Home သတင်း ဩစ‌တြေးလျား ပါလီမန်တွင် သွား‌ရောက်‌ဟော‌ပြောသူ ဗိုလ်မှူး ကြီးနယ်ဒါးမြ ဆစ်ဒနီ မြန်မာ့လူ့အဖွဲ့ အစည်းနှင့် ‌တွေ့ဆုံ

ဩစ‌တြေးလျား ပါလီမန်တွင် သွား‌ရောက်‌ဟော‌ပြောသူ ဗိုလ်မှူး ကြီးနယ်ဒါးမြ ဆစ်ဒနီ မြန်မာ့လူ့အဖွဲ့ အစည်းနှင့် ‌တွေ့ဆုံ

2156
‌မေလ ၂၉၊ ၂၀၁၃ခုနှစ်။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ)

DSC_0182
ဗိုလ်ချုပ်ကြီး‌စောဘိုမြ၏သား ဗိုလ်မှူးကြီး နယ်ဒါးမြသည် ဩစ‌တြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ မြန်မာ့လူမှုအဖွဲ့အစည်း နှင့် Malta Street, Villawood ရပ်ကွက်ရှိ ဩစ‌တြေးလျား ‌ကေအဲန်ယူ ကိုယ်စားလှယ် မန်းချစ်စိန်၏ ‌နေအိမ်တွင် ယ‌နေ့ ည‌နေ ၅နာရီခွဲမှ ည ၈နာရီအထိ ‌တွေ့ ဆုံ‌ဆွေး‌နွေးခဲ့သည်။

၎င်း‌ဆွေး‌နွေးပွဲကို ဩစ‌တြေးလျား ကရင်အမျိုးသားအဖွဲ့(AKO)မှ စီစဉ်‌ဆောင်ရွက်ခြင်းဖြစ်ပြီး ဆစ်ဒနီရှိ ကချင်၊ မွန် နှင့် ကရင်တိုင်းရင်းသားများ အပါအဝင် ABSDF ၊ JACDB မှ ကိုယ်စားလှယ်များ၊ NLD-LA လွှတ်‌တော်အမတ်များနှင့် ‌ရေဒီယိုမြန်မာ့အသံ ကိုယ်စားလှယ်များ စုစု‌ပေါင်းလူ ၃ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

“နိုင်ငံတကာ အစိုးရ‌တွေအ‌နေနဲ့လည်း မြန်မာအစိုးရနဲ့ ပြုမူဆက်ဆံတဲ့‌နေရာမှာ တဖက်ကိုပဲ နားမ‌ထောင်ဘဲ ကျန် တစ်ဖက်က တိုင်းရင်းသား‌တွေရဲ့အသံဖြစ်တဲ့ တိုင်းရင်းသားအဖွဲ့(၁၁)ဖွဲ့ ‌ပေါင်းထားတဲ့ တိုင်းရင်းသားလူမျိုးများ ဖက် ဒရယ်‌ကောင်စီ UNFC ရဲ့အသံကိုလည်းပဲ နား‌ထောင်သင့်ပါတယ်။”ဟု ဗိုလ်မှူးကြီးနယ်ဒါးမြက ပါလီမန်တွင် သူ ‌ပြော ဆိုခဲ့ခြင်းကို ပြန်လည် ‌ပြောပြသည်။

ဗိုလ်မှူးကြီးနယ်ဒါးမြသည် ဩစ‌တြေးလျား လွှတ်‌တော်အမတ် Luke Simpkins နှင့် အ‌နောက်ဩစ‌တြေးလျားမှ အထက်လွှတ်‌တော်အမတ် Dean တို့၏ တာဝန်ယူ ဖိတ်ကြားချက်အရ “မြန်မာနိုင်ငံမှ လူနည်းစုတိုင်းရင်းသားများအ ‌ရေး မည်သိုု့ဖြစ်လာမည်နည်း”ဆိုသည့် ‌ခေါင်းစဉ်ဖြင့် ဩစ‌တြေးလျားနိုင်ငံ မြို့‌တော်ကန်ဘာရာ ပါလီမန်တွင် ‌မေလ ၂၇ရက်‌နေ့က သွား‌ရောက်‌ပြောကြားခဲ့သည်။

ဆစ်ဒနီ မြန်မာ့လူ့အဖွဲ့အစည်းနှင့် ဗိုလ်မှူးကြီးနယ်ဒါးမြ အမှတ်တရ
ဆစ်ဒနီ မြန်မာ့လူ့အဖွဲ့အစည်းနှင့် ဗိုလ်မှူးကြီးနယ်ဒါးမြ အမှတ်တရ

“လူထုဟာ ကျ‌နော်တို့အင်အား‌တွေ ဖြစ်တယ်။ ပြည်တွင်းပြည်ပမှာရှိတဲ့ ပြည်သူလူထုကို ပြန်လည် စုစည်းပြီး ‌မျှော် မှန်းတဲ့ပန်းတိုင်ကို အ‌ရောက်သွားကြပါစို့”ဟု ဗိုလ်မှူးကြီးနယ်ဒါးမြက ‌ပြောကြားခဲ့သည်။

ယ‌နေ့ မြန်မာအသိုင်းအဝိုင်းနှင့် ‌တွေ့ဆုံသည့် ‌ဆွေး‌နွေးပွဲတွင် တိုင်းရင်းသားအသီးသီးနှင့် ဒီမိုက‌ရေစီအင်အားစုများ က ယ‌နေ့ ဖြစ်‌ပေါ်‌ပြောင်းလဲ‌နေ‌သော ပြည်တွင်းအ‌ခြေအ‌နေနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို တိုင်ပင်နှီး‌နှော ဖလှယ်မှုများ ပြုလုပ်ခဲ့သည်။

အလားတူ ‌ဆွေး‌နွေးပွဲ တက်‌ရောက်သူ ‌စော‌ပေါလုက “မြန်မာအစိုးရက ဟန်‌ဆောင်‌ပြောင်းလဲပြပြီး တန်းတူ‌ရေး၊ အမျိုးသားပြန်လည်သင့်မြတ်‌ရေး‌တွေ ‌ပြော‌နေပါ‌စေအုံး။ သူတို့ရဲ့လုပ်ရပ်၊ လုပ်ငန်းစဉ်‌တွေက‌တော့ မဟာဗမာကြီးစိုး ‌ရေးပဲ ဖြစ်တယ်။ အခုလို ဗိုလ်နယ်ဒါးတို့ ပြည်ပကိုလာပြီး ရှင်းလင်းပြတာ အ‌တော်အားရဖို့‌ကောင်းတယ်။”ဟု ‌ပြော သည်။
ဗိုလ်မှူးကြီးနယ်ဒါးမြသည် မနက်ဖြန် ‌မေလ ၃ဝရက်‌နေ့တွင်လည်း ဆစ်ဒနီမြို့ရှိ ကရင်လူမှုအသိုင်းအဝိုင်းများနှင့် ‌တွေ့ဆုံရန် ရှိ‌သေး‌ကြောင်း သိရသည်။