Home သတင်း ထိုင်းဘုရင်မင်းမြတ်အား အကြို ဂါဝရပြုပွဲ (OKRSO) ကရင်ဒုံးအဖွဲ့ ပထမဆုံးအကြိမ် ‌ဖျော်‌ဖြေခွင့်ရ

ထိုင်းဘုရင်မင်းမြတ်အား အကြို ဂါဝရပြုပွဲ (OKRSO) ကရင်ဒုံးအဖွဲ့ ပထမဆုံးအကြိမ် ‌ဖျော်‌ဖြေခွင့်ရ

1784
‌မေလ ၂ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

okrso 1
ထိုင်းနိုင်ငံ၊ ဘန်‌ကောက်အခြစိုက် ကရင်ဒုက္ခသည်များ ဆိုင်ရာလူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့(OKRSO)မှ ယဉ်‌ကျေးမှု အဖွဲ့က ကရင့် ရိုးရာ ဒုံးအကများဖြင့် ထိုင်းဘုရင်မင်းမြတ်အား အကြိုဂါဝရပြုပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်‌ဖျော်‌ဖြေခွင့်ရရှိခဲ့‌ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ ‌တောင်‌ပေါ်တိုင်းရင်းသားများမှ တစ်နိုင်ငံလုံး အတိုင်းအတာအရ ထိုင်းဘုရင်မင်းမြတ်အား အကြိုအဖြစ် ရို‌သေဂါရဝ ပြုရန် ဘန်‌ကောက်မြို့၊ Central World (DKK) ခမ်းမ‌ဆောင်၌ ပြုလုပ်‌သော သတင်းစာရှင်းလင်းပွဲတွင် (OKRSO)၏ ဒုံးအကအ ဖွဲ့က ထိုသို့ ‌ဖျော်‌ဖြေခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု (OKRSO)၏ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်‌ရေး‌ကော်မ တီ ဥက္ကဌ ‌စောစိပ်ပ‌လောင်က ယခုလို ‌ပြောသည်။

သူက “ဖိတ်တာက‌တော့ ထိုင်းဘုရင်မင်းမြတ်ကို ရို‌သေဂုဏ်ပြုတဲ့ ပွဲ‌တော်ဖြစ်‌မြောက်‌ရေး‌ကော်မတီဝင်ဖြစ်တဲ့ ‌စောထီ့ဝါးက ဖိတ် တာပါ။ ဘာဖြစ်လို့လဲဆို‌တော့ ထိုင်း‌တောင်‌ပေါ်သား ကရင်လူမျိုး‌တွေအ‌နေနဲ့ ယဉ်‌ကျေးမှု ‌ဖော်ထုတ်တဲ့အပိုင်းမှာ‌ရော၊ လာရတဲ့ လမ်းခရီးအခက်အခဲ‌တွေ‌ကြောင့် ကျ‌နော်တို့ကိုပဲ ကိုယ်စားအ‌နေနဲ့ ဖိတ်လိုက်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ထိုင်းဘုရင်မင်းမြတ်အား အကြို ဂါရဝပြုပွဲ‌တော် သတင်းစာရှင်းလင်းပွဲ
ထိုင်းဘုရင်မင်းမြတ်အား အကြို ဂါရဝပြုပွဲ‌တော် သတင်းစာရှင်းလင်းပွဲ

အဆိုပါ အခမ်းအနားတွင် ထိုင်းနိုင်ငံ‌ရောက် တိုင်းရင်းသားများဖြစ်သည့် ကရင် အပါအဝင် ကချင်၊ မွန်၊ လားဟူ၊ သျှမ်း စသည့် အခြား‌သော တိုင်းရင်းသားအဖွဲ့‌ပေါင်း ၉ဖွဲ့တို့မှ ၎င်းတို့၏ ရိုးရာယဉ်‌ကျေးမှုများဖြင့် ထိုင်းဘုရင်မင်းမြတ်အား တင်ဆက်‌ဖျော်‌ဖြေခဲ့ ခြင်းဖြစ်ပြီး လူပရိဿတ်‌ပေါင်း ၇၀‌ကျော် တက်‌ရောက်အား‌ပေးခဲ့သည်ဟု သိရသည်။

ဆက်လက်၍ ‌စောစိပ်ပ‌လောင်က “အခုလို ပွဲမျိုးမှာ ပါဝင်ခွင့်ရတာ‌ရော၊ အသိအမှတ်ပြု‌ပေးတာ‌ရော ဝမ်းသာပါတယ်။ ‌နောက်ပြီး ကိုယ့်ယဉ်‌ကျေးမှုကို ဒီကရှိတဲ့ ကရင်အချင်းချင်း‌ရော၊ တခြားတိုင်းရင်းသား‌တွေကို‌ရော ‌ဖော်ထုတ်ခွင့်ရမှာဖြစ်တဲ့အတွက်လည်း ‌ကျေနပ်ပါတယ်”ဟု ‌ပြောသည်။

ထိုင်းဘုရင်မင်းမြတ်အား ရို‌သေဂါရဝပြုပွဲ‌တော်ကို ‌မေလ ၅ရက်‌နေ့တွင် စတင် ကျင်းပမည်ဖြစ်ပြီး (OKRSO)မှ ဒုံးအဖွဲ့ ၄ဖွဲ့ဖြင့် ကပြ‌ဖျော်‌ဖြေရန် စီစဉ်ထား‌ကြောင်းနှင့် ယခုပွဲ‌တော်မှာ ဒုတိယအကြိမ်‌မြောက် ကျင်းပသည့် ဂါရဝပြုပွဲ‌တော်ဖြစ်‌ကြောင်း သိရ သည်။