Home သတင်း မြိုင်သာယာခြံ‌မြေပိုင်ဆိုင်ခြင်း အငြင်း ပွားမှုကိစ္စပြည်သူ့ လွှတ်‌တော် ကိုယ်စားလှယ် ‌ဒေါ်နန်း‌စေ အွာကြား ဝင်‌ဖြေရှင်း‌ပေး

မြိုင်သာယာခြံ‌မြေပိုင်ဆိုင်ခြင်း အငြင်း ပွားမှုကိစ္စပြည်သူ့ လွှတ်‌တော် ကိုယ်စားလှယ် ‌ဒေါ်နန်း‌စေ အွာကြား ဝင်‌ဖြေရှင်း‌ပေး

1812
ဧပြီလ၅ရက်၊၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)

00
ကရင်ပြည်နယ်၊ဖားအံမြို့နယ်၊ လှာကမြင်‌ကျေးရွာအုပ်စု၊ မြိုင်သာယာ‌ကျေးရွာတွင် ဖြစ်ပွားခဲ့သည့်ခြံ‌မြေပိုင်ဆိုင်ခြင်း အငြင်းပွားမှုများကို ကူညီ‌ဖြေရှင်း‌ပေးရန်‌ဒေသခံများ၏ တိုင်ကြား‌တောင်ဆိုမှုအ‌ပေါ် ကရင်ပြည်နယ်ပြည်သူ့ လွတ်‌တော် ကိုယ်စားလှယ် ‌ဒေါ်နန်း‌စေအွာက ယမန်‌နေ့တွင် ‌ဒေသခံများနှင့်သွား‌ရောက် ‌ဆွေး‌နွေး ခဲ့‌ကြောင်း သိရသည်။

ပြီးခဲ့‌သော‌ဖေ‌ဖော်ဝါရီလ၁၄ရက် (၁၄-၂–၂၀၁၃)‌နေ့က ခွန်ဘရင်သားသမီးများသည် အိုးအိမ်စီမံညွန်ကြား‌ရေးမှူး ဦး‌ကျော်စိုးမိုးနှင့်အတူ လက်ရှိမြိုင်သာယာရွာသား တချို့ ‌နေထိုင်ပိုင်ဆိုင်ကြသည့်ခြံ‌မြေကို ၎င်းတို့ဖခင်ပိုင်‌မြေအဖြင့်‌မြေပုံနှင့်တကွ ရွာသားများအားပြကာ ခြံ‌မြေကိုခြံစည်းရိုးများဖြင့် လိုက်လံကာရံထားခြင်း အ‌ပေါ် ‌ဒေသခံ များကမ‌ကျေနပ်သဖြင့် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ‌ဒေါ်နန်း‌စေအွာအား တိုင်းကြား အကူအညီ‌တောင်းခံထားခြင်းဖြစ်သည်။

ရွာခံဦး‌စောလုံခို်င်က“ကျ‌နော်တို့ဒီရွာမှာ‌နေထိုင်လာတာကြာပြီ။ အခုမှသူတို့အ‌ဖေပိုင်တယ်ဆိုပြီး ရွာသားများပိုင်ခြံ‌မြေ‌တွေကို လိုက်ကာကြတယ်။ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး‌တောင် မပါဘူး။ သူတို့အ‌ဖေပိုင်တာဧက(၃၂) ဧကရှိတယ်တဲ့။ ‌ဒေါ်နန်း‌စေးအွာ‌ရောက်လာ‌တော့ သူတို့ကတစ်မျိုးပြန်‌ပြောပြန်တယ်‌လေ။ ခြံခပ်တာမှားလို့ပါတဲ့။” ဟု‌ကေအိုင်စီ သို့ ‌ပြောသည်။

အဆိုပါခြံ‌မြေပြဿနာကိစ္စများနှင့် ပတ်သက်၍‌ဒေါ်နန်း‌စေးအွာက ရွာခံများနှင့်ထိုရွာတွင်းရှိ ‌ရှေ့မှီ‌နောက်မှီသက်ကြီးရွယ်အိုများအား ‌မေးမြန်းပြီးခွန်ဘရင်သားသမီးဟု ဆို‌သောသူများကိုလည်း ‌ခေါ်ယူ‌မေးမြန်းသည်ဟု ရွာခံများက ‌ပြောသည်။

‌ဒေါ်နန်း‌စေအွာက “ကျမက‌တော့ရွာခံ‌တွေက အကူအညီ‌တောင်းလို့လာခြင်းဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်(၅၀)က ဒီ‌မြေ‌တွေ ခွန်ဘရင်ပိုင်တယ်လို့ ခွန်ဘရင်ရဲ့သား သမီး‌တွေက ‌ပြောပါတယ်။ ‌မြေပုံနဲ့လိုက်လံခြံစည်းရိုးကာတာ မှား‌နေတယ်‌လေ။ ပြီး‌တော့ခွန်ဘရင်သားသမီး‌တွေက ခြံစည်းရိုးလာကာတာ အုပ်ချုပ်‌ရေးမှူးကိုလည်း အ‌ကြောင်းမကြားဘူး။”ဟု‌ပြောသည်။

ထိုခြံ‌မြေပြဿနာကိုလာမည့် ၂၅ရက်(၂၅-၄-၂၀၁၃)‌နေ့တွင်လှာကာ မြင်‌ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံးတွင် ပြန်လည်‌ဆွေး‌နွေး‌ဖြေရှင်းရန် ရွာခံများနှင့်ခွန်ဘရင်၏ သားသမီးတို့ကသ‌ဘောတူထားကြသည်ဟ ု‌ဒေါ်နန်း‌စေအွာက‌ပြောသည်။