Home သတင်း ‌ရေကြီးမှု‌ကြောင့် ဘီးလင်း မြို့‌ဒေသခံ ၂၀၀ဝ ‌ကျော် စား‌သောက်‌ရေး အခက်အခဲ ရင်ဆိုင်‌နေရ

‌ရေကြီးမှု‌ကြောင့် ဘီးလင်း မြို့‌ဒေသခံ ၂၀၀ဝ ‌ကျော် စား‌သောက်‌ရေး အခက်အခဲ ရင်ဆိုင်‌နေရ

1662
ဇူလိုင်လ ၃ဝ ရက်၊ ၂၀၁၃ခုနှစ်။ ‌စော‌သောကြာ (‌ကေအိုင်စီ)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဘီလင်းမြို့တွင် သုံးရက်ဆက်တိုက် မိုးရွာသွန်း‌နေမှု‌ကြောင့် ဘီးလင်းတံတား နှင့် ကန်သာယာ ရပ်ကွက် တို့တွင် ‌ရေများ လူ‌နေအိမ်အထိ မြှင့်တက်‌နေ သဖြင့် မြို့‌ဒေသခံ ၂,၀၀ဝ ‌ကျော် ‌ရေ‌ဘေး ဒုက္ခကြုံ‌နေရသလို စား‌သောက်‌ရေး အခက်အခဲလည်း ကြုံ‌နေရသည်ဟု သိရသည်။

ယင်းသို့ ‌ရေ‌ဘေးဒုက္ခကြုံ‌နေရသူများသည်များအတွက် သက်ဆိုင်ရာ အာဏာပိုင်များက ဘီလင်းမြို့ အနီး တဝိုက်ရှိ ကုန်းမြင့်‌နေရာ များတွင် ကယ်ဆယ်‌ရေးစခန်း (၁၇)ခု ဖွင့်လှစ်‌ပေးထား‌ကြောင်း ‌ရေ‌ဘေးဒုက္ခသည် များကို ယ‌နေ့ ဇူလိုင်လ ၃ဝရက်‌နေ့တွင် စား‌သောက်‌ရေးအကူအညီလိုက်‌ပေး‌နေသည့် ဘီးလင်းမြို့နယ်၊ အမျိုးသားဒီမိုက‌ရေစီ(NLD) ဥက္ကဌ ကို‌ကျော်မျိုးမင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ဒေသခံပြည်သူများ ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်းသို့ ‌ရောက်ရှိ‌နေကြ‌ပေမယ့် စား‌သောက်‌ရေး အခက်အခဲ ရှိ‌နေတာ‌ကြောင့် ကျ‌နော်တို့က မ‌နေ့ကစပြီး စက်‌လှေ ၃စီးနဲ့ ကယ်ဆယ်လိုက်လုပ်တယ်။ ‌ရေ‌ဘေးကြုံ‌နေရ သူ‌တွေကို ကျ‌နော်တို့ ‌ရေသန့်‌တွေ ‌ပေးတယ်။ သုံး‌ရေ‌တွေလည်း ‌ပေးတယ်။ ထမင်းထုပ်‌တွေလည်း ‌ဝေတယ်‌ပေါ့”ဟု ကို‌ကျော်မျိုးမင်းက ‌ပြောဆိုသည်။

ဆက်လက်၍ ကို‌ကျော်မျိုးမင်းက ဘီးလင်းမြို့ရှိ အစိုးရ ဖွံ့ဖြိုး‌ရေးအဖွဲ့မှလည်း ‌ရေ‌ဘေးဒုက္ခသည်များကို အရွယ်အပိုင်းအခြားခွဲကာ လူကြီးများကို ဆန်တစ်ဗူး၊ လူငယ်များကို စာဗူးဝက် စသဖြင့် လိုက်လံကူညီမှုများ ရှိသည်ဟု ဆိုသည်။

လက်ရှိအ‌ခြေအ‌နေတွင် ‌ရေ‌ဘေးဒုက္ခသည်များအတွက် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု‌ပေးနိုင်ရန် မြို့နယ်အစီ အစဉ်ဖြင့် ကယ်ဆယ် ‌ရေးစခန်း ၃ခုလျှင် သူနာပြုဆရာမတစ်‌ယောက်နှုန်းဖြင့် ချထား‌ပေးလျှက်ရှိ‌ကြောင်း လည်း သိရသည်။

ကန်သာယာ ရပ်ကွက်(၈)မှ ‌ရေ‌ဘေးဒုက္ခသည်တစ်ဦးဖြစ်သူ ‌ဒေါ်ခင်သန်းက “ဒီကို‌ရောက်လာတာက နှစ်ရက်ရှိပြီး‌ပေါ့။ စား‌သောက် ‌ရေးကလွဲရင် ကျန်တဲ့ ‌နေ‌ရေး၊ ထိုင်‌ရေးက‌တော့ အဆင်‌ပြေပါတယ်။ ကျန်းမာ ‌ရေးပိုင်းဆိုလည်း ဆရာမ‌တွေက ကူညီတယ်။ အခက် အခဲက‌တော့ မရှိပါဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘီးလင်းမြို့တွင် မိုးရာသီအတွင်း၌ နှစ်စဉ်နှစ်တိုင်း ‌ရေကြီးမှုဖြစ်‌သော်လည်း ယခုနှစ် ‌ရေမြှင့်တက်မှုသည် ယခင်နှစ်များထက် ပို၍ ‌ရေကြီး‌နေပြီး ‌ဒေသခံများက လက်ရှိ ယခု‌ရေကြီးမှုထက် အ‌ခြေအ‌နေများ ဆိုးရွားလာမည်ကို စိုးရိမ်‌နေကြသည်။