Home သတင်း မ‌လေးရှားတွင် ကချင်ဒုက္ခသည် များအတွက် ပထမဆုံးအကြိမ် ရန်ပုံ‌ငွေရှာ‌ဖွေပွဲပြုလုပ်

မ‌လေးရှားတွင် ကချင်ဒုက္ခသည် များအတွက် ပထမဆုံးအကြိမ် ရန်ပုံ‌ငွေရှာ‌ဖွေပွဲပြုလုပ်

2375
ဧပြီလ ၁ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

IMG_1648
ကချင်ပြည်နယ်တွင် အခက်အခဲကြုံ‌နေရ‌သော ကချင်ဒုက္ခသည်များအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံသားများ ဖြင့် စု‌ပေါင်းဖွဲ့စည်းထား‌သော မ‌လေးရှားနိုင်ငံအ‌ခြေစိုက် Coalition Of Burma Ethnics Malaysia(COBEM) တိုင်းရင်းသားညွန့်‌ပေါင်းအဖွဲ့အစည်း(မ‌လေးရှား)မှ ရန်ပုံ‌ငွေ ရှာ‌ဖွေပွဲတရပ်ပြုလုပ်ကျင်းပခဲ့သည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ သျှမ်းစသည့်တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် ယင်းအဖွဲ့သည် မတ်လ ၂၉ ရက်‌နေ့က မ‌လေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ရှိ Kualalumpur Chinese assembly Hall တွင် အဆိုပါ ရန်ပုံ‌ငွေ ရှာ‌ဖွေပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။

COBEM တာဝန်ခံ ကိုဘရန်ဆိုင်းက “အခုဒီပွဲကို ကချင်ဒုက္ခသည်‌တွေအတွက်ရည်ရွယ်ပြီး‌တော့ ဒီကရှိတဲ့ တိုင်းရင်းသားညီအစ်ကို‌မောင်နှမ‌တွေ စုပြီး‌တော့ ရန်ပုံ‌ငွေရှာ‌ဖွေတဲ့ ပွဲ‌လေးပါ။ ရရှိလာတဲ့ ရန်ပုံ‌ငွေ‌တွေကို အထူးသဖြင့် ကချင်ပြည်နယ်မှာရှိတဲ့ သွားလာ‌ရေးခက်ခဲပြီး အကူအညီရဖို့ခက်ခဲတဲ့ ‌နေရာ‌တွေကို ဦးစား‌ပေး ပြီး‌တော့ ကူညီ‌ပေး ပါမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းရန်ပုံ‌ငွေ ရှာ‌ဖွေပွဲတွင် COBEM အဖွဲ့ဝင်များအပါအဝင် မ‌လေးရှားနိုင်ငံရှိ အစိုးရမဟုတ်‌သော အဖွဲ့အစည်း များ-NGOs ဖြစ်‌သော Swram နှင့်Tenaganita တို့မှ ကိုယ်စားလှယ်များတက်‌ရောက်ခဲ့ကြပြီး စုစု‌ပေါင်း လူဦး‌ရေ တစ်‌ထောင်နီးပါး ပူး‌ပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည်။

COBEM ကျင်းပသည့် ရန်ပုံ‌ငွေရှာ‌ဖွေပွဲတွင် ‌ဖျော်‌ဖြေကပြ‌နေသည့် ကရင်က‌လေးဒုံးယိမ်းအဖွဲ
COBEM ကျင်းပသည့် ရန်ပုံ‌ငွေရှာ‌ဖွေပွဲတွင် ‌ဖျော်‌ဖြေကပြ‌နေသည့် ကရင်က‌လေးဒုံးယိမ်းအဖွဲ့

‌နေ့လည် ၁ နာရီမှ ည‌နေ ၅ နာရီခွဲအထိ ကျင်းပခဲ့သည့် ယင်းရန်ပုံ‌ငွေရှာ‌ဖွေပွဲ၌ တိုင်းရင်းသား အစားအ‌သောက် ‌ရောင်းချပွဲများ ‌ရောင်းချ‌ပေးသလို တိုင်းရင်းသားရိုးရာ ယဉ် ‌ကျေးမှု အကပ‌ဒေသာများ၊ ရိုးရာယဉ်‌ကျေးမှုဆိုင်ရာ သရုပ်ပြ ဝတ်စားဆင်ယင်မှုများဖြင့် ‌ဖျော်‌ဖြေတင်ဆက်ခဲ့ကြ‌ကြောင်း သိရသည်။

ပွဲဖြစ်‌မြောက်‌ရေးအတွက် ပါဝင်ကူညီ‌ပေးခဲ့သည့် မ‌လေးရှား ကရင်အဖွဲ့အစည်း(MKO)မှ အတွင်း‌ရေးမှူးဖြစ်သူ ‌စောထင်‌အောင်က “ကျ‌နော်တို့ ဒီကချင်ပြည်နယ်မှာရှိတဲ့ ညီ‌နောင်တိုင်းရင်းသား‌တွေကို တတ်နိုင်သ‌လောက် ကူညီချင်တယ်။ အဲဒီ‌တော့ အချင်းချင်းတိုင်ပင်ပြီး‌တော့ အခုလိုလုပ်ဖြစ်သွားတာပါ။ ကျ‌နော်တို့ ကရင်အဖွဲ့ အ‌နေနဲ့ ဒုံးအဖွဲ့ ၂ ဖွဲ့ နဲ့ အစားအ‌သောက်ပိုင်းမှာ ပါဝင်ကူညီဖြစ်ခဲ့တယ်” ဟု‌ကေအိုင်စီသို့‌ပြောသည်။

COBEM ကို ၂၀၀၇ ခုနှစ်၊ ဇွန်လ ၆ ရက်‌နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး မ‌လေးရှားတွင် ‌ရောက်ရှိ‌နေကြ‌သော တိုင်းရင်းသားအချင်းချင်း စည်းလုံးမှု၊ ရိုးရာယဉ်‌ကျေးမှုများနှင့် လူမှု‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ သတင်းဖလှယ်နိုင်‌ရေးစသည့် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။