Home သတင်း ၂၈ကြိမ်‌မြောက်ကရင်အမျိုး သမီးအစည်းအရုံး‌နေ့အခမ်း အနား ကျင်းပပြီးစီး

၂၈ကြိမ်‌မြောက်ကရင်အမျိုး သမီးအစည်းအရုံး‌နေ့အခမ်း အနား ကျင်းပပြီးစီး

1705
ဧပြီလ၅ရက်၊၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း ( ‌ကေအိုင်စီ)

img_2591
ယ‌နေ့ဧပြီလ၅ရက်‌နေ့တွင် ကျ‌ရောက်လာသည့် ၂၈ကြိမ်‌မြောက် ကရင်အမျိုးသမီးအစည်းအရုံး(KWO)‌နေ့ အခမ်း အနား တရပ်ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ တပ်မဟာ(၇) ၊KNLA တပ်ရင်း(၂၁)‌နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ KNU ဒုဥက္ကဌ‌နော်စီဖိုးရာစိန်၊ အတွင်း‌ရေးမှုးချုပ် ပဒို‌စောကွယ်ထူးဝင်း၊ အတွင်း‌ရေးမှုး (၁) ပဒို‌သောသီဘွဲ၊ KNU တရားသူကြီးချုပ် (၁) ပဒို‌နော်မြိုင်ဖို၊KNLA တပ်ရင်း(၂၁)မှုးဒုဗိုလ်မှုးကြီး‌စောတာတိုး၊ KWO ဒုဥက္ကဌ‌နော်‌ဖော‌ဒေးတိုးနှင့် ဖားအံခရိုင်တာဝန်ရှိသူများနှင့် လူထုပရိသတ်အားလုံး‌ပေါင်း၁၀၀‌ကျော် တက်‌ရောက် ခဲ့ကြသည်။

အခမ်းအနားကိုမနက်၉နာရီတွင် စတင်ကျင်းပခဲ့ရာ ၊ KWO ဒုဥကဌ‌နော်‌ဖော‌ဒေးတိုးမှ အဖွင့်မိန့်ခွန်းစကား ‌ပြောသွားသလိုKNU ဒုဥက္ကဌ‌နော်စီဖိုးရာစိန်၊ အတွင်း‌ရေးမှုးချုပ်ပဒို‌စောကွယ်ထူးဝင်း၊ အပါအဝင်အခြား ‌ဒေသခံ‌ခေါင်း‌ဆောင်များလည်းအား‌ပေးစကား‌ပြောကြားသွား‌ကြောင်းသိရသည်။

KNU ဥက္ကဌပဒို‌နော်စီဖိုးရာစိန်က“အခုလိုကရင်အမျိုးသမီးအစည်းအရုံး‌နေ့ ကျင်းပခြင်းနဲ့အတူကျမတို့ သတိရရမှာက ကျမတို့အမျိုးသမီး‌တွေဟာ ကရင့်‌တော်လှန်‌ရေးအတွင်းမှာ အ‌ရေးကြီးတဲ့သူ‌တွေဖြစ်တယ်။ ‌တော်လှန်‌ရေး ကာလအတွင်းမှာပဲမဟုတ်ပါဘူး။ တ‌နေ့အ‌ပြောင်းအလဲလုပ်‌ဆောင်တဲ့အချိန်မှာ ကျမတို့ကရင်အမျိုးသမီး‌တွေ ပါဝင်လာဖို့က အ‌ရေးကြီးသလိုလူမှု‌ရေး အလုပ်မှာပဲဖြစ်ဖြစ်၊ နိုင်ငံ‌ရေးအလုပ်မှာပဲဖြစ်ဖြစ် တက်တက်ကြွကြွပါဝင် လုပ်‌ဆောင်ဖို့လိုပါတယ်။”ဟု‌ပြောသည်။

အခမ်းအနားအစီအစဉ်အရ လူထုအကျိုးပြုလုပ်ငန်းများတွင် အလုပ်အ‌ကျွေးပြု‌သောအမျိုးသမီးများအား အသိ အမှတ်ပြုသည့်အ‌နေဖြင့်KWO တွင်ထဲထဲဝင်ဝင် လုပ်‌ဆောင်‌နေ‌သော KWO ဗဟို‌ကော်မတီဝင်လည်းဖြစ် KNU တရား‌ရေးဌာနမှ တရားသူကြီးချုပ် (၁) ပဒို‌နော်မြိုင်ဖိုးနှင့်အတူ‌နော်ခါးဆဲတို့အား KWO မှဂုဏ်ပြုပွဲအစီအစဉ် များပြုလုပ်ခဲ့သည်။

ထိုသို့အသိအမှတ်ပြုဂုဏ်ပြုခံရသည့်အ‌ပေါ် ပဒို‌နော်မြိုင်ဖိုးက “အစည်းအရုံးက‌နေအသိအမှတ်ပြုတဲ့အတွက် ဝမ်းသာပါတယ်၊ အမျိုးသား‌တွေလိုဘဲ အမျိုးသမီး‌တွေအ‌နေနဲ့ တန်းတူပါဝင်လုပ်‌ဆောင်နိုင်ဖို့၊ ကိုယ့်အမျိုးသမီး‌တွေရဲ့ အခွင့်အ‌ရေးနဲ့အခန်းကဏ္ဍ‌တွေမှာလည်း ဒီထက်မက ပါဝင်နိုင်‌အောင် လုပ်‌ဆောင်သွား ပါမယ်” ဟု‌ကေအိုင်စီ ကို ‌ပြောသည်။

ယ‌နေ့ကျ‌ရောက်လာသည့် KWO ‌နေ့တွင် KWO မှ အခမ်းအနားများ ကျင်းပခြင်းနှင့်အတူ ထုတ်ပြန်‌ကြေညာချက် တ‌စောင် ထုတ်ပြန်ခဲ့ရာငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်သည့် လုပ်ငန်းစဉ်များတွင်အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်‌ရေးကို ဆက်လက်‌တောင်းဆိုသွားမည်ဖြစ်ပြီး ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူမှု‌ရေးနှင့်အထူးသဖြင့်အမျိုးသမီးနှင့် က‌လေးငယ်များ၏ လိုအပ်ချက်များကို ကူညီနိုင်ရန်စသည့်လူထု အကျိုးပြုလုပ်ငန်းများကိုလည်း ဆက်လက် လုပ်‌ဆောင်သွားမည်ဟု ‌ဖော်ပြပါရှိသည်။