Home သတင်း ကရင်ပြည်နယ်ရှိ ‌ရေ‌ဘေး ဒဏ်ခံစားရသူများကို ကူညီရန် EART အဖွဲ့ စီစဉ်

ကရင်ပြည်နယ်ရှိ ‌ရေ‌ဘေး ဒဏ်ခံစားရသူများကို ကူညီရန် EART အဖွဲ့ စီစဉ်

2241
ဩဂုတ်လ ၁၅ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

Pa'anကရင်ပြည်နယ်အတွင်းရှိ ‌ရေ‌ဘေးဒဏ်ခံစားခဲ့ရ‌သော အချို့‌နေရာများတွင် အ‌ရေး‌ပေါ်အကူအညီများ လိုအပ်‌နေ သည့်အ‌ပေါ် အကူညီများ‌ပေးနိုင်ရန် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ကရင်လူထု အဖွဲ့အစည်းများဖြင့် ဖွဲ့စည်း ထားသည့် Emergency Assistance and Relief Team (EART)က စီစဉ်‌ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ အကူအညီ‌ပေးရာ၌ EART အဖွဲ့ဝင်များဖြစ်သည့် မယ်‌တော်‌ဆေးခန်း(MTC)အပါအဝင် KDHW, BMA, BPHWT, KWO စသည့် ကရင်လူမှုအဖွဲ့အစည်းများက ကရင်ပြည်နယ်ရှိ မည်သည့်‌နေရာများတွင် ကူညီလုပ် ‌ဆောင်သွားမည်ကို သတင်းအချက်များစု‌ဆောင်း‌နေဆဲဖြစ် ‌ကြောင်း မယ်‌တော်‌ဆေးခန်းတာဝန်ခံ ‌ဒေါက်တာစင် သီယာ‌မောင်က ‌ပြောသည်။

“ကရင်ပြည်နယ်ရဲ့ ‌ရေ‌ဘေးသင့်‌နေရာ‌တွေမှာ အ‌ရေး‌ပေါ်လိုအပ်‌နေတဲ့ ကျန်းမာ‌ရေးနဲ့ စားနပ်ရိက္ခာအကူအညီ ‌ပေးနိုင်ဖို့ ကျမတို့ အခုလို စီစဉ်တာ ဖြစ်ပါတယ်။ လက်ရှိ ရရှိလာတဲ့သတင်းအချက်အလက်အ‌ပေါ် မှုတည်ပြီး အမြန်ဆုံး လုပ်‌ဆောင်သွားမယ်”ဟု ‌ဒေါက်တာစင်သီယာ‌မောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်ရှိ ဇူလိုင်လအတွင်း ဖားအံ၊ ‌ကော့ကရိတ်၊ မြဝတီ၊ လှိုင်းဘွဲနှင့် ကြာအင်းဆိပ်ကြီး စသည့်မြို့နယ် များတွင် ဖြစ်ပွားခဲ့‌သော ‌ရေကြီးမှုများ‌ကြောင့် လူအ‌သေအ‌ပျောက်များရှိခဲ့သလို လူ‌ပေါင်း‌သောင်းနှင့် ချီကာ‌ရေး ‌ဘေးဒဏ်ဆိုးဆိုးရွားရွားခံစားခဲ့ရပြီး စားနပ်ရိက္ခာခက်ခဲမှု၊ ‌နေအိမ်များပျက်စီးဆုံးရှုံးမှုနှင့် လယ်ယာ‌မြေများ ‌ရေလွှမ်းမိုးမှုများရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိသတင်းအချက်အလက် စု‌ဆောင်းခြင်းနှင့် စားနပ်ရိက္ခာအကူအညီများအတွက် KDHW နှင့် CIDKP အဖွဲ့ တို့မှ အကူအညီ‌ပေးရန် သ‌ဘောထားရှိပြီး ကျန်းမာ‌ရေးအကူအညီများကို ပြည်တွင်းရှိ ကျန်းမာ‌ရေးဌာနအဖွဲ့အ စည်းများနှင့် ချိတ်ဆက်၍ လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ‌ဒေါက်တာစင်သီယာ‌မောင်က ဆက်‌ပြောသည်။

‌ကော်သူ‌လေ ကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဌာန(KDHW) အတွင်း‌ရေးမှူးဖြစ်သူ ‌စောလားဆဲက “‌လော‌လော ဆယ် အ‌ရေးတကြီးလိုအပ်‌နေတယ်လို့ သိထားရတဲ့ ဖာအံခရိုင်၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ‌တွေမှာ ကူညီဖို့ လျာထားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

(ဇူလိုင်လအတွင်းက ဖားအံမြို့တွင် ‌ရေကြီးမှုဖြစ်ပွားစဉ်)
(ဇူလိုင်လအတွင်းက ဖားအံမြို့တွင် ‌ရေကြီးမှုဖြစ်ပွားစဉ်)

ကရင်ပြည်နယ်အတွင်းရှိ ဆက်သွယ်သွားလာရခက်ခဲပြီး ‌ရေ‌ဘေးဒဏ်‌ကြောင့် အ‌ရေး‌ပေါ် အကူအညီလိုအပ် ‌သော‌နေရာများမှာ ဆန်နှင့် အခြား‌သော အသုံးအ‌ဆောင်ပစ္စည်းများလိုအပ်လျက်ရှိ‌ကြောင်း ဇူလိုင်လ ၉ ရက်‌နေ့၌ EART မှ ‌ကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်သည်။

‌ရေ‌ဘေးဒဏ်ခံရသူများကို ကူညီမည့် EART အဖွဲ့ကို ၂၀၀၈ ခုနှစ်တွင် Emergency Assistance Team (EAT) အဖြစ်လည်း‌ကောင်း၊ ၂၀၁ဝခုနှစ်တွင် Emergency Relief Team (EART)အဖြစ်လည်း‌ကောင်း ရပ်တည်ခဲ့ပြီး ‌နောက် ၂၀၁၁ ခုနှစ်မှစ၍ EART အဖြစ်‌ပြောင်းလဲဖွဲ့စည်းကာ ယခုအချိန်ထိ ဖြစ်သည်။