Home သတင်း လယ်ယာ‌မြေသိမ်းဆည်းခံရမှု စုံစမ်း‌ရေး‌ကော်မရှင်အဖွဲ့ ဖားအံ မြို့နယ်ရှိ လယ်သိမ်း ခံရသူများအား ‌ခေါ်ယူ‌မေး မြန်း

လယ်ယာ‌မြေသိမ်းဆည်းခံရမှု စုံစမ်း‌ရေး‌ကော်မရှင်အဖွဲ့ ဖားအံ မြို့နယ်ရှိ လယ်သိမ်း ခံရသူများအား ‌ခေါ်ယူ‌မေး မြန်း

2036
ဇွန်လ ၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)
ကရင်ပြည်နယ်အတွင်းရှိ လယ်‌မြေတခု
ကရင်ပြည်နယ်အတွင်းရှိ လယ်‌မြေတခု

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ‌ရောက်ရှိလာသည့် ‌နေပြည်‌တော်မှ လယ်ယာ‌မြေသိမ်းဆည်းခံရမှု စုံစမ်း‌ရေး‌ကော်မရှင်အဖွဲ့(၉) ‌ဒေါက်တာ‌ဌေးဝင်း ဦး‌ဆောင်သည့်အဖွဲ့သည် ဖားအံမြို့နယ်ရှိ လယ်ယာ‌မြေသိမ်းဆည်း ခံရသူများအား ‌မေလ ၃၁ရက်‌နေ့က ဖားအံခရိုင် အုပ်ချုပ်‌ရေးရုံးတွင် ‌ခေါ်ယူ‌မေး မြန်းသည်ဟု လယ်သမားများက ‌ပြောသည်။

ဖားအံမြို့နယ်၊ လှာက‌ဒေါင်‌ကျေးရွာအုပ်စုဝင် လက္ခဏရွာ အ‌ရှေ့ဘက်ရှိ ဘဝသစ် အမှတ်(၇) ရဲဘက်အကျဉ်းစခန်းသည် ‌ဒေသ ခံများ၏ လယ်‌မြေများကို ဧက‌ပေါင်း ၇၀၀‌ကျော် သိမ်းဆည်းခဲ့သဖြင့် လယ်ယာ‌မြေများ သိမ်းဆည်းခံကြရသည့် လယ်သမား မိသားစုများအတွက် စားဝတ်‌နေ‌ရေး အခက်အခဲများဖြစ်ရသည်ဟု လယ်‌မြေသိမ်းဆည်းခံရသူ ဦး‌မောင်‌အေးက ‌ပြောသည်။

“ကျ‌နော်တို့ လယ်‌တွေကို သိမ်းတယ်။ လယ်‌မြေထဲမှာ အုတ်ဖုတ်တယ်။ မီး‌သွေး‌တွေ ဖုတ်တယ်။ ရာဘာပင်‌တွေ စိုက်ကြတယ်။ လယ်သမားမိသားစု‌တွေက လယ်‌မြေမရှိ‌တော့ ဘဝအခက်အခဲ‌တွေ ‌ပေါ်လာ‌တော့တာပဲ‌လေ။ အရွယ်မ‌ရောက်‌သေးတဲ့ သား သမီး‌တွေလည်း ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်သွားလုပ်ကြရတယ်‌လေ။”ဟု ဦး‌မောင်‌အေးက ‌ပြောသည်။

လယ်ယာ‌မြေသိမ်းဆည်းမှု စုံစမ်း‌ရေး‌ကော်မရှင်အ‌နေဖြင့် မိမိတို့အခုလို ‌ရောက်ရှိလာခြင်းသည် နှစ်ဦးနှစ်ဘက် ‌ပြောကြားချက် များ၊ အ‌ထောက်အထား အချက်အလက်များကို လာ‌ရောက်‌မေးမြန်း ‌ကောက်ခံခြင်းသာဖြစ်ပြီး မိမိတို့အ‌နေဖြင့် ဆုံးဖြတ်ချက်ချ ပိုင်ခွင့်မရှိ‌ကြောင်း အဆိုပါ‌ကော်မရှင်ကို ဦး‌ဆောင်သူ ‌ဒေါက်တာ‌ဌေးဝင်းက လယ်သမားများကို ‌ပြောသည်။

“ကျ‌နော်တို့က နှစ်ဦးနှစ်ဘက် ‌ပြောကြားချက်‌တွေ၊ အ‌ထောက်အထား အချက်အလက်‌တွေကို လာ‌ရောက်‌မေးမြန်း‌ကောက်ခံ တာ ဖြစ်တယ်။ ဆုံးဖြတ်ချက်ချခွင့် ကျ‌နော်တို့အဖွဲ့က မရှိဘူး။ ရရှိလာတဲ့ အချက်အလက်‌တွေကို‌တော့ ‌နေပြည်‌တော်မှာ ပြန် လည် စိစစ်ရဦးမယ်။ လယ်သမား‌တွေအ‌နေနဲ့ အချိန်ကို နည်းနည်း သည်းခံ‌ပေး‌စေချင်ပါတယ်။”ဟု သူက ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း လယ်ယာ‌မြေသိမ်းဆည်းခံရမှု အများအပြားရှိသည့်အနက် အများစုမှာ အစိုးရ၏ ဌာနဆိုင်ရာများက သိမ်းဆည်းခြင်းဖြစ်ပြီး မြဝတီမြို့နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဖားအံမြို့နယ်များတွင် လယ်‌မြေသိမ်းဆည်းမှုများ ဖြစ်‌ပေါ်လျှက်ရှိသည်ဟု ပြည်သူ့ လွှတ်‌တော် ကိုယ်စားလှယ် ‌ဒေါ်နန်း‌စေးအွာက ‌ပြောသည်။