Home သတင်း ဖားအံ‌ဆေးရုံတွင် ‌သွေးလွန် တုပ်‌ကွေး ‌ရောဂါဖြစ်ပွားသူ က‌လေးလူနာများပြား‌နေ

ဖားအံ‌ဆေးရုံတွင် ‌သွေးလွန် တုပ်‌ကွေး ‌ရောဂါဖြစ်ပွားသူ က‌လေးလူနာများပြား‌နေ

2130
ဧပြီလ ၈ရက်။ ၂၀၁၃ ခုနှစ် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံမြို့ ပြည်သူ့‌ဆေးရုံတွင် ယခုလများ အတွင်း ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက် လာပြီး အများစုမှာ က‌လေးလူနာ များသာ ဖြစ်သည် ဟု ပြည်နယ်ကျန်းမာ‌ရေး ဦးစီးဌာနမှုး ‌ဒေါက်တာ ဝင်းနိုင်က ‌ပြောသည်။

“ အခုအချိန် ငှက်ဖျားဖြစ်နှုန်းက မတက်လာ‌ပေမယ့် ‌သွေးလွန်တုပ်‌ကွေးဖြစ်နှုန်း‌တွေ မြင့်တက်လာတယ်။ ဇန်နဝါရီလက‌နေ မတ်လ အထိဆိုရင် ကျ‌နော်တို့ရရှိတဲ့ စာရင်းအရ ၉၇ ဦးဖြစ်တယ်။ ဒါက ကျ‌နော်တို့ ရရှိတဲ့ စာရင်းအရပဲ ရှိပါ‌သေးတယ်။ စာရင်းထဲ မဝင်တဲ့ လူနာ‌တွေလည်း ရှိ‌နေပါ‌သေးတယ်” ဟု ‌ဒေါက်တာ ဝင်းနိုင် က ‌ပြောသည်။

ယခုအချိန်တွင် ဖားအံမြို့နယ် ပြည်သူ့ ‌ဆေးရုံရှိ က‌လေးလူနာကုသ‌ဆောင်၌ ပျမ်းမျှအားဖြင့် က‌လေးလူနာ ၆ဝ နီးပါးခန့် ‌ဆေးကုမှု တက်‌ရောက် ခံယူလျက်ရှိပြီး အများစုမှာ ‌သွေးလွန်တုပ်‌ကွေးနှင့် ဝမ်းပျက်ဝမ်း‌လျှော ‌ရောဂါ ‌ဝေဒနာသည်များ ဖြစ်‌ကြောင်း အမည်မ‌ဖော်လိုသူ သူနာပြု ဆရာမတစ်ဦး၏ ‌ပြောပြချက်အရ သိရသည်။

အဆိုပါက‌လေးလူနာများမှာ ဖားအံမြို့အတွင်းရှိ ရပ်ကွက်များ ၊ နီးစပ်ရာ ရွာများနှင့် ‌နောင်လုံ ၊ ထုံးအိုင်၊ ဒုံရင်း စသည့်‌ကျေးရွာ အုပ်စုများမှ လာ‌ရောက် ကုသ‌နေကြသူများ ဖြစ်ကြပြီး ရက်သားအရွယ်က‌လေးငယ်မှစ၍ ဆယ်နှစ်‌ကျော်အရွယ်ရှိ က‌လေးများနှင့် သီလရှင်၊ ရှင်သာမ‌ဏေ များပါဝင်ကြသည်။

‌နောင်လုံ‌ကျေးရွာမှ က‌လေးလူနာ၏ မိခင် တဦးက “ ကျမက‌လေးက အသက် ၁၂ နှစ်ရှိပြီ၊ အိမ်မှာ ၄ ရက်‌တောင်ဖျား‌တော့ နီစပ်ရာ‌ဆေးရုံမှာ ပြတာ မသက်သာလို့ ဖားအံက က‌လေးအထူးကု ဆရာဝန်ဆီ ‌ဆေးခန်းလာပြရုံ သက်သက်လာတာပဲ၊ ဒီ‌ရောက်‌တော့ ‌ဆေးရုံပါတန်းပြီး တက်ရတဲ့အဆင့်ထိ ဖြစ်သွားတယ်။ ‌ငွေ‌ကြေးမတတ်နိုင်‌ပေမယ့် ကိုယ့်က‌လေး အသက်က အ‌ရေးကြီးတယ်‌လေ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိအချိန်တွင် ဖားအံ‌ဆေးရုံရှိ ပြည်နယ်က‌လေးအထူးကု ဆရာဝန်ကြီး ‌ဒေါက်တာ ‌ဌေး‌ဌေးဝင်းမှ ဦး‌ဆောင်၍ အလုပ်သင်ဆရာဝန်များနှင့် သူနာပြုဆရာမများက ၎င်းက‌လေးလူနာများအား သတ်မှတ်ထားသည့် အချိန်အတိုင်း ‌သွေး‌ဖောက်စစ်‌ဆေးခြင်း၊ ဓာတ်ဆားရည်များ ပုံမှန်‌သောက်သုံး‌စေခြင်း၊ ‌သွေး‌ပေါင်ချိန်တိုင်းတာခြင်းနှင့် အ‌ရေး‌ပေါ်လိုအပ်ပါက ‌သွေးရည်ကြည်သွင်း‌ပေးခြင်းများဖြင့် ကုသ‌ပေးလျက်ရှိရာ က‌လေးလူနာများ ‌သေဆုံးမှု မရှိ‌သေး‌ကြောင်း သိရသည်။

‌သွေးလွန်တုပ်‌ကွေး‌ရောဂါ ဖြစ်ပွားသူသည် ခုနှစ်ရက်အထိ အပြင်းဖျားခြင်း၊ အစားအ‌သောက်အရည်ကို လုံးဝလက်မခံဘဲ ဆက်တိုက်အန်‌နေခြင်း၊ နှာ‌ခေါင်း‌သွေးယိုခြင်း၊ ‌ကော်ဖီနှင့် အညို‌ရောင်အရည်များအန်ခြင်း၊ ကတ္တရာ‌စေးကဲ့သို့ ဝမ်းမည်းမည်းသွားခြင်း၊ အဖျားကျပြီး လက်‌မောင်းနှင့်‌ခြေသလုံးများ အလွန် ‌အေးစက်‌နေခြင်း လက္ခဏာများဖြစ်လျင် ‌ဆေးရုံသို့ အမြန်ဆုံး တက်‌ရောက်ကုသမှုခံယူရန် ‌သွေးလွန်တုပ်‌ကွေး‌ရောဂါဆိုင်ရာ ညွှန်ကြားချက် လက်ကမ်းစာ‌စောင်တွင် ‌ဖော်ပြထားသည်။

‌သွေးလွန်တုပ်‌ကွေးမှာ ခြင်မှစတင်ဖြစ်ပွားခြင်းဖြစ်ပြီး ၎င်း‌ရောဂါနှင့်အတူ တစ်ပြိုင်နက် လက်ရှိဖြစ်ပွား‌နေသည့် ဝမ်းပျက်ဝမ်း‌လျှော‌ရောဂါမှာလည်း ရာသီဥတုပူပြင်းခြင်း၊ အစားအ‌သောက်မှားယွင်း စားသုံးခြင်းများ‌ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ သို့‌သော် ၎င်း‌ဝေဒနာသည်များမှာ ဖားအံ‌ဆေးရုံတွင် ယ‌နေ့အထိ ‌လျော့ပါးခြင်းမရှိ‌သေးပဲ တိုးလာ‌နေ‌ကြောင်း သိရသည်။