Home သတင်း ထိုင်းနိုင်ငံ ဆိုင်ယွတ်မြို့ နယ်‌နေတိုင်းရင်းသားများနိုင်ငံ သားကဒ်ပြား ရရှိရန်ခက်ခဲ‌နေ

ထိုင်းနိုင်ငံ ဆိုင်ယွတ်မြို့ နယ်‌နေတိုင်းရင်းသားများနိုင်ငံ သားကဒ်ပြား ရရှိရန်ခက်ခဲ‌နေ

1825
ဇူလိုင်လ ၁၅ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်၊ ဆိုင်ယွတ်မြို့ နယ် ‌ဘောတီ‌ကျေးရွာတွင် ‌နေထိုင်သည့် မြန်မာ နိုင်ငံ တိုင်းရင်းသားများအတွက် ထိုင်းဘုရင်မှ ထိုင်းနိုင်ငံသားကဒ် ပြုလုပ်‌ပေးရာတွင် ဘတ်‌ငွေ ၆ဝသာ ကုန်ကျသည်ဟု ထုတ်ပြန်ထား‌သော်လည်း သက်ဆိုင်ရာ အစိုးရဌာနများ၏ လာဘ်‌ပေးလာဘ်ယူမှု‌ကြောင့် လက်‌တွေ့တွင် ခက်ခဲလျှက်ရှိ‌ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ(‌တောင်‌ပေါ်)သားကဒ်ပြား လုပ်‌ဆောင်လိုသူများကို သက်ဆိုင်ရာ ရွာသူကြီးများက သတ်မှတ်ထားသည့် ကုန်ကျနှုန်းထက် ‌ကျော်လွန်၍ ဘတ်‌ငွေ သုံး‌သောင်းမှ ‌လေး‌သောင်းအထိ ‌တောင်းခံ‌နေ‌ကြောင်း ထိုင်းနိုင်ငံသားကဒ်ပြား ရရှိနိုင် ရန် လိုက်လံကူညီ‌ပေး‌နေသည့် ‌ဘောတီရွာမှ ‌စောပ‌ဘေး‌လေက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောပ‌ဘေး‌လေက “နိုင်ငံသားကဒ်ပြားလုပ်ဖို့ ထိုင်းဘုရင်ရဲ့ သတ်မှတ်ထားတဲ့အရဆိုရင် လုပ်ရတာ လွယ်တာ‌ပေါ့။ အခု‌တော့ မတရား‌ငွေ‌တွေ ‌တောင်းတဲ့အခါကျ‌တော့ လုပ်တဲ့သူ‌တွေအတွက် ‌တော်‌တော်ဒုက္ခ‌ရောက်တယ်။ ကျ‌နော်‌တောင် သူတို့‌တောင်း သလို ပိုက်ဆံ‌ပေးရင် ရပြီ။ အဲလို ‌ငွေညစ်လို့ မလုပ်‌သေးဘူး။ အခြားလုပ်တဲ့ချင်တဲ့သူ‌တွေကို လိုက်လုပ်‌ပေးမယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

‌ဘောတီရွာတွင် လက်ရှိ ရွာသူကြီးအဖြစ် တာဝန်ယူ‌နေသည့် ဟူကြည် ကရယ်‌ဟော်နှင့် ရွာရှိ ‌ကော်မတီအဖွဲ့ဝင်များသည် သက် ဆိုင်ရာ အစိုးရတာဝန်ရှိသူများနှင့် ပူး‌ပေါင်းကာ ထိုသို့ ထိုင်းနိုင်ငံ(‌တောင်‌ပေါ်)သားကဒ်ပြား လုပ်‌ဆောင်လိုသူများကို ‌ငွေ‌ကြေး ‌တောင်းခံ‌နေခြင်းဖြစ်သည်ဟု ‌စောပ‌ဘေး‌လေက ဆက်‌ပြောသည်။

ထိုကဲ့သို့ ‌ငွေ‌တောင်းခံမှု‌ကြောင့် ယခင် ဇွန်လ ၁၅ရက်‌နေ့က ဘန်‌ကောက်မြို့ရှိ ထိုင်းနိုင်ငံနယ်စပ်နှင့် ‌တောင်‌ပေါ်‌ဒေသများတွင် ‌နေထိုင်သူများအတွက် နိုင်ငံသားကဒ်ပြားလုပ်‌ဆောင်‌ပေး‌နေသည့် အစိုးရဝန်ကြီးတစ်ဦးက ‌ဘောတီရွာသို့ ဆင်းလာကာ ရွာသူ ရွာသားများနှင့် နှစ်ရက်ကြာ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

‌တွေ့ဆုံမှုတွင် အဆိုပါဝန်ကြီးက “ဘုရင်က ထိုင်းသက္ကရာဇ်၂၅၄၄ ခုနှစ်(၂၀၀၂ခုနှစ်)၊ ဝန်ကြီးချုပ်တာ့ခ်ဆင် လက်ထက်တုန်းက ထိုင်းနိုင်ငံရဲ့ နယ်စပ်နဲ့ ‌တောင်‌ပေါ်‌ဒေသမှာ ‌နေထိုင်တဲ့လူ‌တွေကို နိုင်ငံသားကဒ်ပြားလုပ်‌ပေးဖို့ အမိန့်ထုတ်ထားတာ ရှိတယ်။ ဘာ‌ကြောင့် မလုပ်‌ပေးလဲ။ ဒီကဒ်ပြား‌တွေ လုပ်‌ပေးတာဟာ ထိုင်းနိုင်ငံမှာ ပဋိပက္ခ မဖြစ်ပွားဖို့ဖြစ်တယ်”ဟု ‌ပြောဆိုသွားခဲ့သည် ဟု ‌စောပ‌ဘေး‌လေက တဆင့် ပြန်လည်‌ပြောဆိုသည်။

ဆက်လက်၍ ထို‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ‌ဘောတီတာဝန်ရှိသူများ တက်‌ရောက်ခဲ့ခြင်း မရှိ‌ကြောင်းနှင့် ဝန်ကြီးက ထိုင်းနိုင်ငံအ တွင်း ဆယ်စုနှစ်များစွာ ‌နေထိုင်လာသူ အားလုံးကို နိုင်ငံသားကဒ် လုပ်‌ဆောင်သွားမည်ဖြစ်ပြီး ထိုသူများအ‌နေဖြင့် အမည်စာရင်း တင်သွင်းသွားကြရန် ‌ပြောဆိုသွား‌ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းရှိ မြို့နယ် ၂၇ခုတွင် ‌နေထိုင်သည့် ကရင်လူမျိုး အပါအဝင် မြန်မာနိုင်ငံ တိုင်းရင်းသားများ ၂သန်းခန့်ရှိပြီး နိုင်ငံ သားကဒ်ပြားရရှိရန် ၉သိန်းကျန်ရှိ‌နေ‌သေးပြီး လူဦး‌ရေ ၅‌ထောင်ခန့် ‌နေထိုင်သည့် ‌ဘောတီတွင် လက်ရှိ နိုင်ငံသားကဒ်(အဖြူ) ရရှိထားသူ နှစ်ရာ‌ကျော်သာ ရှိ‌သေး‌ကြောင်း သိရသည်။

‌ဘောတီရွာသည် အမှတ်(၁) ‌ဘောတီ၊ အမှတ်(၂) ထီးဖိုးပါထာ့၊ အမှတ်(၃) ထိုင်းမူယားနှင့် အမှတ်(၄) ပသိမ့်‌ယော်ဟူ၍ ရွာ‌လေးရွာ စု‌ပေါင်းထားပြီး အမှတ်(၁)၊ (၂)တို့တွင် ကရင်လူမျိုးအများဆုံး‌နေထိုင်ကာ အမှတ်(၃)၊ (၄)တို့တွင် ဗမာနှင့် ကုလားလူမျိုးများ အများဆုံး‌နေထိုင်ကြသည်ဟု သိရသည်။