Home သတင်း ကရင်ပြည်နယ်တွင် ဖုန်းတာဝါတိုင် နည်း‌နေ‌သေး၍ ဖုန်းလိုင်းပြဿနာ ရှိမည်ကို စိုးရိမ်‌နေ

ကရင်ပြည်နယ်တွင် ဖုန်းတာဝါတိုင် နည်း‌နေ‌သေး၍ ဖုန်းလိုင်းပြဿနာ ရှိမည်ကို စိုးရိမ်‌နေ

1872
ဧပြီလ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ)

Sim
ဆက်သွယ်‌ရေးဝန်ကြီးဌာနမှ ယခုလ ၂၄ရက်‌နေ့တွင် ‌ရောင်းချမည့် ၁၅၀ဝကျပ်တန် CDMA ဖုန်းကဒ်များကို လူစိတ်ဝင်စားမှုများ ‌သော်လည်း ကရင်ပြည်နယ်တွင် ဖုန်းတာဝါတိုင်များ အလွန်နည်းပါးသဖြင့် ဖုန်းလိုင်းပြဿနာများ ဖြစ်‌ပေါ် လာနိုင်မည်ကို လူထု အတွင်း စိုးရိမ်မှုရှိ‌နေသည်။

ဘားအံမြို့ခံတစ်ဦးက “၁၅၀ဝကျပ်တန်ဖုန်း ‌ရောင်းချမယ့်ကိစ္စကို အများက စိတ်ဝင်စားကြတယ်။ ဖုန်းများလာမှာမို့ ဖုန်း‌တော့ ဝယ်သုံးချင်ပါတယ်။ ဖုန်းတာဝါတိုင်း‌တွေလည်း ထပ်မတိုး‌သေးဘူး။ နည်း‌သေး‌တော့ ဖုန်းလိုင်းက သိပ်အဆင်မ‌ပြေနိုင်‌သေးဘူး လို့ ထင်တယ်။ အခု‌တောင်မှ ဖုန်းလိုင်းက ‌ကြောင်‌တောင်‌တောင်ဖြစ်‌နေ‌သေးတယ်။ အင်တာနက် ဖွင့်ထားတဲ့ ဖုန်း‌တွေလည်း အင်တာနက်သုံးလို့ မရ‌အောင် လိုင်းက ‌နှေးတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မကြာခင် ‌ရောင်းချ‌ပေးမည့် ၁၅၀ဝကျပ်တန် ဖုန်းများမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လစဉ် အလုံး‌ရေ သုံးသိန်းဖြစ်‌ကြောင်း၊ ပြည်နယ်နှင့် တိုင်း‌ဒေသခံကြီးများ ခွဲတမ်းဖြင့် ရရှိသလို ပြည်နယ်အတွက် ရရှိလာသည့် ဖုန်းခွဲတမ်းများ၏ ၃ပုံ၁ပုံမှာ အစိုးရဝန် ထမ်းများအတွက် သတ်မှတ်‌ရောင်းချမည်ဖြစ်‌ကြောင်း ဌာနဆိုင်ရာများ၏ ‌ပြောဆိုချက်အရ သိရသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်အတွင်း၌ ခန့်မှန်း‌ခြေအားဖြင့် ဖုန်းတာဝါတိုင်‌ပေါင်း ၂၈တိုင်ရှိရာ အသုံးပြုဆဲ ဖုန်းများနှင့် ‌နောက်ထပ် ‌ရောင်းချ‌ပေးမည့် ဖုန်းများအတွက် ဖုန်းလိုင်း လုံ‌လောက်မှုရှိ‌ကြောင်းကို ကရင်ပြည်နယ်၊ လမ်းပမ်းဆက်သွယ်‌ရေး ဝန်ကြီး ‌စောခင်‌မောင်မြင့်၏ (PSO) ‌စော‌ခေါင်ဖာ‌ထောက ‌ပြောသည်။

“ကျ‌နော်တို့ပြည်နယ်မှာ ဖုန်းတာဝါတိုင် ခန့်မှန်း‌ခြေ ၂၈တိုင် ရှိပါတယ်။ လက်ရှိသုံး‌နေကြဖုန်းနဲ့ ‌နောက် ထွက်လာမယ့် ဖုန်း‌တွေ အတွက်လည်း ဖုန်းလိုင်းပြဿနာ‌တွေ ဖြစ်‌ပေါ်ဖို့ မရှိဘူး။ နိုင်ငံ‌တော်ကလည်း ဖုန်း‌တွေကို တာဝါတိုင်နဲ့ ချိန်ကိုက်ပြီး အကန့်အ သတ်နဲ့ ‌ရောင်းချ‌နေရတာ‌ပေါ့။ ‌နောက်ပြီး ပြည်နယ်နှင့် တိုင်း‌ဒေသကြီး တစ်ခုချင်းစီအလိုက် နှစ်စဉ်နှစ်တိုင်း ဖုန်းတာဝါတိုင်‌တွေ ကို ၁၇တိုင်စီ လိုက်လံစိုက်ထူသွားမှာမို့ ဖုန်းလိုင်းပြဿနာ‌တွေ ဖြစ်‌ပေါ်ဖို့‌တော့ စိုးရိမ်စရာမရှိပါဘူး။”ဟု ‌ပြောသည်။

မြန်မာနိုင်ငံရှိ တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များတွင် ၁၅၀ဝကျပ်နှုန်းထားဖြင့် ဖုန်းကဒ်များကို စတင် ‌ရောင်းချ‌တော့မည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

‌စော‌ခေါင်ဖာ‌ထောက နိုင်ငံ‌တော်မှ လစဉ် ‌ရောင်းချသွားမည့် ဖုန်းအလုံး သုံးသိန်းထဲမှ တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များအတွက် ပြန်လည် ခွဲ‌ဝေရမည်ဖြစ်ပြီး ပြည်နယ်ခွဲတမ်းကိုမူ ‌ဒေသခံပြည်သူများအတွက် ပြန်လည် ‌ရောင်းချ‌ပေးသွားမည်ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘားအံမြို့ လှိုင်းဘွဲ-ဘားအံ လမ်းခွလမ်းရှိ ‘ပန်းဘုံ’ ဖုန်း‌ရောင်းဝယ်‌ရေးဆိုင်ရှင်က “လူအ‌တော်များများက ၁၅၀ဝ ကျပ်တန်ဖုန်း ကို လာ‌မေးကြတယ်။ စိတ်ဝင်စားကြတာ ‌တွေ့ရတယ်။ ဖုန်း‌တွေ‌တော့ အခုထိ ‌ရောက်မလာ‌သေးဘူး။ ၂၄ရက်‌နေ့မှာ ‌ရောက်လာ မယ်လို့ ကျ‌နော်ကြားတယ်၊ ‌ရောင်းချဖို့‌တော့ ဆက်သွယ်‌ရေးဌာနကပဲ ‌ရောင်းချဖို့များတယ်လို့ ကျ‌နော်ထင်တယ်”ဟု ဆိုသည်။

ထိုဖုန်းများ ဝယ်ယူနိုင်ရန် ဖုန်းအ‌ရောင်းဆိုင်များ သို့မဟုတ် ဆက်သွယ်‌ရေးဌာနမှ ‌ရောင်းချသွားမည်ကိုမူ ပြည်နယ် တာဝန်ရှိသူ များက မဆုံးဖြတ်ရ‌သေး‌ကြောင်း သိရသည်။