်‌ကြောင်း ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားသင့်သည်ဟု သူက ဖြည့်စွက်‌ပြောဆိုသည်။

‌ကော့ကရိတ်မြို့တွင် ဒီ‌ကေဘီ‌အေ ဖွင့်လှစ်ထားသည့် ‌ကော့ကရိတ် ဂိမ်းဆိုင်ကို နှစ်ဖက်အကြား တင်းမာမှုဖြစ် ပွားပြီး‌နောက် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များသည် ယမန်‌နေ့ မွန်လွဲပိုင်းအချိန်တွင် ‌ကော့ကရိတ်ရဲစခန်းမှ ပြန်လည် ဆုတ်ခွာ‌ပေးခဲ့‌ကြောင်း သိရသည်။