Home သတင်း တံတား‌ဆောက်လုပ် မှု‌ကြောင့် ‌ကျေးရွာအုပ်စု၃ဝ လုပ်အား‌ပေး ခိုင်း‌စေခံ‌နေရ

တံတား‌ဆောက်လုပ် မှု‌ကြောင့် ‌ကျေးရွာအုပ်စု၃ဝ လုပ်အား‌ပေး ခိုင်း‌စေခံ‌နေရ

1673
ဇွန်လ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

KHRG logo111ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် နို့ထာ့ရွာအနီး ယွန်းစလင်း‌ချောင်းကို ဖြတ်ကူး၍ တည်‌ဆောက်လျှက်ရှိသည့် ထီးလားအယ်ထာ့ တံတား‌ကြောင့် ရွာ‌ပေါင်းသုံးဆယ်မှ ‌ဒေ သခံများ လုပ်အား‌ပေးခိုင်း‌စေခံ‌နေရ‌ကြောင်း ယမန်‌နေ့က ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ (KHRG)မှ အစီရင်ခံစာတစ်‌စောင် ထုတ်ပြန်ခဲ့သည်။

ဖာပွန်မြို့နယ်အတွင်းရှိ မယ်မွဲ၊ ‌ဒေးဝါး၊ ‌ကျောပါး၊ ထီးသ‌ဒေါင့်ထာ့နှင့် မဲ့ပ‌ရေ့‌ကျေးရွာအုပ်စုတို့မှ ရွာများကို ယခုနှစ် ဇန်နဝါရီလမှ စ၍ မြိုင်ကြီးငူဆရာ‌တော် ဦးသုဇန၏ အစီအစဉ်ဖြင့် ၎င်းတံတားတည်‌ဆောက်ရန် လုပ်အား‌ပေး ‌ခေါ်ယူခဲ့ပြီး လုံခြုံ‌ရေးအတွက် နယ်ခြား‌စောင့်တပ်-၁၀၁၄ တပ်ရင်းက တာဝန်ယူ‌ဆောင်ရွက်‌ပေးခဲ့ခြင်းဖြစ်သည်ဟု KHRG အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

KHRG ၏ ကွင်းဆင်းတာဝန်ခံဖြစ်သူ ‌စောအဲလ်ဘတ်က “အလှူလုပ်ဖို့ဆိုပြီး ဇန်နဝါရီလ ပထမတစ်ရက်တုန်းကပဲဆိုရင် ရွာသား ၁၈၄‌ယောက် သွားကြတယ်။ ကိုယ်တိုင်မသွားအားရင် အစားထိုးသွားရတယ်။ ထမင်းနဲ့ဟင်း‌တော့ တ‌နေ့ သုံးနပ်‌ကျွေးတယ်။ ဒါ‌ပေမယ့် ဒီလိုပဲ အမြဲ လုပ်အား‌ပေးခံ‌နေရ‌တော့ ရွာသား‌တွေဟာ သူတို့ ကိုယ်ပိုင်အလုပ်‌တွေ ထိခိုက်တာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေသခံများက ယင်းတံတားတည်‌ဆောက်ရန် ‌ခြောက်လဖြင့် အပြီးတည်‌ဆောက်သွားမည်ဟု ဆို‌သော်လည်း KHRG ၏ ‌လေ့ လာစုံစမ်းသိရှိထားချက်အရ သုံးနှစ်စီမံကိန်းဖြင့် တည်‌ဆောက်သွားရန်ရှိသည်ဟု ‌စောအဲလ်ဘတ်က ဆက်‌ပြောသည်။

“ဒီအလုပ်က အလှူဒါနအတွက်ပဲဆို‌တော့ စိတ်မပါလို့ မသွားရင်‌တောင် ရတယ်။ ဒါ‌ပေမယ့် မသွားမ‌နေရ သ‌ဘော‌ဆောင်‌နေပါ တယ်။ ဒါ‌ကြောင့် အလှူဒါနအတွက်လို့ ‌ပြောလို့မရ‌တော့ဘူး”ဟု အဆိုပါ ‌ကျေးရွာအုပ်စု တာဝန်ရှိသူတစ်ဦး၏ ‌ပြောကြားချက်ကို KHRG အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

ထို့အပြင် ယခုနှစ် ဇန်နဝါရီလက မယ်မ‌ရေ့‌ကျေးရွာအုပ်စုအတွင်းရှိ ခင်‌မောင်ဝင်းဟု အများသိကြသည့် သံဃာ‌တော်တစ်ပါးက ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပရန်အတွက်ဆိုပြီး ရွာ‌ပေါင်း ၇ရွာရှိ ရွာသားများထံမှ အလှူ‌ငွေအဖြစ် မြန်မာကျပ်‌ငွေ ဆယ်သိန်း ‌ကျော် ‌ကောက်ခံခဲ့သည်ဟု KHRG အစီရင်ခံစာက ဆိုသည်။

‌စောအဲလ်ဘတ်က “အခု ကျ‌နော်တို့ထုတ်ပြန်တဲ့ အ‌ကြောင်းအရာ‌တွေကို ဆက်လက်လုပ်သွားမယ်။ အထူးသဖြင့် ရွာသား‌တွေ ကို ‌ခေါ်ပြီး ဒီတံတားတည်‌ဆောက်တဲ့ကိစ္စကို ကျ‌နော်တို့ ဆက်လက်‌စောင့်ကြည့်ပြီး သတင်းအချက်အလက်‌တွေ တင်ပြသွား မယ်။ ‌လော‌လောဆယ် ကျ‌နော်ရတဲ့ အချက်အလက်‌လောက်နဲ့ပဲ အရင်ထုတ်ပြန်တာပါ”ဟု ‌ပြောဆိုသည်။

KHRG ကို ၁၉၉၂ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကရင်‌ဒေသအတွင်းရှိ ဖြစ်ပျက်‌နေသည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု သတင်းအ ချက်အလက်များကို အစီရင်ခံစာ ပုံမှန် ထုတ်ပြန်လျှက်ရှိပြီး ယခုနှစ် ၂၀၁၃ ခုနှစ်၊ မတ်လက မြန်မာပြည်အ‌ရှေ့ပိုင်းရှိ ‌မြေယာအ ငြင်းပွားမှုများနှင့် စု‌ပေါင်း‌ဆောင်ရွက်မှုများ ပတ်သက်၍ “ရပ်တည်ရာ ‌ပျောက်ဆုံးခြင်း”ဟူသည့် အစီရင်ခံစာတစ်အုပ်ကို ထုတ် ‌ဝေခဲ့သည်။