Home သတင်း KNLA စစ်ဦးစီးချုပ် ငြိမ်းချမ်း‌ရေး‌ကောင် စီနှင့် သွား‌ရောက်‌တွေ့ဆုံ

KNLA စစ်ဦးစီးချုပ် ငြိမ်းချမ်း‌ရေး‌ကောင် စီနှင့် သွား‌ရောက်‌တွေ့ဆုံ

2564
‌မေလ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

DSC_0103
ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့(KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌ဂျော်နီနှင့် အဖွဲ့သည် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင် စီနှင့် သွား‌ရောက်‌တွေ့ဆုံ ရန် ‌ကော့ကရိတ် မြို့နယ်၊ ထို့‌ကော်ကိုး‌ဒေသသို့ ‌မေလ ၂၇ရက်‌နေ့မနက်က ထွက်ခွာသွားပြီဖြစ်သည်။

ထိုခရီးစဉ်နှင့် ပတ်သက်၍ KNU တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက “ခွဲထွက် ကရင်အစုအဖွဲ့‌တွေ တစည်းတလုံး တည်းရှိဖို့ အပြန်အလှန် စည်းလုံးမှု တည်‌ဆောက်နိုင်ဖို့ သွား‌ရောက်‌ဆွေး‌နွေးတာ ဖြစ်တယ်။ KNU က‌နေ ခွဲထွက်သွားတဲ့ အဖွဲ့ ‌တွေ တစ်စုမက ရှိ‌ပေမဲ့ အမျိုးသား ပြန်လည်ညီညွှတ်‌ရေးအတွက် တဖွဲ့ချင်းအလိုက်‌ကော၊ စု‌ပေါင်းပြီး‌တော့ပါ တဆင့်ချင်း လုပ် သွားမယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလိုသွား‌ရောက်ရာတွင် စစ်ဦးစီးချုပ်နှင့်အတူ ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေး၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒို‌စော ‌ရွှေ‌မောင်း၊ တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်‌ကျော်မူဟဲ၊ ပဒို‌စော‌လေး‌လော်‌ဆော၊ တပ်မဟာ(၇) ဗျူဟာမှူး ဗိုလ်မှူးကြီး‌ဖောဒို၊ ဗိုလ်မှူး အယ်ဆဲဆဲ၊ ဗိုလ်မှူးတာမလာ၊ ဗိုလ်မှူးဒိကွယ်၊ ဒုဗိုလ်မှူးကြီးဘူး‌ဖော အပါအဝင် စုစု‌ပေါင်း ၁၉ဦး၊ ကား‌ခြောက်စီးဖြင့် မြဝတီနယ် စပ်မှ ထွက်ခွာသွားသည်ဟု သိရသည်။

သို့‌သော် ၎င်း‌တွေ့ဆုံ‌ဆွေး‌နွေးပွဲမှာ နှစ်ရက်တာ ကြာမြင့်ပြီး ‌ဒေသဖွံ့ဖြိုး‌ရေးကိစ္စများကိုပါ ‌ပြောဆိုမည်ဟု ‌ကေအိုင်စီမှ အကြမ်း ဖျင်း သိရှိထား‌သော်လည်း အ‌သေးစိတ် ‌ဆွေး‌နွေးသွားမည့် အ‌ကြောင်းအရာများကိုမူ ‌ဆွေး‌နွေးပြီးမှသာ ‌ပြောဆိုနိုင်မည်ဖြစ် ‌ကြောင်း KNU ဘက်က ‌ပြောဆိုသည်။