Home သတင်း ကရင်ပြည်နယ် NLD ပါတီ ဥက္ကဌ နန်းခင်‌ထွေးမြင့် ဘုရားသုံးဆူ မြို့ရှိ ပါတီဝင်များကိုသွား‌ရောက်‌တွေ့ဆုံ

ကရင်ပြည်နယ် NLD ပါတီ ဥက္ကဌ နန်းခင်‌ထွေးမြင့် ဘုရားသုံးဆူ မြို့ရှိ ပါတီဝင်များကိုသွား‌ရောက်‌တွေ့ဆုံ

2336
ဧပြီလ၃ရက်၊၂၀၁၃ခုနှစ်။စဖန်း‌ရှောင်း (‌ကေအိုင်စီ)

Nan-Khin-Htway-Myint
ကရင်ပြည်နယ်၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဌ နန်းခင်‌ထွေးမြင့်သည် ဘုရားသုံးဆူမြို့ရှိပါတီဝင်များကို ယမန်‌နေ့ ဧပြီလ ၂ရက်‌နေ့တွင် သွား‌ရောက်‌တွေ့ဆုံခဲ့ကာ‌ဆွေး‌နွေးပွဲ တရပ် ပြုလုပ်ခဲ့သည်ဟုသိရသည်။

လွန်ခဲ့‌သောမတ်လ၁ဝရက်‌နေ့ကရန်ကုန်မြို့တွင်ပြုလုပ်‌သော NLD ပါတီညီလာခံနှင့်ပတ်သက်ပြီးအ‌ခြေအ‌နေများကို‌အောက်‌ခြေမြို့နယ်ရှိပါတီဝင်များ သိမြင်နားလည်‌စေရန် ရည်ရွယ်ပြီး ဘုရားသုံးဆူမြို့တွင်ပါတီဝင်များနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုNLD ဗဟို‌ကော်မတီဝင်လည်းဖြစ်ကရင်ပြည်နယ် NLD ပါတီဥက္ကဌလည်းဖြစ်သူ နန်းခင်‌ထွေးမြင့်က ‌ကေအိုင်စီကိုယ‌နေ့တွင် ‌ပြောသည်။

“ရန်ကုန်မှာကျင်းပတဲ့ ပထမဆုံးအကြိမ် NLD ညီလာခံမှာဒီကကိုယ်စားလှယ်အဖြစ် တက်‌ရောက်နိုင်ခဲ့ခြင်းမရှိဘူး‌လေ။ အဲဒါ‌ကြောင့်ညီလာခံက အ‌ကြောင်းအရာ‌တွေကို သူတို့ကိုသိ‌စေချင်တယ်။‌နောက်ပြီး‌တော့ ဗဟိုက‌နေ‌အောက်‌ခြေအထိပြည်သူလူထု‌တွေနဲ့ ရင်းနှီး‌အောင်၊ပိုပြီးနားလည်မှု ရှိလာ‌အောင်ရည်ရွယ် လုပ်တာပါ” ဟုနန်းခင်‌ထွေးမြင့် က ‌ပြောသည်။

ဘုရားသုံးဆူမြို့အမှတ်(၁)ရပ်ကွက်ရှိ NLDရုံးတွင်မနက်၇နာရီမှ စတင်ကျင်းပခဲ့‌သောအဆိုပါ အခမ်းအနားတွင် NLD ပါတီဝင်များအပါအဝင် မွန်ပြည်နယ်ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်‌ဒေါ်ခင်‌ဌေးကြွယ်နှင့်ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးပါတီ နှင့် ဖလုုံစ‌ဝေါ်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်များစုစု‌ပေါင်း၁၅၀‌ကျော် တက်‌ရောက်ခဲ့ကြသည်ဟုသိရသည်။

အဆိုပါအခမ်းအနားတွင်‌ဒေါ်နန်းခင်‌ထွေးမြင့်မှ ပါတီ၏လုပ်ငန်းစဉ်များအ‌ကြောင်းကို ပါတီဝင်များနှင့်အတူအပြန်အလှန် ရှင်းလင်း‌ဆွေး‌နွေးခဲ့ကြသည့်အပြင်ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်‌ဒေါ်ခင်‌ဌေးကြွယ်မှ လွှတ်‌တော်ဆိုင်ရာအ‌ကြောင်းအရာများနှင့် သိသင့်သိထိုက်သည်များကို‌ဆွေး‌နွေးခဲ့ကြပြီးအခမ်းအနားကို မနက်၁ဝနာရီတွင်ရုပ်သိမ်းလိုက်သည်။

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် NLD ပါတီအ‌နေဖြင့်မြန်မာပြည် အနယ်နယ်အရပ်ရပ်တွင် လူမှု‌ရေးအကျိုးပြု၊ ပညာ‌ရေးအ‌ထောက်အကူပြုအခမဲ့သင်တန်းများကို ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိရာ ဘုရားသုံးဆူမြို့တွင်လည်းအဆိုပါသင်တန်းများကို ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိသည်ဟု သိရသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် NLD ပါတီ၏ပါတီဝင်အင်အားမှာ ၁၃သိန်း‌ကျော်ရှိပြီးနယ်စပ်မြို့တစ်ခုဖြစ်‌သော ဘုရားသုံးဆူမြို့နယ်တွင် ပါတီဝင်အ‌ရေအတွက်၃၀၀‌ကျော်ခန့်ရှိသည်ဟုသိရသည်။