Home သတင်း စစ်‌ဘေး‌ကြောင့် နိမ့်ကျခဲ့သည့်‌ဒေသတွင် လူ‌နေမှုဘဝမြှင့်တင်‌ပေးရန်လိုဟု DKBA ‌ပြောဆို

စစ်‌ဘေး‌ကြောင့် နိမ့်ကျခဲ့သည့်‌ဒေသတွင် လူ‌နေမှုဘဝမြှင့်တင်‌ပေးရန်လိုဟု DKBA ‌ပြောဆို

2339
ဇူလိုင်လ ၄ရက်၊ ၂၀၁၃ခုနှစ်။ ‌တော်ဝင်ပန်း (‌ကေအိုင်စီ)

Major Tun Tun photoအပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း ယခင်က ပြည်တွင်းစစ်‌ကြောင့် နိမ့်ကျ‌နေ‌သော ‌ဒေသရှိ ကရင်အမျိုးသားများ အတွက် ဖွံ့ဖြိုးမှုအစီအစဉ်များ ‌ဆောင်ရွက်‌ပေးပြီး လူ‌နေမှုဘဝ မြှင့်တင်‌ပေးရန်လိုအပ်‌ကြောင်း ဒီမိုက‌ရေစီ အကျိုးပြုကရင့် တပ်မ‌တော်(DKBA)အဖွဲ့က ယ‌နေ့ ‌ပြောကြားလိုက်သည်။

မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး ပြုလုပ်ပြီး‌နောက် DKBA သည် ကရင်လူမျိုးအတွက် လူ‌နေမှုဘဝ မြှင့်တက်လာ‌ရေး အတွက် ‌မော်လမြိုင်ခရိုင်နှင့် မြဝတီခရိုင်ရှိ စစ်‌ဘေးသင့်‌ဒေသအချို့တွင် ကားလမ်းတချို့ကို ပြုပြင်‌ပေးခဲ့သလို ‌ဆေးရုံ ၅ရုံ နှင့် စာသင်‌ကျောင်း ၃‌ကျောင်းတို့ကိုလည်း တည်‌ဆောက်‌ပေးနိုင်ခဲ့‌ကြောင်း DKBA ၏ ‌ပြောခွင့်ရသူတစ်ဦးဖြစ်သည့် ဗိုလ်မှူး ထွန်းထွန်းက ‌ပြောသည်။

“တာအူထာ့၊ တ‌နော်ထာ့၊ ဖလူး၊ ဆုံဆည်းမြိုင်နဲ့ ‌ဝေါ‌လေ့မှာ ‌ဆေးရုံ‌ဆောက်‌ပေးတယ်။ တ‌နော်ထာ့၊ ဆုံဆည်းမြိုင်နဲ့ ‌ဝေါ် ‌လေမှာလည်း စာသင်‌ကျောင်း‌တွေ ‌ဆောက်‌ပေးထားတယ်။ ကျ‌နော်တို့ စစ်သား‌တွေက လမ်းပြင်တဲ့‌နေရာမှာ‌ရော ‌ဆေးရုံ၊ စာသင်‌ကျောင်း ‌ဆောက်တဲ့‌နေရာမှာပါ ပြန်အသုံးပြုခဲ့တယ်”ဟု ဗိုလ်မှူးထွန်းထွန်းက ‌ပြောဆိုသည်။

ထို့အပြင် ၎င်းတို့ တည်‌ဆောက်ပြီးစီးသည့် တာအူထာ့နှင့် တ‌နော်ထာ့ ‌ဆေးရုံ ၂ရုံကို ကရင်ပြည်သူများ လက်တွင်းသို့ လွှဲအပ်‌ပေးခဲ့ပြီး လက်ရှိတွင် ဖလူး၌ တည်‌ဆောက်‌နေသည့် ‌ဆေးရုံသည် မကြာမီတည်‌ဆောက် ပြီးစီး‌တော့မည်ဖြစ်သလို ဆုံဆည်းမြိုင်နှင့် ‌ဝေါ်‌လေတို့၌လည်း ‌ဆေးရုံတည်‌ဆောက်‌နေဆဲဖြစ်‌ကြောင်း DKBA က ဆိုသည်။

ထို့အပြင် DKBA က တ‌နော်ထာ့၌ လာမည့် ဇူလိုင်လ ၁ဝရက်‌နေ့တွင် စာသင်‌ကျောင်းတစ်‌ကျောင်း ဖွင့်လှစ်မည်ဖြစ်ပြီး ‌ကြောင်း၊ ဆုံဆည်းမြိုင်၌ စာသင်‌ကျောင်းတစ်‌ကျောင်းကို လာမည့် ဩဂုတ်လတွင် တည်‌ဆောက်မည်ဖြစ်‌ကြောင်းနှင့် ‌ဝေါ်‌လေတွင် စာသင်‌ကျောင်းတစ်‌ကျောင်း တည်‌ဆောက်‌နေဆဲဖြစ်‌ကြောင်း ဗိုလ်မှူးထွန်းထွန်းက ဆက်‌ပြောသည်။

ယခု ပြုလုပ်‌နေသည့် ဖွံ့ဖြိုး‌ရေး အစီအစဉ်များသည် လက်ရှိ DKBA ‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ကြီးလားပွယ်၏ ညွှန်ကြားမှု ‌အောက်၌ လုပ်‌ဆောင်ခဲ့ကြခြင်းဖြစ်ပြီး ‌ရှေ့ဆက်၍ အစီအစဉ်အတိုင်း ဆက်လက်လုပ်‌ဆောင်‌ပေးသွားရန် ရှိသည်ဟု သိရ သည်။