Home ရင်ဖွင့်သံများ ဒုက္ခသည်များ ရင်ဖွင့်ချက်

ဒုက္ခသည်များ ရင်ဖွင့်ချက်

2677

‌စောရစ်ချတ် ၅၄နှစ် (နို့ဖိုးစခန်းဒုက္ခသည်)
စခန်း‌ကော်မတီဝင်‌ဟောင်း

အခုစခန်းမှာ လက်ရှိကျ‌နော်တို့ ကြုံ‌တွေ့‌နေရတဲ့ အခက်အခဲတစ်ခုက‌တော့ အပစ်အခတ်ရပ်စဲ‌ရေး ယူထားပြီးတဲ့‌နောက်မှာ ဒုက္ခ သည်‌တွေပြန်ပို့ခံရမယ်ဆိုတဲ့ ကိစ္စက‌တော့ စခန်းကလူ‌တွေ‌တော်‌တော် ဒုက္ခ‌ရောက်‌နေကြတယ်။ ‌နောက်ပြီး ဒုက္ခသည်စခန်းမှာ က တတိယနိုင်ငံသွားချင်တဲ့သူ၊ ထိုင်းမှာပဲဆက်‌နေချင်တဲ့သူ၊ မြန်မာပြည်ပြန်ချင်တဲ့သူ သုံးမျိုးသုံးစားရှိပါတယ်။ ‌နောက်ပြီး စခန်း မှာက အ‌ထောက်အပံ့‌တွေ ‌လျော့နည်းသွားတဲ့အတွက် ကျန်းမာ‌ရေး‌ရော၊ ပညာ‌ရေး‌ရော၊ စားဝတ်‌နေ‌ရေး‌ရော ‌တော်‌တော် အခက်အခဲ ဖြစ်ကြတယ်။ အဲဒီ‌တော့ ဒုက္ခသည်‌တွေအ‌နေနဲ့ ကိုယ်ထူကိုယ်ထစနစ်ပဲ လုပ်လာကြတာများလာတယ်။ ဥပမာ ပညာ‌ရေးဘက်မှာဆို မိဘ‌တွေက သားသမီး‌တွေ ပညာ‌ရေးမထိခိုက်‌အောင် ဆရာ၊ဆရာမ‌တွေကို တစ်ဖက်တစ်လမ်း ပံ့ပိုး‌ပေးရ တာ‌တွေ ရှိလာတယ်။ ကျန်းမာ‌ရေးဘက်မှာဆိုလည်း ဒီလိုပါပဲ တစ်ချို့‌ဆေးဝါးပစ္စည်း‌တွေ လုံလုံ‌လောက်‌လောက် မရှိ‌တော့တဲ့ အခါကျ‌တော့ အပြင်မှာဝယ်ယူ သုံးစွဲ‌နေရတဲ့ အ‌ခြေအ‌နေ‌တွေဖြစ်လာတယ်။ ရိက္ခာ‌တွေလည်း ‌ထောက်ပံ့တာ ‌လျော့နည်းသွား တဲ့အတွက် အပြင်မှာ အဆင်‌ပြေ‌အောင် အလုပ်ထွက်လုပ်ပြီး ‌ဖြေရှင်းရတာ‌တွေ ရှိလာတယ်။ ‌နောက်ပြီး‌တော့ ‌နေရပ်ပြန်ရမယ် မပြန်ရဘူးဆိုတာကလည်း KRC မှာလည်း မူတည်ပါတယ်။ သူ့အ‌နေနဲ့လည်း ဒုက္စသည်‌တွေကို ‌နေရပ်ပြန်ပို့ မဖြစ်နိုင်‌သေးဘူးလို့ ကိုယ်စားပြုပြီး‌တော့ ပြတ်ပြတ်သားသား ‌ပြောထား‌တော့ ကျ‌နော်တို့အ‌နေနဲ့လည်း KRC နဲ့ သ‌ဘောထားတထပ်တည်းပါပဲ။

ကျ‌နော်တို့အ‌နေနဲ့က‌တော့ အပစ်အခတ်ရပ်စဲ‌ရေးဟာ တည်ငြိမ်မှုမရှိ‌သေးတဲ့အခါကျ‌တော့ ကျ‌နော်တို့‌နေရပ်ပြန်ဖို့ စိတ်ချယုံ ကြည်ရတယ်လို့ ‌ပြောလို့မရ‌သေးပါဘူး။ ပြန်လို့လည်းမရ‌သေးပါဘူး။ ‌နောက်ပြီး‌တော့ အခြားနိင်ငံ‌တွေအ‌နေနဲ့လည်း ဒီတစ်ချို့ ‌သော ဒုက္ခသည်‌တွေရဲ့ ဆန္ဒဖြစ်တဲ့ တတိယနိုင်ငံထွက်ချင်တဲ့သူ‌တွေကိုလည်း လမ်းဖွင့်‌ပေးတဲ့အ‌နေနဲ့ လက်ခံ‌ပေးဖို့ကို ‌မျှော်လင့် ပါတယ်။