Home သတင်း မြဝတီခရိုင်တွင်းရှိ ကရင်လူ ငယ်‌ဆေးသင်တန်း‌ကျောင်းတွင် မီး‌လောင်မှုဖြစ်ပွားခဲ့

မြဝတီခရိုင်တွင်းရှိ ကရင်လူ ငယ်‌ဆေးသင်တန်း‌ကျောင်းတွင် မီး‌လောင်မှုဖြစ်ပွားခဲ့

1421
ဧပြီလ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း ( ‌ကေအိုင်စီ)

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ‌ချောင်းဆုံ‌ကျေးရွာအလွန်ရှိ နဒီလင်းမြိုင်ရွာသစ်တွင် ကရင်လူငယ်များအစည်းအရုံး (KYO)မှ ဖွင့် လှစ်ထား‌သော လူထုကျန်းမာ‌ရေး အ‌ခြေပြု ‌ဆေးသင်တန်း‌ကျောင်းရှိ အမျိုးသမီး‌ဘော်ဒါ‌ဆောင်မှာ ဧပြီလ ၁၅ရက်‌နေ့က မီး‌လောင်ကျွမ်းသွားခဲ့သည်။

အဆိုပါ မီး‌လောင်မှုမှာ ထို‌နေ့ည ၉း၄၅နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်‌ကြောင်း ‌ကော့မူးရာ ကရင်လူငယ်အစည်းအရုံး ဥက္ကဌဖြစ်သူ ‌စောမို‌ရှေးမှ ယခုလို အတည်ပြု ‌ပြောကြားသည်။

“မီး‌လောင်သွားတာ ဟုတ်ပါတယ်၊ မီးက အရှိန်ပြင်း‌တော့ မီး‌လောင်ချိန် မိနစ် ၂၀‌လောက် အ‌တောအတွင်းမှာ ‌ဆေးသင်တန်း လာတက်တဲ့ မိန်းက‌လေးအ‌ဆောင်တစ်ခုလုံး အကုန် ‌လောင်ကျွမ်းသွားတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌ဆေးသင်တန်းကို သကြင်္န်ရက်အတွင်း ပိတ်ထားခြင်းဖြစ်၍ အ‌ဆောင်‌နေသူများ မရှိသည့်အတွက် ထိခိုက်ဒဏ်ရာရသူမရှိဘဲ အ‌ဆောင်တွင်းထားရှိ‌သော ‌ဆေးပညာဆိုင်ရာ သင်တန်းစာအုပ်များ၊ စာ‌ရေးကိရိယာများနှင့် အဝတ်အစားများသာ မီးထဲပါသွား ‌ကြောင်း သိရသည်။

ထိုမီး‌လောင်ကျွမ်းမှုမှာ မည်သူ့လက်ချက်ဖြစ်သည်ကို မသိရှိရ‌သေးဘဲ စုံစမ်း‌နေဆဲဖြစ်ပြီး လက်ရှိအချိန်တွင် ‌ဆေးသင်တန်းသူ များကို နီးစပ်ရာအ‌ဆောင်များ၊ hall ခမ်းမများတွင် ယာယီ ‌နေရာချထား‌ပေး‌ကြောင်း ‌စောမို‌ရှေးက ဆက်‌ပြောသည်။

“မီး‌လောင်သွားလို့ သင်တန်းကို ထိခိုက်တာမျိုး‌တော့ မရှိပါဘူး။ မီး‌လောင်တာနဲ့ ပတ်သက်လို့က‌တော့ ဘယ်သူဘယ်ဝါလုပ် တယ်။ ဘာ‌ကြောင့် မီး‌လောင်တယ်ဆိုတာ အခုထိ စုံစမ်း‌နေတုန်းပဲ ရှိပါ‌သေးတယ်”ဟု ‌ပြောသည်။

ယင်းသို့ မီး‌လောင်ကျွမ်းမှု ဖြစ်ပွားအပြီး သင်တန်းကို ယ‌နေ့ ဧပြီလ ၁၈ရက်‌နေ့တွင် ပြန်လည်ဖွင့်လှစ်‌နေပြီဖြစ်‌ကြောင်းနှင့် မီး‌လောင်သည့်အ‌ဆောင်ကို အချိန်မှီ ပြန်လည်‌ဆောက်လုပ်နိုင်ရန် ‌ကော့မူးရာ ကရင်လူငယ်အစည်းအရုံးက ‌ကျေးရွာတာဝန်ရှိ သူများနှင့်လည်း ညှိနှိုင်း‌ဆောင်ရွက်သွား‌နေ‌ကြောင်း ဆက်လက် ‌ပြောပြသွားသည်။

မတ်လ ဧပြီလ ၁၁ရက်‌နေ့မှ စတင်ဖွင့်လှစ် သင်ကြား‌ပေးခြင်းဖြစ်ပြီး ၆လကြာမြင့်မည့် အဆိုပါ‌ဆေးသင်တန်းတွင် ထို‌ဒေသရှိ ‌ကျေးရွာအချို့မှ ရွာသူရွာသားများ အပါအဝင် ဒီ‌ကေဘီ‌အေ၊ နယ်ခြား‌စောင့်နှင့် ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့များမှလည်း လာ‌ရောက်သင်ယူခဲ့ကြပြီး စုစု‌ပေါင်း သင်တန်းသူသင်တန်းသား ၆၅ဦးရှိ‌ကြောင်း သိရသည်။