Home သတင်း မူလတန်း‌ကျောင်း ဆရာ၊ ဆရာမများ တိုးမြှင့်ခန့်ထား‌ပေး ရန် မြင်းကမ်ပုံရွာခံများ လိုလား

မူလတန်း‌ကျောင်း ဆရာ၊ ဆရာမများ တိုးမြှင့်ခန့်ထား‌ပေး ရန် မြင်းကမ်ပုံရွာခံများ လိုလား

1615
‌မေလ ၂ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

တနသာင်္ရီတိုင်း၊ ထားဝယ်မြို့နယ် မြင်းကမ်ပုံရွာရှိ မူလတန်း‌ကျောင်းတွင် အစိုးရမှ ဆရာ၊ ဆရာမများ ထပ်မံခန့်ထားရန် ‌ဒေသခံ ရွာသူရွာသားများက လိုလားလျှက်ရှိ‌ကြောင်း သိရသည်။

မြင်းကမ်ပုံရွာသား ‌စောချစ်ချစ်က “ကျ‌နော်တို့ရွာမှာက အစိုးရခန့်ထားတဲ့ ဆရာမတစ်‌ယောက်ပဲ ရှိပါတယ်။ အခြား ၂‌ယောက် ကို ရွာက လစာ‌ပေး ခန့်ထားတာပါ။ တစ်လကို ငါး‌သောင်း ‌ထောက်ပံ့ရပါတယ်။ ‌ကျောင်းသားရှိတဲ့ မိသားစုဝင်‌တွေက ဝိုင်းစုပြီး ထည့်ရတာပါ။”ဟု ဆိုသည်။

ထိုသို့ ‌ကျေးရွာမှ ခန့်ထားသည်ထက် အစိုးရ ပညာ‌ရေးဌာနမှ ထပ်တိုးခန့်ထားရန် ရပ်မိရပ်ဖများက ထားဝယ်မြို့နယ် ပညာ‌ရေးရုံး သို့ တင်ပြထားပြီးဖြစ်‌သော်လည်း လက်ရှိအချိန်ထိ ထူးခြားမှု မရှိ‌သေး‌ပေ။

အဆိုပါ‌ကျေးရွာတွင် မူလတန်း‌ကျောင်းသာရှိပြီး အလယ်တန်းနှင့် အထက်တန်းကို ဆက်လက် သင်ယူလိုပါက ထားဝယ်မြို့ရှိ ‌ဘော်ဒါ‌ဆောင်များတွင် ‌နေထိုင်သင်ယူနိုင်‌သော်လည်း အထက်တန်း‌ကျောင်းသားတစ်ဦးကို တစ်လလျှင် နှစ်သိန်းခွဲခန့် ကုန်ကျ စရိတ်ရှိ‌ကြောင်းလည်း သိရသည်။

“က‌လေးတစ်‌ယောက် ‌ကျောင်းတက်ဖို့ကို အိမ်က အကုန်အကျ အများကြီး ခံရတယ်‌လေ။ အိမ်မှာက က‌လေးနှစ်‌ယောက် ‌ကျောင်းထားဖို့ ရှိတာကို မထားနိုင်ဘူး‌လေ။ သားအကြီးကို ဆယ်တန်းထားတဲ့အချိန် သားအငယ်ကို တနှစ် ‌ကျောင်းနားထားခိုင်း ရတယ်။ နင့်အစ်ကို‌အောင်မှ နင်တက်လို့ ‌ချော့‌ပြောထားရတာ‌လေ။”ဟု မြင်းကမ်ပုံရွာမှ ‌ကျောင်းသားမိဘတစ်ဦးက ‌ပြောသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ယခုနှစ်အတွင်း ဆရာ ဆရာမ တိုးမြှင့်ခန့်ထားရန် အစီအစဉ် ရှိမရှိနှင့် မြင်းကမ်ပုံ မူလတန်း‌ကျောင်းသူ ‌ကျောင်းသားများ၏ လက်ရှိ အ‌ရေအတွက် သိရှိရန် ထားဝယ်မြို့နယ် ပညာ‌ရေးမှူးရုံးသို့ ‌ကေအိုင်စီမှ ဖုန်းဖြင့် ဆက်သွယ်‌မေးမြန်း ရာ ပြန်လည်‌ဖြေကြားမည့်သူမရှိ ဖြစ်‌နေသည်။

သို့‌သော် ဧပြီလ ၂၉ရက်‌နေ့ထုတ် ပြည်တွင်းထုတ် The Voice ဂျာနယ်တွင် ယခုနှစ် ‌မေလအတွင်း ပညာ‌ရေးဝန်ထမ်း ၅‌သောင်း နီးပါး ခန့်ထားမည်ဖြစ်သည်ဟု အမည်မ‌ဖော်လိုသူ ပညာ‌ရေးမှူးတစ်ဦးက ‌ပြောဆို‌ကြောင်း ‌ဖော်ပြထားသည်။

ထားဝယ်မြို့နှင့် မိုင် ၅ဝခန့်သာ ကွာ‌ဝေးသည့် မြင်းကမ်ပုံရွာတွင် ကရင်လူမျိုးများ ‌နေထိုင်ကြပြီး လူဦး‌ရေ ၂၀၀‌ကျော်ရှိကာ ကွမ်းသီးနှင့် ဖာလာ စိုက်ပျိုးခြင်းကို အဓိက လုပ်ကိုင်ကြသူများ ဖြစ်သည်။