Home သတင်း တိုက်ပွဲ‌ကြောင့် မြိုင်ကြီးငူ ‌ဒေသခံ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ

တိုက်ပွဲ‌ကြောင့် မြိုင်ကြီးငူ ‌ဒေသခံ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ

1707
ဧပြီလ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရွာတွင် ဒီမိုက‌ရေစီ ကရင်အကျိုးပြုတပ်မ‌တော်(DKBA)နှင့် နယ်ခြား ‌စောင့်တပ်(BGF)တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲ‌ကြောင့် ‌ဒေသခံလူထုများ ‌နေအိမ်စွန့်ခွါကာ ထွက်‌ပြေးတိမ်း ‌ရှောင်‌နေရသည်ဟု မြိုင်ကြီးငူ ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

မြိုင်ကြီးငူတွင် ဧပြီ ၂၇ ရက်‌နေ့မှစ၍ ယခုထိ ဖြစ်ပွားသည့်တိုက်ပွဲ‌ကြောင့် တိုက်ပွဲ‌နေရာနှင့် အနည်းငယ် အလှမ်း ‌ဝေးသည့် ‌လေးလုံးမြိုင်ရပ်ကွက်မှလွှဲ၍ ‌ရွှေနံ့သာမြိုင်၊ ပိ‌တောက်မြိုင်၊ နှင်းဆီမြိုင်နှင့် ဇီဇဝါမြိုင် စသည့် ရပ်ကွက် များရှိ လူထုများသည် ယင်းအနီးတဝိုက်ရှိ ကမ‌မောင်းမြို့အပါအဝင် အုန်း‌တော၊ ‌ကော့လူးကျွန်း၊ ကုန်းနဝင်းနှင့် ရွာသာ‌အေး စသည့်‌ကျေးရွာများသို့ ထွက်‌ပြေးတိမ်း‌ရှောင်ကြရသည်ဟု မြိုင်ကြီးငူ ‌ဒေသခံတစ်ဦးက ‌ပြောသည်။

“တိုက်ပွဲဖြစ်တဲ့‌နေ့က စပြီး မြိုင်ကြီးငူက လူ‌တွေ အားလုံးနီးပါး ထွက်‌ပြေးကြတယ်။ လူဦး‌ရေဘယ်‌လောက် ထွက်‌ပြေးဆိုတာ‌တော့ မမှန်းတတ်ဘူး။ အခု မြိုင်ကြီးငူမှာ တိုက်ပွဲ ဖြစ်တဲ့ ‌နေရာနဲ့ အလှမ်း‌ဝေးတဲ့ ရပ်ကွက် ‌လောက်ပဲ လူ‌တွေ‌နေကြတယ်။ တိမ်း‌ရှောင်‌နေရတဲ့ လူ‌တွေကလည်း အိမ်မပြန်ရဲကြ‌သေးဘူး”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ မြိုင်ကြီးငူတွင် DKBA ကလို့ထူးလားဗျူဟာ လက်‌အောက်ခံ (၉၀၅)စစ်‌ကြောင်းမှူး ဗိုလ်မှူး ဖူး‌လေး‌ဘော ဦး‌ဆောင်သည့်အဖွဲ့ကို BGF အမှတ် (၁၀၁၁)တပ်ရင်းမှူး ဗိုလ်မှူး‌စောစိုးနိုင် ဦး‌ဆောင်သည့် လက်‌အောက်ခံတပ် ဖွဲ့ဝင်များနှင့်အတူ စစ်ကူအဖြစ် ‌ရောက်လာသည့် (၁၀၁၇)၊ (၁၀၁၈)နှင့် (၁၀၁၉)တပ်ရင်းတို့က ယမန်‌နေ့ည ၁၂နာရီမှ မနက် ၁နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့‌သေး‌ကြောင်း DKBA တပ်မှူးတဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူက “မြိုင်ကြီးငူမှာ ညက တိုက်ပွဲဖြစ်‌သေးတယ်။ ထိခိုက်‌သေဆုံးမှု‌တော့ မသိရဘူး။ BGF ဘက်က လက်နက် ကြီး အဓိက အားကိုးပြီး ပစ်ခတ်ခဲ့‌ပေမယ့် သူတို့ ထိုး‌ဖောက်လို့မရဘဲ ‌နောက်ဆုံး ပြန်‌နောက်ဆုတ်လိုက်ရ တယ်”ဟု ‌ပြောဆိုသည်။

ဆက်လက်၍ ယ‌နေ့ မြိုင်ကြီးငူတွင် တိုက်ပွဲဖြစ်ပွားမှု မရှိ‌သော်လည်း မြိုင်ကြီးငူနှင့် မယ်သ‌ဝေါအကြား ‌ရေတံခွန် ရှိ နားထီးကွီးတွင် ယ‌နေ့ ‌နေ့လည် ၁၁ နာရီခွဲအချိန်၌ DKBA ကလို့ထူးလားဗျူဟာလက်‌အောက်ခံ တပ်ခွဲ(၂) တပ်ခွဲမှူး ‌စောစကုတ် ဦး‌ဆောင်သည့်အဖွဲ့နှင့် BGF တပ်ရင်း (၁၀၁၂)နှင့် (၁၀၁၅) လက်‌အောက်ခံတပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပွားကာ BGF ဘက်က နှစ်ဦး‌သေဆုံးပြီး သုံးဦးဒဏ်ရာရရှိသည်ဟု သူက ဆက်‌ပြောသည်။

သို့‌သော် ‌ကေအိုင်စီအ‌နေဖြင့် DKBA နှင့် BGF တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ထိခိုက်‌သေဆုံးမှု စာရင်း အတိအကျနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိ‌သေး‌ပေ။

မြိုင်ကြီးငူရှိ လူထုများသည် ‌အေး‌အေးချမ်းချမ်း ‌နေထိုင်ခဲ့ရာမှ ယခုလို တိုက်ပွဲ ဖြစ်ပွားမှု‌ကြောင့် နှစ်‌ပေါင်း ၂ဝနီးပါးအတွင်း ပထမဆုံးအကြိမ် ‌နေအိမ်စွန့် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရခြင်းဖြစ်‌ကြောင်း သိရသည်။