Home သတင်း UNFC နှင့် UPWC နည်းပညာ အ‌ထောက်အကူပြုအဖွဲ့တို့ အကြိုညှိနှိုင်း ‌ဆွေး‌နွေးမည်

UNFC နှင့် UPWC နည်းပညာ အ‌ထောက်အကူပြုအဖွဲ့တို့ အကြိုညှိနှိုင်း ‌ဆွေး‌နွေးမည်

2149
ဇူလိုင်လ ၁ဝရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

UNFC logoနိုင်ငံ‌ရေးဆိုင်ရာ ညှိနှိုင်း‌ဆောင်ရွက်နိုင်ရန်အတွက် UNFC ၏ နည်းပညာအ‌ထောက်အကူပြုအဖွဲ့နှင့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီ၏ Union Peacemaking Working Committee (UPWC) နည်းပညာအ‌ထောက်အကူပြုအ ဖွဲ့တို့ ဇူလိုင်လ ၁၃ရက်‌နေ့တွင် အကြိုညှိနှိုင်း‌ဆွေး‌နွေးပွဲတစ်ရပ် ပြုလုပ်မည်ဟု UNFC က ယမန်‌နေ့က သတင်းထုတ်ပြန်လိုက် သည်။

ထိုသို့အကြို‌ဆွေး‌နွေးရာ၌ UNFC မှ ချမှတ်ထား‌သော ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု လမ်းပြ‌မြေပုံနှင့် ‌ဆွေး‌နွေးမှုတွင် ကြားဝင်‌ဆောင် ရွက်‌ပေးမည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကိစ္စတို့ကို အဓိကထား ‌ဆွေး‌နွေးသွားမည်ဟု ဇူလိုင်လ ၉ရက်‌နေ့က UNFC ၏ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ‌ဆွေး‌နွေးပွဲကို ထိုင်း- မြန်မာနယ်စပ်တစ်‌နေရာတွင် ပြုလုပ်သွားမည်ဖြစ်ပြီး KNU မှ ပဒိုမန်းမန်းမန်းက ဦး‌ဆောင်သည့် ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ UNFC ၏ နည်းပညာအ‌ထောက်အကူပြုအဖွဲ့ဝင် ၇ဦးနှင့် UPWC မှ ဦးလှ‌မောင်‌ရွှေ ဦး‌ဆောင်‌သော ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီ၏ အဖွဲ့ဝင် ၆ဦးတို့ ပါဝင်‌ဆွေး‌နွေး ကြမည်ဟု သိရသည်။

‌ဆွေး‌နွေးမည့်အ‌ကြောင်းအရာများနှင့် ပတ်သက်၍ ပဒိုမန်းမန်းက “ကျ‌နော်တို့ အခု လမ်းပြ‌မြေပုံနဲ့ပတ်သက်ပြီး အ‌သေးစိတ် မ‌ဆွေး‌နွေးနိုင်‌သေးပါဘူး။ ‌ဆွေး‌နွေးမှာက ကြားဝင်‌ဆောင်ရွက်‌ပေးမယ့် နိုင်ငံတကာက ကိစ္စ၊ ပြီး‌တော့ နိုင်ငံတကာက နိုင်ငံ‌ရေး အရ အစဉ်အလာရှိတဲ့ အထင်ကရ ပုဂ္ဂိုလ်‌တွေလည်း ပါဝင်‌စေချင်တယ်။ ပြည်တွင်းမှာဆိုလည်း တိုင်းရင်းသားပါတီ‌တွေထဲက ‌ပေါ့။ အဲဒါကိုပဲ အ‌သေးစိတ် ‌ဆွေး‌နွေးဖြစ်မှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၂ခုနှစ်၊ စက်တင်ဘာလက UNFC မှ ချမှတ်ထား‌သော လမ်းပြ‌မြေပုံ ၆ချက်ရှိပြီး ၎င်းတို့မှာ တိုင်းရင်းသား‌တော်လှန်‌ရေး အင် အားစုများနှင့် အခြားလူမှုအဖွဲ့အစည်းများထံမှ အကြံဉာဏ်ရယူခြင်း၊ ‌တွေ့ဆုံညှိနှိုင်းမည့် ‌နေရာသတ်မှတ်ခြင်း၊ ရရှိလာ‌သော အချက်အလက်များကို လူထုထံ ပြန်လည်ရှင်းပြအသိ‌ပေး‌ရေးတို့အပြင် ပြည်တွင်းရှိ ပါတီအဖွဲ့အစည်းများနှင့်စုဖွဲ့ပြီး ပင်လုံကဲ့သို့ ‌သော တိုင်းရင်းသားညီလာခံတစ်ရပ် ကျင်းပနိုင်‌ရေး၊ အားလုံးက သ‌ဘောတူလက်ခံသည့် ပြည်‌ထောင်စု သ‌ဘောတူညီချက်တစ် ခုရရှိ‌ရေးနှင့် ရရှိလာ‌သော သ‌ဘောတူညီချက်များကို ‌သေချာတိကျစွာ လိုက်နာ‌ဆောင်ရွက်သွား‌ရေး စသည်တို့ဖြစ်သည်။

UNFC ၏ သ‌ဘောထားအရ တစ်ပြည်လုံးအတိုင်းအတာဖြင့် အားလုံးပါဝင်‌သော တိုင်းရင်းသားညီလာခံတစ်ရပ် ပြုလုပ်နိုင်ရန်အ ထိ ရည်ရွယ်ထားပြီး ထိုသို့ကျင်းပနိုင်‌ရေးမှာ ‌ရှေ့ဆက်ပြုလုပ်သွားမည့် ‌ဆွေး‌နွေးမှု ရလဒ်အ‌ပေါ်တွင် မှုတည်သည်ဟု UNFC ၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး နိုင်ဟံသာက ‌ပြောသည်။

UNFC ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၁)ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး အစိုးရနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ အမြန်ဆုံးကျင်းပနိုင် ရန်နှင့် ထိုသို့‌ဆွေး‌နွေးရာတွင် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုဆိုင်ရာ ပုံစံများနှင့်ပတ်သက်၍ ‌ရှေ့ဆက် လုပ်‌ဆောင်နိုင်ရန်အတွက် နည်းပညာအ‌ထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းကာ အဆင့်ဆင့် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းလည်း သိရသည်။