Home သတင်း မ‌လေး‌ရောက် မြန်မာအလုပ် သမားများ ပြည်တွင်းပြန်ခရီး အဲပုဂံ‌လေ‌ကြောင်းလိုင်း အခမဲ့ စီးခွင့်ပြုမည်

မ‌လေး‌ရောက် မြန်မာအလုပ် သမားများ ပြည်တွင်းပြန်ခရီး အဲပုဂံ‌လေ‌ကြောင်းလိုင်း အခမဲ့ စီးခွင့်ပြုမည်

1939
ဇွန်လ ၁၂ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)


မ‌လေးရှားနိုင်ငံတွင် မြန်မာတိုင်းရင်းသားအလုပ် သမားများ အကြမ်းဖက်ခံရမှုများ ဆက်တိုက် ဖြစ်ပွားလာသည့်အတွက် လုပ်ငန်း ခွင် လုံခြုံမှုမရှိ‌တော့သဖြင့် ပြည်‌တော်ပြန်မည့် အလုပ်သမားများကို အဲပုဂံ‌လေ‌ကြောင်း လိုင်းက အခမဲ့ စီးနင်ခွင့်ပြုသွား မည်ဖြစ် ‌ကြောင်း ယင်း‌လေ‌ကြောင်း လိုင်း ပြည်သူ့ဆက်ဆံ‌ရေးဌာန(Public Relation Department)မှ တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

ထိုသို ့အခမဲ့ ‌လေယာဉ်စီးနှင်ခွင့်ပြုရာတွင် အဲပုဂံ ‌လေ‌ကြောင်းလိုင်း ပြည်တွင်းခရီးစဉ်များ ၌လည်း စီစဉ်‌ပေးမည်ဖြစ်‌ကြောင်း လည်း အဆိုပါ တာဝန်ရှိသူက ‌ကေအိုင်စီ သို့ ‌ပြောကြားသည်။

၎င်းက “ကျမတို့ အစီအစဉ်က မ‌လေးမှာ အလုပ်သွားလုပ်ပြီး ပြန်လာတဲ့ နိုင်ငံသား တိုင်းရင်းသား ဖြစ်ရမယ်။ ‌နောက် သူ့ အိမ် ပြန်တဲ့ ခရီးစဉ် ဖြစ်ရမယ်။ ဘာကန့် သတ်ချက်မှ မရှိဘူး”ဟု ‌ကေအိုင်စီသို ့‌ပြောကြားသည်။

ထို့အပြင် မ‌လေးရှားမှပြန်လာသည့် အလုပ်သမားများ ပြည်တွင်း၌ အလုပ်အကိုင်ရရှိ‌စေရန် ရည်ရွယ်၍ ပြည်တွင်း စီးပွား‌ရေးလုပ် ငန်းရှင် ဦး‌တေဇ ပိုင်ဆိုင်သည့် ထူးလုပ်ငန်းစု လက်‌အောက်ခံ ‌ဆောက်လုပ်‌ရေး၊ ဟိုတယ်ခရီး၊ ဘဏ်လုပ်ငန်းနှင့် ‌လေ‌ကြောင်း လိုင်း စသည့်လုပ်ငန်းများမှ လစ်လပ်‌နေ‌သော အလုပ်‌နေရာများ၌ လာ‌ရောက်‌လျှောက်ထားလျှင် ဦးစား‌ပေးခန့်ထားရန် အစီအ စဉ်ရှိ‌ကြောင်းလည်း သူမက ထပ်‌လောင်း ‌ပြောဆိုသည်။

အလားတူ မ‌လေးရှားမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မြန်မာအလုပ်သမားများကို အပြည်ပြည်ဆိုင်ရာ မြန်မာ့‌လေ‌ကြောင်း လိုင်း(MAI) က ဇွန် ၁၂ရက်မှစ၍ တစ်လတိတိ ‌လေယာဉ်လက်မှတ်ခ ထက်ဝက် ‌လျှော့ချ‌ပေးမည်ဖြစ်‌ကြောင်း ထုတ်‌ဖော်‌ပြော ကြားထားသည်။

မ‌လေးရှားနိုင်ငံ၌ ‌မေလကုန်ပိုင်းမှစ၍ မြန်မာအလုပ်သမားများ ဆက်တိုက် အကြမ်းဖက် တိုက်ခိုက်ခံ‌နေရပြီး ယင်းအကြမ်းဖက်မှု များ‌ကြောင့် မြန်မာအလုပ်သမား ၆ဦး ‌သေဆုံးပြီး ၂ဝဦး‌ကျော် ဒဏ်ရာရရှိခဲ့‌ကြောင်း မ‌လေးရှားမှလာ‌သော သတင်းများအရ သိရ သည်။

“မ‌လေးမှာက ပြည်တွင်းပြန်မဲ့ကိစ္စ ကျ‌နော် စုံစမ်း‌တော့ ‌အေဂျင်စီ‌တွေ၊ ပွဲစား‌တွေ အများကြီးပဲ။ သူတို့‌ပြောတာက တရားဝင် လာ‌ရောက်‌နေထိုင်သူကို ရည်ရွယ်တာဖြစ်သလို ပါ့စ်ပို့ရှိတယ်ဆိုရင်‌တောင် မ‌လေးရှား ‌ငွေ ၂၄ဝကုန်မယ်။ ပြီး‌တော့ လဝက ဌာနအတွက် ကုန်ကျရဦးမှာ‌တွေက ရှိ‌သေးတယ်။ အခမဲ့‌တော့ တခုမှ မသိရဘူး။”ဟု မ‌လေးရှားကရင်အဖွဲ့အစည်း-MKO အဖွဲ့ ဝင် ‌စောဂျက်ဖ်က ‌ပြောသည်။

မ‌လေးရှားနိုင်ငံတွင် တရားဝင် ဗီဇာဖြင့် အလုပ်လုပ်ကိုင်‌နေသူများ ရှိသလို နယ်စပ်‌ဒေသမှ ဖြတ်‌ကျော်ကာ သွား‌ရောက် အလုပ် လုပ်ကိုင်‌နေကြသူများလည်း ရှိသည်။ အကြမ်းဖက် တိုက်ခိုက်မှုနှင့် ခြိမ်း‌ခြောက်ခံရသူအချို့မှာ ဘုန်းကြီး‌ကျောင်းများတွင် ခိုလှုံ ‌နေကြပြီး မ‌လေးရဲများက ကင်းလှည့်‌ပေး‌နေ‌ကြောင်းနှင့် ယင်းသို့ စိုးရိမ်ထိတ်လန့်‌နေရသူ မြန်မာအလုပ်သမား အများစုမှာ မြို့စွန်‌နေရာများ၊ လုပ်ငန်းခွင်နှင့် ‌နေထိုင်ရာ ‌ဝေးကွာသူများ ဖြစ်ကြသည်ဟု ၎င်းက ‌ပြောသည်။

မ‌လေးရှား‌ရောက် မြန်မာနိုင်ငံသားများ လုံခြုံ‌ရေးနှင့် လိုအပ်သည်များ ကူညီ‌ဖြေရှင်းလုပ်ကိုင်‌ပေးရန်အတွက် မြန်မာအစိုးရက နိုင်ငံခြား‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်‌ယော်နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ‌ရေးဝန်ကြီးဌာနမှ ဒုတိယဝန် ကြီး ‌ဒေါ်ဝင်း‌မော်ထွန်းတို့ကို ယ‌နေ့ည‌နေက မ‌လေးရှားနိုင်ငံသို့ ‌စေလွှတ် လိုက်ပြီးဖြစ်‌ကြောင်း နိုင်ငံ‌တော်သမ္မတ၏ ‌ပြော‌ရေးဆို ခွင့်ရှိသူ ဦးရဲထွဋ်က ‌ပြောကြားသည်။