Home သတင်း ‌ဒေါ်နန်း‌စေအွာကို လူမှု ထူးချွန်ဆုချီးမြှင့်

‌ဒေါ်နန်း‌စေအွာကို လူမှု ထူးချွန်ဆုချီးမြှင့်

1928
‌မေလ ၂၃ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

DSC00208
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ပြည်သူ့ လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေအွာကို လူမှုထူးချွန်သူအဖြစ် ကရင်ရဟန်း‌တော် များအသင်းမှ ယမန်‌နေ့ ‌မေလ ၂၂ရက်‌နေ့က လူမှုထူးချွန်ဆု ဂုဏ်ပြုချီးမြှင့်လိုက်သည်။

“ကရင်ပြည်နယ်မှာ အသိမ်းပိုက်ခံရတဲ့ လယ်‌မြေကိစ္စ‌တွေ၊ စီမံကိန်း‌ကြောင့် ထိခိုက်နစ်နာမှုကိစ္စ စတာ‌တွေကို ‌ဒေါ်နန်း‌စေ အွာက ပြည်သူလူထုနဲ့ နိုင်ငံ‌တော်အစိုးရအကြားမှာ ကြားခံလူအဖြစ် ဝင်‌ရောက်‌ဖြေရှင်း‌ပေးတဲ့‌နေရာမှာ သူက ထိပ်မှာ ရှိ တယ်။ သူ့ရဲ့လုပ်‌ဆောင်မှုအ‌ပေါ်ကြည့်ပြီး ဒီဆုကို ချီးမြှင့်တာဖြစ်တယ်”ဟု ကရင်ရဟန်း‌တော်များအသင်းမှ ဥက္ကဌဖြစ်သူ ဆရာ‌တော် ဦးစန္ဒာဝရက ‌ကေအိုင်စီသို့ မြွက်ကြားသည်။

ကရင်ရဟန်း‌တော်များအသင်းမှ စာ‌ပေ‌ရေးရာထူးချွန်‌သော သံဃာ‌တော်များ၊ ရိုးရာယဉ်‌ကျေးမှုနှင့် လူမှု‌ရေးဆိုင်ရာလုပ်ငန်း များလုပ်‌ဆောင်ရာတွင် ထူးချွန်‌သော ပုဂိ္ဂုလ်များအား ယခု ၂၀၁၃ခုနှစ်အတွက် သံဃာအပါအဝင် လူပုဂိ္ဂုလ် (၇)ဦးကို ‌ရွေး ချယ်ခဲ့ရာ ‌ဒေါ်နန်း‌စေအွာလည်း ထိုသို့ ‌ရွေးချယ်ခံရခြင်းဖြစ်သည်။

ယခု ‌ပေးအပ်ခံရသည့် ဆုများတွင် ဆုအမျိုးအစား သုံးမျိုးသတ်မှတ်ခဲ့ရာ လူမှုထူးချွန်ဆုအဖြစ် ‌ဒေါ်နန်း‌စေအွာနှင့် ကရင်နယ်ခြား ‌စောင့်တပ်အမှတ်(၃) တိုက်နယ်မှူး ဗိုလ်မှူးကြီး ‌စောချစ်သူတို့က ရရှိခဲ့ခြင်းဖြစ်ပြီး စာ‌ပေထူးချွန်ဆုအဖြစ် ရဟန်း‌တော်၃ပါးနှင့် ယဉ်‌ကျေးမှုထူးချွန်ဆုအဖြစ် အမျိုးသား ၂ဦးတို့က ရရှိခဲ့သည်။

ဆုရရှိသူများကို ဂုဏ်ပြုလက်မှတ်နှင့် ‌ငွေ‌ကြေးနှင့်အတူ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခနဲဒိုရွာရှိဘုန်းကြီး‌ကျောင်း တိုက်တွင် ယမန်‌နေ့က ပြုလုပ်ကျင်းပသည့် ကရင်ရဟန်း‌တော်များအသင်း၏ နှစ်ပတ်လည်‌နေ့အခမ်းအနားတွင် ‌ပေးအပ်ခဲ့သည်ဟု သိရသည်။

လူမှုထူးချွန်ဆုရရှိခဲ့သူ နန်း‌စေအွာက “ကျမအ‌နေနဲ့ ဒီဆုနဲ့မတန်‌သေးဘူး‌ပေါ့‌နော်။ ဒါ‌ပေမယ့် တတ်စွမ်းသ‌လောက် လုပ်‌ဆောင်‌နေတာ‌တွေကို အခုလို အသိအမှတ်ပြု‌ပေးတဲ့အတွက်ဝမ်းသာတယ်။ ‌နောက်ပြီး ကိုယ်လူထု‌တွေအတွက် ဒီထက်မက ဆက်ပြီး ကြိုးစားလုပ်‌ဆောင်သွားရမယ်ဆိုတဲ့ စိတ်မျိုးလည်းဖြစ်မိပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ဆရာ‌တော် ဦးစန္ဒာဝရက “ဆရာ‌တော်တို့အ‌နေနဲ့က ပူ‌ဇော်ထိုက်သူကိုပူ‌ဇော်ခြင်း၊ ချီးမြှင့်ထိုက်သူကို ချီးမြင့်ခြင်းဆိုတဲ့ ဘုရားရဲ့အဆုံးအမနဲ့အညီ ဒီအစဉ်အလာ‌လေးကို ဆက်လက်ထိန်းသိမ်းချင်တာရယ်။ ‌နောင်လာမယ့် မျိုးဆက်သစ်‌တွေ အတွက်လည်း အတုယူနိုင်‌အောင် ရည်ရွယ်လုပ်‌ဆောင်တာဖြစ်ပါတယ်”ဟု မြွက်ကြားသည်။

ကရင်ရဟန်း‌တော်များအသင်းကို လွန်ခဲ့သည့် ၂၀၁ဝခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ခုနှစ်မှစ၍ စာ‌ပေနှင့် ယဉ်‌ကျေးမှု ဆိုင်ရာထူးချွန်ဆုများကို ဂုဏ်ပြုချီးမြှင့်နိုင်ခဲ့‌သော်လည်း ယခုနှစ်တွင် လူမှုထူးချွန်ဆုကိုပါ ထပ်တိုးချီးမြှင့်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။