Home သတင်း စခန်းအတွင်းရှိလူထုများ မီး‌ဘေး သတိရှိကြရန် မယ်လဒုက္ခသည် စခန်းတာဝန်ရှိသူ‌ပြော

စခန်းအတွင်းရှိလူထုများ မီး‌ဘေး သတိရှိကြရန် မယ်လဒုက္ခသည် စခန်းတာဝန်ရှိသူ‌ပြော

2319
ဧပြီလ၄ရက်၊၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း ( ‌ကေအိုင်စီ)

ယမန်နှစ်က မယ်လဒုက္ခသည်စခန်းတွင် ဖြစ်ပွားခဲ့‌သော မီး‌လောင်မှု မြင်ကွင်းတစ်ခု
ယမန်နှစ်က မယ်လဒုက္ခသည်စခန်းတွင် ဖြစ်ပွားခဲ့‌သော မီး‌လောင်မှု မြင်ကွင်းတစ်ခု

ယခု‌နွေရာသီအချိန်တွင် မီး‌လောင်ကျွမ်းမှု ဖြစ်ပွား တတ်သည့်အတွက် ထိုင်း-မြန်နယ်စပ်ရှိ မယ်လဒုက္ခသည် စခန်းအတွင်းရှိ လူထုများမီး‌ဘေးသတိရှိကြရန် လို‌ကြောင်း စခန်းတာဝန်ရှိသူတဦးက ‌ကေအိုင်စီကို ယ‌နေ့တွင် ‌ပြောဆိုသွားသည်။

ယမန်‌နေ့က (ဧပြီလ ၃ရက်‌နေ့) မယ်လဒုက္ခသည်စခန်း၊ဇုံ-C (Zone-C)၊ရပ်ကွက်(၅) အတွင်းရှိ ‌နေအိမ်တအိမ်တွင် မီး‌လောင်ကျွမ်းမှုတစ်ခုဖြစ်ခဲ့ပွားခဲ့သည့်အတွက် စခန်းအတွင်းရှိလူထုများအ‌နေဖြင့် မီး‌ဘေးသတိရှိဖို့ ၎င်းက တိုက်တွန်း‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒီစခန်းမှာဖြစ်တဲ့မီး‌လောင်မှုတိုင်းကို ကြည့်မယ်ဆိုရင် ‌ပေါ့ဆမှု‌ကြောင့်ဖြစ်တာချည်းပဲ‌တွေ့ရတယ်။ အိမ်မှာလူမရှိတဲ့အချိန်‌တွေမှာ ဖြစ်တာများတယ်။ ပညာ‌ပေးမှု‌တွေလည်းလုပ်တယ်။ အဲဒီ‌တော့ စခန်းမှာ‌နေတဲ့သူ‌တွေအ‌နေနဲ့ မီးကိုသုံးစွဲရာမှာမ‌ပေါ့ဆဖို့နဲ့ မီး‌ဘေးပညာ‌ပေးမှု‌တွေကိုလည်း လိုက်နာဖို့ လိုတယ်” ဟုမယ်လဒုက္ခသည်စခန်းမှ အတွင်း‌ရေးမှုးဖြစ်သူ ‌စောအယ်ကလယ်က ‌ပြောသည်။

ယမန်‌နေ့ကမီး‌လောင်မှုဖြစ်ပွားခဲ့‌သော အိမ်သည်ဇုံ-C၊ ရပ်ကွက် (၅)၊အိမ်အမှတ်(၁၃၇)၊ကို‌အောင်ဝင်း၏ အိမ်ဖြစ်ပြီးအဆိုပါအိမ်ကို ည‌နေ၉နာရီခွဲအချိန်၌မီး စတင် ‌လောင်ကျွမ်းခြင်းဖြစ်ရာ အိမ်းနီးချင်းများမှနီးစပ်ရာ ‌ရေပုံးများဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် မိနစ်၃ဝခန့်အကြာတွင် မီးငြိမ်းသွားပြီးတစ်အိမ်လုံး မီး‌လောင် ကျွမ်းသွား‌ကြောင်း မီးငြိမ်းသတ်ရာတွင်ပါဝင်ခဲ့သူ ‌စောလါးခီမူးက ‌ကေအိုင်စီကို‌ပြောပြသည်။

“မီး‌လောင်တာက ‌တော့နာရီဝက်‌လောက်ဘဲကြာတယ်။ ဖုန်မှုန့်‌တွေ၊ သဲ‌တွေနဲ့ပက်၊ ‌ရေပုံး‌တွေနဲ့ပက်တယ်။ လူအင်အားလည်းနည်းနည်းများတယ်။ ‌နောက်အဲဒီအိမ်က တစ်အိမ်တည်းလို သီးသန့်ဖြစ်‌နေတဲ့ အခါကျ‌တော့ နည်းနည်း‌တော်‌သေးတယ်” ဟုသူက‌ပြောသည်။

အဆိုပါ မီး‌လောင်ရခြင်းအ‌ကြောင်းကို စုံစမ်း‌နေဆဲဖြစ်ပြီး မီး‌လောင်ခံရ‌သောအိမ်တွင် မိသားစု၈ဦး ‌နေထိုင်ကာမည်သူတစ်ဦးတစ်‌ယောက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ စခန်းတာဝန်ရှိသူများ၏ ကူညီမှုနှင့် အတူနီးစပ်ရာအိမ်တစ်အိမ်တွင် လက်ရှိခိုလှုံ ‌နေထိုင်လျက်ရှိသည်ဟု စခန်းအတွင်း‌ရေးမှုး ‌စောအယ်ကလယ် က ‌ပြောသည်။

ဆက်လက်၍‌စောအယ်ကလယ်က“ မီး‌လောင်မှုဖြစ်တဲ့မိသားစုကို ကူညီ‌ထောက်ပံ့နိုင်ဖို့အတွက် TBBC ကို အကူအညီ‌တောင်းခံထားပါတယ်။ ပညာ‌ပေးမှုလည်း လုပ်မယ်။ ပြစ်ဒဏ်ကိုလည်း ထိုက်သင့်သ‌လောက် ‌ပေးသွားဖို့ရှိပါတယ်” ဟု‌ပြောသည်။

မယ်လဒုက္ခသည်စခန်းတွင် မီး‌ဘေးကြိူတင်ကာကွယ်သည့်အ‌နေဖြင့် အိမ်တစ်အိမ်လျှင်မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ‌ရေအိတ်များထားရှိပြီး ရပ်ကွက်တစ်ခုချင်းစီ အလိုက် ‌ရေထည့်ကန်များ၊ ‌ရေပုံးများအပြင် အလှည့်ကျမီးလုံခြုံ‌ရေးတာဝန်များလည်း ထားရှိ‌ကြောင်းသိရသည်။

အိမ်‌ခြေ ၇၀၀၀‌ကျော် ရှိသည့် မယ်လစခန်းတွင် လွန်ခဲ့‌သောမတ်လအတွင်းကလည်း ‌နေအိမ် ၄လုံး မီး‌လောင်ကျွမ်းမှုဖြစ်ခဲ့သည်ဟု သိရသည်။

အလားတူ ပြီးခဲ့‌သောမတ်လ ၂၂ရက်‌နေ့က ကရင်နီအမှတ် (၂) ဒုက္ခသည်စခန်းတွင် မီး‌လောင် ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ‌သေဆုံးသူ ၃၇ဦးရှိပြီး‌နေအိမ်၄၀၀‌ကျော် ပျက်စီးဆုံးရှုံးသွားခဲ့ကာ အိုးအိမ်မဲ့ ဖြစ်သွားသူ၂၃၀ဝခန့်ရှိသည်ဟု ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ဒုက္ခသည်များကို အကူအညီ‌ပေး‌နေသည့် TBBC ၏အွန်လိုင်း ဝက်ဆိုက်ဒ် သတင်း‌ဖော်ပြချက်အရ သိရသည်။