Home သတင်း ဘားအံသူအဖွဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လူထု လှုပ်ရှားမှု ပြုလုပ်

ဘားအံသူအဖွဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လူထု လှုပ်ရှားမှု ပြုလုပ်

1808
ဇွန်လ ၆ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)
ဖားအံသူ သဘာဝပတ်ဝန်းကျင် လူထုလှုပ်ရှားမှုအဖွဲ့
ဖားအံသူ သဘာဝပတ်ဝန်းကျင် လူထုလှုပ်ရှားမှုအဖွဲ့

ဇွန်လ ၅ရက်‌နေ့တွင် ကျ‌ရောက်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေး‌နေ့ကို ဂုဏ်ပြု‌သောအားဖြင့် ဖားအံသူအဖွဲ့မှ ဦး‌ဆောင်ကာ “စိမ်းစို‌ပြေ‌စေ သဘာဝအ‌မွေ”ဟူ‌သော ‌ခေါင်းစဉ်ဖြင့် ပထမအကြိမ် လူထုလှုပ်ရှားမှုတစ်ရပ်ကို ဖားအံမြို့တွင် ယမန်‌နေ့က ကျင်းပပြုလုပ်ခဲ့သည်။

နံနက်ပိုင်းတွင် ဖားအံမြို့မ ‌ဈေးကြီးနှင့် လှိုင်းဘွဲအဝိုင်း‌နေရာတို့တွင် လူအင်အား ၇၀‌ကျော်ဖြင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်း‌ရေးဆိုင်ရာ ပညာ‌ပေး လက်ကမ်းစာ‌စောင်များ၊ စတစ်ကာများ ‌ဝေငှ‌ပေးခဲ့ကြသည်။ ၎င်းအပြင် ပြည်နယ် စိုက်ပျိုး‌ရေး ဌာနမှ ‌ပေးသည့် ဂန့်‌ဂေါ်၊ သ‌ပြေ၊ တမာ၊ မန်ကျီး၊ ဗန်ဒါ၊ မဲဇလီ စသည့်သစ်ပင်ပျိုးပင် ၁၅၀ဝကိုလည်း ‌ပေး‌ဝေခဲ့ကြသလို သံလွင်မြစ်ကမ်းတစ်‌လျှောက်ရှိ စွန့်ပစ်အမှိုက်များကိုလည်း သွား‌ရောက်ကြည့်ရှု မှတ်တမ်းတင်ခဲ့ကြသည်။

ထိုပွဲသို့ တ‌ယော်‌ထော်၊ ပအိုဝ်းလူငယ်၊ ‌တောင်က‌လေးသူနာပြုသင်တန်း‌ကျောင်း၊ မရင်းကုန်ုး‌ကျေးရွာ လှုပ်ရှားတက်ကြွသူ များ၊ ADRA၊ EGG အဖွဲ့တို့အပြင် ဖားအံမြို့နယ် စည်ပင်သာယာ‌ရေးအဖွဲ့ကလည်း ပါဝင်ပူး‌ပေါင်း ကူညီ‌ပေးကြသည်။

“ကျမတို့ ထင်တာထက် ပို အားရစရာ‌ကောင်းပါတယ်။ ဒီ‌လောက်ပူး‌ပေါင်းပါဝင်လိမ့်မယ်လို့ မထင်ပါဘူး။ သစ်ပင် ၁၅၀ဝက နည်းသွားပါတယ်။ လူ‌တွေက လိုလိုချင်ချင် လာ‌တောင်းကြတာပါ။ ပတ်ဝန်းကျင်ထိန်းသိန်း‌ရေးနဲ့ ပတ်သက်ပြီး ‌ရှေ့ဆက် တိုးပြီး လုပ်‌ဆောင်သွားမှာပါ။”ဟု ဖားအံသူအဖွဲ့ ‌ခေါင်း‌ဆောင် ‌နော်‌လော်သူ‌လော်သာက ‌ကေအိုင်စီကို ‌ပြောသည်။

ထို့အပြင် ပွဲလာ‌ရောက်ကူညီကြ‌သော လူငယ်များ၊ ရဟန်းရှင်လူများ၊ မြို့မိ မြို့ဖများကလည်း ဤသို့ ပြုလုပ်ခြင်းအတွက်
မြို့ခံအ‌နေဖြင့် အားရ‌ကျေနပ်မိပါ‌ကြောင်း၊ ကရင်ပြည်နယ်တွင်းရှိ သဘာဝပတ်ဝန်းကျင်များ ‌ရှေ့ဆက်မပျက်စီး‌စေရန်အ တွက် အားလုံးတွင် တာဝန်ရှိ‌ကြောင်း အကြံ‌ပေး‌ပြောဆိုသွားကြသည်။

ည‌နေပိုင်းတွင် ကန်သာယာအ‌ရှေ့ဘက်ရှိ ကန်သာဦးခမ်းမ၌ သဘာဝပတ်ဝန်းကျင်ပြခန်း ဖွင့်လှစ်ထားပြီး ‌ဒေါက်တာခင် ‌မောင်ညိုမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာများကို ‌ဟော‌ပြောကာ တက်‌ရောက်လာ‌သောလူငယ်များက အပြန်အလှန် ‌မေး မြန်းခြင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

“လူငယ်‌တွေ ဒိလိုတက်တက်ကြွကြွ ပါဝင်ကြတာကို အားရပါတယ်။ အရင်က ပါဝင်ခွင့်မရခဲ့တာ‌တွေ ရှိခဲ့ပါတယ်။ လူငယ် ‌တွေပါဝင်ဖို့ လွှတ်‌ပေးတဲ့ မိဘ‌တွေကိုလည်း ‌ကျေးဇူးတင်စရာပါ။”ဟု မြို့မိမြို့ဖတစ်ဦးက သုံးသပ်‌ပြောဆိုသည်။