Home သတင်း ရန်ကုန်မြို့တွင်း ဂျာနယ်‌ရောင်း အားများ ကျဆင်း‌နေ

ရန်ကုန်မြို့တွင်း ဂျာနယ်‌ရောင်း အားများ ကျဆင်း‌နေ

1883
ဇွန်လ ၁ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)
ရန်ကုန်မြို့ ‌မြောက်ဥက္ကလာမြို့နယ်ရှိ လမ်း‌ဘေး ဂျာနယ်ဆိုင်
ရန်ကုန်မြို့ ‌မြောက်ဥက္ကလာမြို့နယ်ရှိ လမ်း‌ဘေး ဂျာနယ်ဆိုင်

ရန်ကုန်မြို့တွင်းရှိ ဂျာနယ်အ‌ရောင်းဆိုင် များတွင် ‌မေလ ‌နောက်ဆုံးပတ်အတွင်း၌ ဂျာနယ်‌ရောင်းအားများ ကျဆင်းလျက်ရှိ ‌ကြောင်း မြို့နယ်အသီးသီးရှိ အ‌ရောင်းဆိုင် များထံမှ သိရသည်။

ဒဂုံမြို့သစ်‌မြောက်ပိုင်း မန္တ‌လေးလမ်းထိပ်ရှိ အ‌ရောင်းဆိုင်မှလည်း ပုဂ္ဂလိက သတင်းစာများထွက်ရှိလာသဖြင့် ဂျာနယ်‌ရောင်း အား ကျဆင်းသွားခြင်းဖြစ်‌ကြောင်း ယခင်က ‌ရောင်းအားအများဆုံးဖြစ်‌သော 7 Days News ဂျာနယ်ကို တစ်ပတ်လျှင် ၃၀‌စောင် ယူတင်‌ရောင်းချရ‌သော်လည်း ပြီးခဲ့သည့်အပတ်တွင် အ‌စောင် ၂ဝသာ ‌ရောင်းချရ၍ ယခုအပတ်တွင် ‌စောင်‌ရေ‌လျော့ကာ မှာယူ ‌နေရ‌ကြောင်း ရှင်းပြသည်။

“ဂျာနယ်‌တွေက မကုန်ရင် ‌ငွေအိပ်တယ်‌လေ။ ကျမတို့ လက်လီသမား‌တွေက ‌ငွေ‌ပေါ်မှ ‌နောက်‌နေ့ ပြန်ရင်းရတာ‌လေ။ သတင်း စာ‌တွေ ‌ရောင်းအား တဖြည်းဖြည်း တက်လာတယ်။ Daily Eleven ဆိုရင် စယူတုန်းက ၁၀‌စောင်ပဲ မှာတယ်။ အခု အ‌စောင် ၃ဝ တင်ရတယ်။ ဒါ‌တောင် တခါတ‌လေ မ‌လောက်ဘူး။”ဟု ဒဂုံ‌မြောက်ဂျာနယ်ဆိုင်မှ ဆိုင်ရှင်က ဆက်လက် ‌ပြောဆိုသည်။

ထို့အပြင် ရန်ကုန်မြို့ ၈မိုင်လမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊ ‌မြေနီကုန်းလမ်းဆုံရှိ ဂျာနယ်ဆိုင်များမှာလည်း အားကစားဂျာနယ်သာ ‌ရောင်းအားမကျဘဲ အခြားသတင်းဂျာနယ်များ ‌ရောင်းအားကျလျက်ရှိသဖြင့် လာမည့်အပတ်တွင် ‌စောင်‌ရေ‌လျော့၍ မှာယူမည် ဖြစ်‌ကြောင်း ‌ပြောဆို‌နေကြသည်။

“ကျ‌နော်တို့က ‌နေ့စဉ်သတင်း‌တွေကို ဖတ်ချင်တာ‌လေ။ အခုလို သတင်းစာ‌တွေ ထွက်လာ‌တော့ ဂျာနယ်မဝယ်ဖြစ်‌တော့ဘူး။ အရင်ကဆို အင်တာနက်မှာ ‌နေ့စဉ်သတင်း‌တွေ တက်ကြည့်တယ်။ အခု အင်တာနက်လိုင်းမ‌ကောင်း‌တော့ သတင်းစာပဲ ‌ပြေး ဝယ်‌နေရတယ်။”ဟု သတင်းစာဖတ်သူတစ်ဦးက ‌ပြောဆိုသည်။