Home သတင်း သဘာဝပတ်ဝန်းကျင်‌နေ့ လူထု လှုပ်ရှားမှု ရန်ကုန် တွင် ပြုလုပ်

သဘာဝပတ်ဝန်းကျင်‌နေ့ လူထု လှုပ်ရှားမှု ရန်ကုန် တွင် ပြုလုပ်

1984
ဇွန်လ ၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စော‌သောကြာ (‌ကေအိုင်စီ)

IMG_0121
‌ဂေဟဟိတ လူမှုအဖွဲ့အစည်းမှ ဦး‌ဆောင်၍ Activista, YMCA/PWN, Green Bike စသည့်အဖွဲ့များ အပါအဝင် အဖွဲ့နှစ်ဆယ် ခန့် ပါဝင်‌သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေး‌နေ့ လူထုလှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့တွင် ၉ရက်‌နေ့မနက် ၇နာရီမှ ၈နာရီခွဲအထိ ပြုလုပ်ကျင်းပခဲ့သည်။

ယင်းလှုပ်ရှားမှု၏ ရည်ရွယ်ချက်ကို Activista အဖွဲ့မှ ‌စောသာဇင်ဦးက “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေး‌နေ့ကို ပြုလုပ်ရခြင်း က မိမိတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်ဖို့၊ တစ်ဦးတစ်‌ယောက်၊ တစ်ဖွဲ့ချင်းလုပ်တာထက် အများနဲ့ပူး‌ပေါင်း‌ဆောင် ရွက်ရတာက လူ‌တွေ ပိုသတိထားမိတယ်။ အခု ‌နောင်မျိုးဆက်သစ်‌တွေအတွက် အမှိုက်မပါတဲ့ ပတ်ဝန်းကျင်ဖြစ်‌အောင်၊ သန့်ရှင်းတဲ့ပတ်ဝန်းကျင် ‌ကောင်း‌ပေးနိုင်‌အောင် အခုလို လုပ်‌ဆောင်ရခြင်း ဖြစ်ပါတယ်။”ဟု ‌ပြောဆိုသည်။

“ငါတို့အတွက်နဲ့ ငါတို့ရဲ့ ‌နောင်မျိုးဆက်သစ်‌တွေအတွက် စု‌ပေါင်းပရဟိတကို ‌ဖော်‌ဆောင်ကြစို့” ‌ဆောင်ပုဒ်ဖြင့် ‌ဆောင်ရွက်ခဲ့ကြ သည့် အဆိုပါ လူထုလှုပ်ရှားမှုတွင် ပါဝင်သူ မ‌မေလှမြတ်သူက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် လူငယ်များ၌လည်း တာဝန် ရှိ‌ကြောင်း၊ ပတ်ဝန်းကျင်ပျက်စီး‌နေသည်ကို လက်ပိုက်ကြည့်၍ မရနိုင်‌ကြောင်း၊ လူငယ်တစ်‌ယောက်အ‌နေနှင့် ပူး‌ပေါင်း‌ဆောင် ရွက်လို‌သော‌ကြောင့် ယခုလို ပါဝင်ရခြင်းဖြစ်‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောကြားခဲ့သည်။

ထိုလှုပ်ရှားမှုကို ကမာရွတ်မြို့နယ်၊ နာနတ်‌တောလမ်းရှိ တံတား‌အောက်တွင် စုရပ်အဖြစ် သတ်မှတ်ပြီး နာနတ်‌တောလမ်း၊ ပြည် လမ်း၊ ဟံသာဝတီအဝိုင်းမှ ပြည်လမ်းအတိုင်း ‌မြေနီကုန်း၊ ပြည်သူ့ရင်ပြင်သို့ ၃‌ယောက်တစ်တန်း စီတန်းလမ်း‌လျှောက်လာကြရာ တွင် ရဲဝန်ထမ်း နှစ်ဦးစီက မလှမ်းမကမ်းမှ ‌စောင့်ကြည့်မှုများ ရှိ‌နေ‌ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် ဒုရဲအုပ် ကိုသိန်းထွဋ်က “ကျ‌နော်တို့ ပြည်သူ့ရဲ‌တွေအ‌နေနဲ့ ပြည်သူ‌တွေ သူတို့ဆန္ဒ‌တွေကို ‌ဖော်ထုတ်ရာမှာ စည်းကမ်းတကျဖြစ်ဖို့နဲ့ အ‌နှောက်အယှက် မဖြစ်‌အောင် ကာကွယ်‌ပေးရတာ ဖြစ်ပါတယ်။”ဟု ‌ပြောဆိုသည်။

အဆိုပါ စီတန်းလှည့်လည်သူများ ပြည်သူ့ရင်ပြင်သို့ ‌ရောက်‌သောအခါ ‌စောသာဇင်ဦးမှ တက်‌ရောက်လာကြသူများအား ‌ကျေးဇူး တင်စကားနှင့် သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်ကြရန် ‌ဟော‌ပြောမှာကြားကာ “မိုးစက်လက်ခုပ်” အမည်ရှိသည့် လက် ခုပ်တီးခြင်းဖြင့် “ငြိမ်းချမ်းပါ‌စေ”သီချင်းကို စု‌ပေါင်းသီဆိုခဲ့ကြပြီး သစ်ပင် ၃၀ဝကို စု‌ပေါင်းစိုက်ပျိုးရန် ၁ဝနာရီခန့်တွင် သန်လျင်မြို့ က‌ရေ‌ဝေး‌ကျေးရွာသို့ ဆက်လက် ထွက်ခွာသွားကြသည်။

ဇွန်လ ၅ရက်‌နေ့တွင် ကျ‌ရောက်‌သော အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေး‌နေ့ကို ယခုနှစ်တွင် ၆၅‌နေရာ၌ ကျင်းပခဲ့ပြီးဖြစ်‌သော်လည်း ရန်ကုန်မြို့တွင် စီတန်းလှည့်လည်ရန် ခွင့်ပြုချက်စာတင်ထားခြင်းကို ယ‌နေ့မှသာ ရရှိသည့်အတွက် လှုပ်ရှားမှု ‌နောက်ကျရခြင်းဖြစ်သည်။