Home သတင်း ဆီးဂိမ်းဖွင့်ပွဲတွင် ခြင်းလုံး သရုပ်ပြ‌ဖျော်‌ဖြေရန် ဖားအံမြို့ရှိ အမွှာညီအစ်ကို ၂ဦး ‌ရွေးချယ်ခံရ

ဆီးဂိမ်းဖွင့်ပွဲတွင် ခြင်းလုံး သရုပ်ပြ‌ဖျော်‌ဖြေရန် ဖားအံမြို့ရှိ အမွှာညီအစ်ကို ၂ဦး ‌ရွေးချယ်ခံရ

2473
ဩဂုတ်လ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ)

DSC02870img‌နေပြည်‌တော်၌ ပြုလုပ်မည့် ၂၇ကြိမ်‌မြောက် အ‌ရှေ့‌တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း) ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ့ရိုးရာ ခြင်းလုံးအလှ သရုပ်ပြ ‌ဖျော်‌ဖြေတင်ဆက်ရန်အတွက် ကရင်ပြည်နယ် ဖားအံမြို့ရှိ အမွှာညီအစ်ကို က‌လေးငယ် ၂ဦးကို မြန်မာ နိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်က ‌ရွေးချယ်လိုက်သည်ဟု သိရသည်။

ဖားအံမြို့၊ အမှတ်(၂)ရပ်ကွက် ‌မြေတံတားလမ်းတွင် ‌နေထိုင်‌သော အသက် ၁၁နှစ်အရွယ် ‌ဇေကိုကိုရှိုင်းနှင့် ‌ဇေညီညီရှိုင်းတို့ အမွှာညီအစ်ကိုနှစ်ဦးကို ဇူလိုင် ၂ဝရက်‌နေ့က ‌ရွေးချယ်လိုက်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၏ ခြင်းလုံးနည်းပြဆရာ ဦးလှ‌ဌေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဦးလှ‌ဌေးက “ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားမှာ ထည့်သွင်းမယ့် ‌ဖျော်‌ဖြေတင်ဆက်မှု‌တွေထဲမှာ မြန်မာ့ရိုးရာ ခြင်းလုံးအလှသရုပ်ပြ ကွက်ဟာ တစ်ခုအပါအဝင်ပါ။ ဒါကို ဘယ်က‌လေးက ကစားနိုင်မလဲ၊ ‌လေ့လာတဲ့အခါ ဒီက‌လေး‌တွေကို ‌တွေ့တယ်။ ဒီလို သူတို့ နှစ်‌ယောက်ကို ‌ရွေးရတာဟာလည်း သူတို့ဟာ ခြင်းလုံးကို ‌ခြေက မကျစတမ်း အကြိမ်တစ်‌သောင်းမက ကစားနိုင်သူ‌တွေ ဖြစ် တယ်”ဟု ‌ပြောဆိုသည်။

ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားအတွက် ပါဝင်‌ဖျော်‌ဖြေရန် ‌ရွေးချယ်ခံရခြင်းနှင့် ပတ်သက်၍ ‌ဇေကိုကိုရှိုင်းက “‌ရွေးချယ်ခံရတာ စပြီး ကြား‌တော့ ‌ပျော်သွားတာပဲ။ ‌နေပြည်‌တော်အထိ သွားရမယ်။ ဆီးဂိမ်းဖွင့်ပွဲဆို‌တော့ သွားရမှာကို တခါမှ မ‌မျှော်လင့်မိဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖွင့်ပွဲအခမ်းအနား၌ ‌ဖျော်‌ဖြေမှုတင်ဆက်သည့်အခါ ခြင်းလုံးကစားမည့် က‌လေးများသည် တန်းစီ၍ ကွင်းထဲသို့ မဆင်းမီ မြန်မာ့ ခြင်းလုံးဟု ‌ကြွေး‌ကြော်ပြီး မြန်မာ့ရိုးရာတီးလုံးဖြင့် ခြင်းလုံးကို ဟန်ချက်ညီညီ အလှသရုပ်ပြ ကစားသွားကြရမည်ဟု ခြင်းလုံး နည်းပြဆရာ ဦးလှ‌ဌေးက ‌ပြောသည်။

မြန်မာနိုင်ငံ၌ ကျင်းပမည့် ၂၇ကြိမ်‌မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၃၃မျိုးဖြင့် ပြိုင်ပွဲဝင်ရန် လက်ရှိစာရင်း‌ပေးထား ချက်အရ မြန်မာ အပါအဝင် အာဆီယံ ၁ဝနိုင်ငံနှင့် အ‌ရှေ့တီ‌မောနိုင်ငံမှ ကစားသမား‌ပေါင်း ၅,၇၂၇ဦး ယှဉ်ပြိုင်မည်ဖြစ်‌သော် လည်း မြန်မာ့ခြင်းလုံးအားကစားနည်းမှာ သရုပ်ပြအဖြစ်သာ ပါဝင်မည်ဖြစ်‌ကြောင်း သိရသည်။

ဆီးဂိမ်းအားကစားပြိုင်ပွဲကို ယခုနှစ် ဒီဇင်ဘာလ ၁၁ရက်မှ ၂၂ရက်‌နေ့အထိ ‌နေပြည်‌တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်မှ အမျိုးသား ၁၆၂ဦးနှင့် အမျိုးသမီး ၆ဝဦး၊ စုစု‌ပေါင်း ၂၂၂ဦးဖြင့် ပါဝင်‌ဖျော်‌ဖြေတင်ဆက်သွားမည် ဟု အဆိုပါခြင်းလုံးနည်းပြဆရာက ဖြည့်စွက်‌ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဆီးဂိမ်းအားကစားပြိုင်ပွဲကို ၁၉၆၁ခုနှစ်က ပထမအကြိမ်၊ ၁၉၆၉ခုနှစ်က ဒုတိယအကြိမ် ကျင်းပခွင့်ရခဲ့ပြီး‌နောက် ယခု ၄၄နှစ်အကြာမှသာ တတိယအကြိမ်‌မြောက် ဆက်လက် ကျင်းပခြင်း ဖြစ်သည်။