Home သတင်း အာရှအဆင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ကရင်ကာယအလှမယ် နန်းထက်ထက်လင်း ပဏာမ ‌ရွေးချယ်ခံရ

အာရှအဆင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ကရင်ကာယအလှမယ် နန်းထက်ထက်လင်း ပဏာမ ‌ရွေးချယ်ခံရ

2418
ဇူလိုင်လ ၁ဝရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)

Nan htet htet lin 3
ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ၄၇ကြိမ်‌မြောက် အာရှအဆင့် ကာယဗလနှင့် ကာယကြံခိုင်မှု ပြိုင်ပွဲသို ့ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်‌ရောက်ယှဉ်ပြိုင်ရန် ကရင်ကာယအလှ မယ် နန်းထက်ထက်လင်းကို ပဏာမ‌ရွေးချယ်ထား‌ကြောင်း မြန်မာနိုင်ငံ ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်က ‌ပြောသည်။

လာမည့်ဩဂုတ် ၂၈ရက်‌နေ့တွင် ကျင်းပမည့် အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသားကာယဗလ‌မောင်နှစ်ဦးနှင့်အတူ အမျိုးသမီး ကာယအလှမယ် သုံးဦး သို့မဟုတ် နှစ်ဦးကို ဝင်‌ရောက်ယှဉ်ပြိုင်‌စေမည်ဖြစ်‌ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အမျိုးသားအားကစားသမား နှစ်ဦးကို ‌ရွေးချယ်ထားပြီးဖြစ်‌သော်လည်း အမျိုးသမီး ကာယအလှမယ် သုံးဦး အား စခန်းသွင်း‌လေ့ကျင့်‌နေပြီး နှစ်ဦး သို့မဟုတ် သုံးဦးစလုံး ဝင်‌ရောက်ယှဉ်ပြိုင်ရန် လာမည့်ရက်ပိုင်းအတွင်း အပြီးသတ် ‌ရွေးချယ်မည်ဖြစ်‌ကြောင်း အဖွဲ့ချုပ်အလုပ်အမှု‌ဆောင် ‌ဒေါ်ရီရီဝင်း က ‌ကေအိုင်စီသို့ ‌ပြောကြားသည်။

သူမက “အမျိုးသမီး ကာယအလှမယ် သုံးဦးကို အခု စခန်းသွင်း‌လေ့ကျင့်‌နေတယ်။ ကရင်အမျိုးသမီး နန်းထက်ထက်လင်းရယ်၊ ကချင်အမျိုးသမီး‌ခေါဝင်းနဲ ့မ‌အေး‌အေးစိုးတို့ပါ သူတို့ထဲက‌နေ ထရိန်နင် မှန်တဲ့သူ၊ စည်းကမ်းလိုက်နာတဲ့သူ‌တွေကို ‌ရွေးမယ်။ သုံး‌ယောက်လုံးဖြစ်ချင်ဖြစ်မယ်။ နှစ်‌ယောက်ထဲဖြစ်ချင်ဖြစ်မယ်။ အန်တီတို ့အဖွဲ ့ချူပ်ကဝင်ပြိုင်တာ‌လေးကြိမ်ရှိပြီး တကယ်အရည်အချင်းရှိတဲ့သူပဲ ဝင်ပြိုင်မယ်။ နို့မို့ဆို အ‌ပျော်သွားပြိုင်သလိုဖြစ်‌နေမှာ‌ပေါ့။ နန်းထက်ထက်လင်းက‌တော့ အ‌ကောင်းဆုံး အ‌နေအထားမှာ ရှိ‌နေပါတယ်။”ဟု ‌ပြောကြားသည်။

Nan htet htet lin 4
ယင်းပြိုင်ပွဲသို့ ‌စေလွှတ်ရန်အတွက် အိုလံပစ်‌နေ ့ အထိမ်းအမှတ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုပြိုင်ပွဲ အကြီးတန်းအဆင့်၊ အငယ်တန်းအဆင့်ပြိုင်ပွဲမှ ပထမ၊ ဒုတိယ ရရှိသူ‌လေးဦးနှင့် အဖွဲ ့ချုပ် လက်‌ရွေးစင်နှစ်ဦး စုစု‌ပေါင်း ၆ဦးတို့ကို ပဏာမယှဉ်ပြိုင် ‌စေရာ အငယ်တန်းပြိုင်ပွဲတွင် ပထမဆုရရှိသူ နန်းထက်ထက်လင်းက ထပ်မံ တံခွန်စိုက် ပထမဆုရရှိထားသည်။

ပဏာမ‌ရွေးချယ်ခံထားရသူ ကရင်အမျိုးသမီး နန်းထက်ထက်လင်းက အာရှအဆင့်ပြိုင်ပွဲသို့ မိမိဝင်‌ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါက သူမအ‌နေဖြင့် အ‌ကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်‌ကြောင်းလည်း ‌ကေအိုင်စီသို့ ‌ပြောကြားသည်။

လက်ရှိအချိန်တွင် အသက်၁၉နှစ် အရွယ်သာရှိ‌သေးသည့် နန်းထက်ထက်လင်းသည် ကရင်ပြည်နယ် ဖားအံမြို့တွင် ‌နေထိုင်သူ တစ်ဦးဖြစ်ကာ မိဘများမှာ ကရင်လူမျိုးများဖြစ်ကြပြီး ဖားအံတက္ကသိုလ်တွင် ရူပ‌ဗေဒ ‌နောက်ဆုံးနှစ် တက်‌ရောက်‌နေ‌ကြောင်း သိရသည်။