Home ကဗျာ မူ(ကဗျာ)

မူ(ကဗျာ)

2075
(‌စော‌ထော့‌ဗျော် )

‌ရွှေနန်းရင်ပြင်
မြင်ခင်းသဘင်မှာ ဝင့်‌မော်တဲ့
“‌လေးသည်‌တော်” မဟုတ်။

ကိုယ်‌ပျောက်ဝတ်ရုံနဲ့
‌တောခြုံတိုးတဲ့
‌သောနုတ္ထို မုဆိုးမဟုတ်။

‌သွေး‌ဖေါက်သူ အန္တရာယ်
‌သွေး‌နှောက်သူ အန္တရာယ်
တွန်းလှန်‌ချေဖျက်မဲ့
လက်နက်စွမ်း ‌ရှေ့‌ပြေး။

နွယ်ကို‌ရွေးငင်
သစ်ကိုနွှင်
ဝါးကိုသင်
ရွာအဝင် စည်းရိုး‌ဘေး
မြှား‌သွေးတဲ့ တပ်ဦး
ကရင့်ဒူး‌လေး။