Home သတင်း DKBA နှင့် KNU/KNLA ငြိမ်း ချမ်း‌ရေး‌ကောင်စီ အများ ပိုင်‌တော ‌ရောင်းချ‌နေ

DKBA နှင့် KNU/KNLA ငြိမ်း ချမ်း‌ရေး‌ကောင်စီ အများ ပိုင်‌တော ‌ရောင်းချ‌နေ

1547
ဧပြီလ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

IMG_2463
ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်ရှိ ကွင်းက‌လေး၊ သယ်ဖာ‌ထော၊ ‌မောင်းကဲခီးနှင့် ‌ကော့တ‌နော် စသည့်‌ကျေးရွာတို့မှ အများပိုင်‌တောများကို ဒီမိုက‌ရေစီ ကရင်အကျိုးပြုတပ်မ‌တော်-DKBA နှင့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီတို့၏ လက် ‌အောက်ခံတပ်ဖွဲ့များက ခုတ်ထွင်ရှင်းလင်းပြီး ‌ရောင်းချလျှက်ရှိ‌ကြောင်း သိရသည်။

၂၀၁၃ခု နှစ်ဆန်းပိုင်းမှစ၍ DKBA ကလို့ထူးဝါးဗျူဟာမှ တပ်ရင်းမှူးတစ်ဦးဖြစ်သူ ဒုဗိုလ်မှူးကြီးဘငြိမ်း၏ လက်‌အောက်ခံ တပ်ဖွဲ့ ဝင်များနှင့် KNU/KNLA တပ်ဖွဲ့ဝင်လက်‌အောက်ခံ သာ‌အေး (‌ခေါ်) ဗိုက်ပူကြီးဆိုသူတို့က ထို‌ဒေသရှိ‌တောများကို ‌တောင်ယာကဲ့ သို့ သစ်၊ ဝါးများ ခုတ်ထွင်ရှင်းလင်း မီးရှို့ပြီး‌နောက် ကျိုက်ဒုံမြို့ရှိ သူ‌ဌေးများအား ရာဘာပင်စိုက်ရန် ‌ရောင်းချ‌ပေးခြင်းဖြစ် ‌ကြောင်း ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အခု သစ်‌တောလာခုတ်တဲ့ DKBA နဲ့ KNU/KNLA တပ်ဖွဲ့ဝင်‌တွေဟာ ပူး‌ပေါင်းလုပ်တာ‌တော့ မဟုတ်ဘူး။ သူတို့က ‌မြေ ကွက်‌တွေချပြီး သူ့‌နေရာနဲ့သူ လုပ်‌နေကြတာဖြစ်တယ်။ ကျ‌နော်တို့က‌တော့ ‌ကြောက်လို့ ဘာမှ မ‌ပြောရဲကြဘူး။ အခု ခုတ်ထား တဲ့‌နေရာအပြင် ထပ်မံ ချဲ့ထွင်မှာကို စိုးရိမ်တယ်”ဟု ‌ပြောဆိုသည်။

အဆိုပါ‌ဒေသရှိ အများပိုင်‌တောတွင် ‌ပေါက်‌ရောက်‌နေ‌သော သစ်၊ ဝါးနှင့် အင်ဖက်များကို ‌ဒေသခံများက ‌နေအိမ်‌ဆောက်လုပ်ရာ ၌ အသုံးပြုလျှက်ရှိရာ ယခုလို ခုတ်ထွင်ရှင်းလင်း ‌ရောင်းချမှု များပြားလာပါက ‌နေထိုင်‌ရေး ခက်ခဲလာနိုင်သလို သဘာဝပတ်ဝန်း ကျင်ကိုပါ ထိခိုက်လာနိုင်မည်ကိုလည်း ‌ဒေသခံများက စိုးရိမ်‌နေကြသည်။

လက်ရှိအချိန်တွင် ခုတ်ထွင်ရှင်းလင်း၍ မီးရှို့ခံရသည့် ‌တော‌မြေကွက်နှစ်ခုရှိပြီး တစ်ကွက်လျှင် ၃ဧကခန့်ရှိ‌ကြောင်း ထို‌နေရာသို့ ကိုယ်တိုင်သွား‌ရောက်ခဲ့သည့် ကရင်လူငယ်အစည်းအရုံး-KYO ၏ ဒူးပလာယာခရိုင် စည်းရုံး‌ရေး တာဝန်ခံ ‌စောယိုရှီးက ‌ကေအိုင် စီသို့ ‌ပြောသည်။

‌စောယိုရှီးက “အဲဒီ‌ဒေသက ခုတ်ထားပြီး မီးရှို့ထားတဲ့ ‌နေရာတစ်ခုကို အခုရက်ပိုင်းက ကျ‌နော် သွား‌ရောက်ခဲ့တယ်။ ခုတ်ထွင် ရှင်းလင်းထားတဲ့‌နေရာမှာ လွှနဲ့ ဖြတ်ထားတဲ့ သစ်လုံး‌တွေ အပုံလိုက် ထားတာ‌တွေ ရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လုပ်တဲ့သူ ‌တွေကို ‌ဒေသခံ‌တွေက မ‌ပြောရဲကြဘူး။ ကျ‌နော်တို့က ပြည်သူဘက်က ရပ်တည်ပြီး တတ်နိုင်သ‌လောက် ကူညီသွားဖို့ ရှိတယ်” ဟု ‌ပြောဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ဒီ‌ကေဘီ‌အေ ဆက်ဆံ‌ရေးရုံး တာဝန်ခံတစ်ဦးထံ ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်း‌သော်လည်း ဆက် သွယ်၍ မရရှိခဲ့‌ပေ။

‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ကွင်းက‌လေး၊ သယ်ဖာ‌ထော၊ ‌မောကဲခီးနှင့် ‌ကော့တ‌နော် စသည့်‌ကျေးရွာတို့မှ အများပိုင်‌တော သည် ‌ဒေသခံများ နှစ်‌ပေါင်းများစွာ အမှီသဟဲပြု‌နေရသည့် ‌တောများဖြစ်သည်။