Home သတင်း အနာဂတ်‌ရေး‌မျှော်‌လေ မ‌ဝေး‌စေဖို့ (အယ်ဒီတာ့ အာ‌ဘော်)

အနာဂတ်‌ရေး‌မျှော်‌လေ မ‌ဝေး‌စေဖို့ (အယ်ဒီတာ့ အာ‌ဘော်)

1674

ဆှုပှု‌သောင်းကျန်းမှုကိုမလိုလား၊ ငြိမ်းချမ်းသာယာမှု ကိုသာလို လားသည်ဆိုသည်မှာ လူတိုင်းမငြင်းပယ်နိုင်ပဲ လက်ခံရမည်ဖြစ်‌သော စကားတစ်ခုပင်။

‌အေးချမ်းတည်ငြိမ်မှုကို နှစ်‌ပေါင်းများစွာ ကင်း‌ဝေး ငတ်မွတ်‌နေကြသူများအတွက် ငြိမ်ချမ်းခြင်းသည် ကျယ်‌ပြောလှ‌သော ဂန္တာရ သဲ‌သောင်ပြင်ကြီးတစ်ခုထဲမှ စမ်း‌ရေတစ်ခုပမာ အလွန်တရာ လိုလားငံ့လင့်ဖွယ် ‌ကောင်း‌သော အရာတစ်ခုဖြစ်သည်။

နှစ်‌ပေါင်းရှည်ကြာစွာ ပျက်စီး ယိုယွင်းလာခဲ့‌သော လူမှု‌ရေး၊ ပညာ‌ရေး၊ စီးပွား‌ရေး၊ ကျန်းမာ‌ရေး၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်‌ကျေးမှု စသည့်နိုင်ငံ့‌ရေးရာ ကိစ္စရပ်များကို တစ်ချိန်တည်း၊ အ‌ခြေအ‌နေ တစ်ခုတည်းဖြင့် ‌ပြောင်းလဲလိုက်ခြင်းသည် ခိုင်မြဲတည်တံ့မှုတစ်ခု မဖြစ်လာနိုင်။ သာဓကအားဖြင့် မတ်လက “အမှိုက်ကစ ပြသာဒ် မီး‌လောင်” သလို မထင်မှတ်ပဲ ဆိုးရွားစွာဖြစ်ပွားခဲ့‌သော မိတ္ထီလာ ပဋိပက္ခမှာ ရန်ကုန်ကဲ့သို့‌သော တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်ပင် လုံခြုံမှုများ သတိထားယူရသည်အထိ ရိုက်ခတ်မှုရှိခဲ့သည်။

အလားတူ ထိုင်း- မြန်မာနယ်စပ်ရှိ မီး‌ဘေးသင့်သူ ကရင်နီဒုက္ခသည်များ၏ ‌သောကဗျာပါဒ မှာလည်း ပူပြင်းလှ‌သော ‌နွေဥတုကို ဆင့်ကဲပူ‌လောင်‌စေခဲ့သည်။ ထို့အပြင် ဒုက္ခသည်များ ပြန်လည်‌နေရာချထား‌ရေး ကိစ္စမှာလည်း ဒုက္စသည်များအတွက် ဆိုက်ကပ်ရန် ကမ်းမမြင်‌သော ‌ရေလမ်းခရီးသဖွယ် စိုးရိမ်စရာ ဖြစ်‌နေရသည်။ ‌ရောဂါ တစ်ခုကို ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပို၍ ထိ‌ရောက်‌ကောင်းမွန်သည်ဟု ဆရာဝန်များက နည်း‌ကောင်းအဖြစ် သတ်မှတ်ထား‌သော်လည်း မြန်မာပြည် ‌နေရာ အနှံ့အပြားမှ အနှစ်နှစ်အလလ အ‌တောမသတ်နိုင်‌သော ပဋိပက္ခ၊ အခက်အခဲများအတွက်မှု ၎င်းနည်းလမ်းမျိုးဖြင့် ‌ဖြေရှင်းရန်မှာ ဖြစ်နိုင်‌ချေ နည်းလှသည်။

တစ်ဆက်တည်းတွင် မှုးယစ်‌သောက်စား၊ ‌ရောင်းဝယ်‌နေမှုများနှင့် ‌လောင်းကစားတွင်ကျယ်‌နေမှုများမှာလည်း နယ်စပ်‌ဒေသများတွင် နှစ်‌ပေါင်းများစွာ ကိုယ်ပိုင် စီးပွား‌ရေးလုပ်ငန်းသဖွယ ်ဖြစ်လာခဲ့သည်။ အဆိုပါ ဥပ‌ဒေမဲ့လုပ်ရပ်များကို တာဝန်ရှိအဖွဲ့အစည်း အသီးသီးမှ ‌ချေမှုန်းတိုက်ဖျက်လာခြင်း အ‌ပေါ် ကြိုဆိုရမည်ပင်ဖြစ်သည်။ အတိတ်ကာလတွင် နှစ်ရှည်ကြာပျက်စီးလာခဲ့မှုများ လုံးဝရပ်တန့်ကာ အနာဂတ်တွင်‌ကောင်းမွန်သည့် အမှုအကျင့်၊ အ‌လေ့အထများဖြစ်လာ‌ရေးမှာ တိုင်းသူပြည်သားတိုင်း သိရှိနားလည်ကာ တစ်တပ်တစ်အား ပါဝင်ကြိုးပမ်း လုပ်‌ဆောင်သင့်သည်။

သယံဇာတ စမ်းသပ်တူး‌ဖော်မှုများ၊ စက်မှုဇုန်စီမံကိန်း အ‌ကောင်အထည်‌ဖော်မှုများ၊ ‌ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ၊ ဂျပန်နိုင်ငံ၏ လူသားခြင်း စာနာမှု လုပ်ငန်းများမှာ အ‌ပြောင်းအလဲ တစ်ခုကို ‌လျှောက်လှမ်းချီတက်‌နေချိန်၏ ပစ္စက္ခတ် သရုပ်သဏ္ဍန်ကို မျက်ဝါးထင်ထင်မြင်သာ‌စေသည်။ စင်စစ်အားဖြင့် ‌သေနတ်သံ တိတ်ဆိတ်ခြင်းမှာ ‌ခေတ္တ အပစ်အခတ်ရပ်ဆိုင်းခြင်းသာ ဖြစ်သည်။ ရာသက်ပန် ငြိမ်းချမ်းသွားခြင်းမဟုတ်၍ မည်သည့်အရာကိုမှလည်း တည်ငြိမ်လှပြီဟု သတ်မှတ်၍မရနိုင်။ ထို့‌ကြောင့် “ ‌ညောင်သီးလည်းစား ‌လေးသံလည်းစွင့်” ဆိုသလို နိုင်ငံ့‌ရေးရာကိစ္စရပ်များကို ‌ဆောင်ရွက်ရာတွင် အနာဂတ်ပန်းတိုင် ‌ရောက်ရှိ‌ရေး ‌မျှော်‌လေမ‌ဝေး‌စေဖို့ သတိတရားကြီးစွာ ထားကာ ‌လျှောက်လှမ်း လုပ်‌ဆောင်သင့်‌ပေသည်။