Home သတင်း အပစ်ရပ်ပြီး‌သော်လည်း ဖားအံ-သံလွင်တံတားဖြတ်‌ကျော်ခွင့် အချိန်ကန့်သတ်မှု ရှိ‌နေဆဲ

အပစ်ရပ်ပြီး‌သော်လည်း ဖားအံ-သံလွင်တံတားဖြတ်‌ကျော်ခွင့် အချိန်ကန့်သတ်မှု ရှိ‌နေဆဲ

5262
ဇွန်လ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ)

Than lwin bridge-thumbကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲ‌ရေးသ‌ဘောတူညီမှု တနှစ်‌ကျော်ကြာပြီးဖြစ် ‌သော်လည်း ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ သံလွင်တံတားကို ခရီးသွားလာဖြတ်‌ကျော်ခွင့်မှာ အစိုးရမှ အချိန်ကန့်သတ်မှု ထားရှိ ‌နေဆဲဖြစ်‌ကြောင်း ခရီးသည်များက ‌ပြောသည်။

ဖားအံ-မြိုင်က‌လေးကို ဆက်သွယ်ထားသည့် ၎င်းသံလွင်မြစ်ကူးတံတားကို ည ၁ဝနာရီခွဲအချိန်၌ ဖြတ်သန်းသွားလာခွင့် စတင် ပိတ်လိုက်ပြီး နံနက် ၃နာရီအချိန်မှသာ ပြန်လည် ဖွင့်‌ပေး‌သော‌ကြောင့် ရန်ကုန်-ဖားအံ ‌ပြေးဆွဲ‌နေသည့် အမြန်လိုင်းကား စီးနင်း လိုက်ပါသူ ညခရီးသွားများမှာ တံတားဖွင့်ချိန် မ‌ရောက်မချင်း မြိုင်က‌လေး‌ကျေးရွာ အ‌ဝေး‌ပြေးလမ်း‌ပေါ်တွင် ကား‌ပေါ်၊ ကား ‌အောက် အိပ်‌စောင့်‌နေရ၍ အချိန်ကြန့်ကြာမှုများ ဖြစ်‌နေရသည်။

ဖားအံ-ရန်ကုန် ‌ပြေးဆွဲ‌နေသည့် ‌ရွှေမြန်မာကား‌မောင်းသူတစ်ဦးက “တံတားက ည(၁၀)နာရီခွဲမှာ ပိတ်ပြီးနံနက် (၃)နာရီ‌ရောက်မှ ပြန်ဖွင့်‌ပေး‌တော့ ညကား‌တွေဆိုရင် ဖားအံမြို့ကိုဝင်မဲ့အခါ နံနက် (၃)နာရီ မထိုးမချင်း ခရီးသည်‌တွေ ကား‌ပေါ်မှာပဲ အိပ်‌စောင့်ရ တာ‌ပေါ့။ အရင်တုန်းကလိုမျိုးပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ တံတားဖြတ်‌ကျော်ခွင့်ကို ကန့်သတ်ထားသည့်အ‌ပေါ် အနီးအနား ‌ကျေးရွာရှိ ‌ဒေသခံများအတွက် လူမှု‌ရေးနှင့် နာ‌ရေး စသည့်အ ‌ရေး‌ပေါ်ကိစ္စများ ဖြစ်‌ပေါ်လာပါက တံတား‌ပေါ် မဖြတ်‌ကျော်‌တော့ဘဲ စက်‌လှေများငှားရမ်းကာ သွားလာ‌နေကြရသည့် အတွက် မဖြစ်သင့်သည့် အန္တရာယ်များ ဖြစ်‌ပေါ်လာမည်ကို စိုးရိမ်‌နေကြသည်။

သို့‌သော် ၎င်းသံလွင်တံတားကို အကန့်အသတ်ဖြင့် ဖြတ်‌ကျော်ခွင့် ပြုလုပ်ရခြင်းမှာ လုံခြုံ‌ရေးအတွက်ဖြစ်‌ကြောင်း ကရင်ပြည် နယ် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ‌စောခင်‌မောင်မြင့်၏ ကိုယ်‌ရေးလုံခြုံ‌ရေးအရာရှိ-PSO ‌စော‌ခေါင်ပန်‌ထော့က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

မြန်မာအစိုးရသည် KNU နှင့် အပစ်အခတ်ရပ်စဲ‌ရေး မပြုလုပ်မီအချိန်က တံတားဖြတ်‌ကျော်ခွင့်ကို အကန့်အသတ်ဖြင့်သာ ဖြတ် ‌ကျော်သွားလာခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ဖားအံ-‌မော်လမြိုင်သွားလာ‌နေသူ ခရီးသည်အမျိုးသမီးတစ်ဦးက “အခုကာလဟာ အပစ်အခတ် ရပ်စဲထားတာ ဘာကို လုံခြုံ‌ရေး ထားတာလဲ‌ပေါ့။ ‌မော်လမြိုင်-မုတ္တမသွားရင် သံလွင်တံတားကို ၂၄နာရီစလုံး သွားလာ‌နေနိုင်ပြီ။ ဒါ‌ပေမယ့် ရန်ကုန်က‌နေ ဖားအံ ပြန်လာ‌တော့ ဖားအံ သံလွင်တံတားဖွင့်ဖို့ မြိုင်က‌လေးမှာ နှစ်နာရီနီးပါး‌လောက် ‌စောင့်လိုက်ရတာ အဆင်မ‌ပြေဘူး”ဟု ဆိုသည်။

(သံလွင်မြစ်ကို ဖြတ်ကူး၍ ဖားအံ-မြိုင်က‌လေးသို့ သွယ်တန်းတည်‌ဆောက်ထားသည့် သံလွင်တံတား)
(သံလွင်မြစ်ကို ဖြတ်ကူး၍ ဖားအံ-မြိုင်က‌လေးသို့ သွယ်တန်းတည်‌ဆောက်ထားသည့် သံလွင်တံတား)

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ သံလွင်မြစ်ကူးတံတား (ဘားအံ) စုစု‌ပေါင်းအရှည်၂၂၅၂ ‌ပေရှိသည့် သံလွင်တံတားကို ၁၉၉၄ခုနှစ်တွင် စတင်တည် ‌ဆောက်ခဲ့ပြီး ဩဂုတ်လ (၃)ရက်၊ ၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေက လာ‌ရောက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။