Home သတင်း အကြမ်းဖက်မှုများတွင် စနစ်တ ကျ‌လေ့ကျင့်ထားသည့် ပုံစံမျိုး မြင်‌တွေ့‌နေရဟု ကိုမင်းကိုနိုင် ‌ပြော

အကြမ်းဖက်မှုများတွင် စနစ်တ ကျ‌လေ့ကျင့်ထားသည့် ပုံစံမျိုး မြင်‌တွေ့‌နေရဟု ကိုမင်းကိုနိုင် ‌ပြော

1486
မတ် ၂၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)

IMG_5883မြို့ကြီးအချို့၌ လက်ရှိဖြစ်ပွား‌နေ‌သော အကြမ်းဖက်မှုဖြစ်ရပ်များတွင် ပါဝင်‌နေသူများသည် စနစ်တကျ ‌လေ့ကျင့်ထားသည့် ပုံစံမျိုး မြင်‌တွေ့‌နေရ‌ကြောင်း ၈၈မျိုး ဆက်‌ကျောင်းသား ‌ခေါင်‌ဆောင် ဦးမင်းကိုနိုင်က ရန်ကုန်ရှိ ၎င်းတို့ရုံးခန်းတွင် ယမန်‌နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်‌ဖော်‌ပြောကြား လိုက်သည်။

တိုက်ခိုက်မှုပုံစံမှာ လူမျိုး‌ရေး ဘာသာ‌ရေး ခွဲခြားတိုက်ခိုက်ခြင်းမျိုး မဟုတ်ဘဲ တမင်ရည်ရွယ်၍ စနစ်တကျတိုက်ခိုက်‌နေသည့်ပုံစံမျိုးဖြင့် တိုက်ခိုက်ခဲ့သည်ကို မတ်လ ၂၂ရက်‌နေ့က ဖြစ်ပွားခဲ့သည့် မိထီ္ထလာအကြမ်းဖက်မှုကို ကြည့်ပါက ထိုသို့ ‌ပြောဆိုနိုင်‌ကြောင်း ဦးမင်းကိုနိုင်က ယခုလို ‌ပြောသည်။

“ကျ‌နော်တို့က ဘယ်သူဘယ်ဝါဆိုတာ မခိုင်မာပဲနဲ ့ဘယ်‌တော့မှ စွပ်စွဲဖို့ မရှိဘူး။ စိုးရိမ်ပူပန်မှုကို‌တော့ ‌ပြောရ လိမ့်မယ်။ ဘာဖြစ်လို့လဲဆို‌တော့ ဒါဟာ စနစ်တကျ‌လေ့ကျင့်ထားတဲ့ တိုက်ခိုက်‌ရေးသမားပုံစံမျိုး အပြည့်အဝ ‌ပေါက်‌နေတယ်။ အရင့်ရင်ကလည်း ဒီလို ဖြစ်ခဲ့ပြီးပြီ။ ဝီစီမှုတ်ပြီး‌တော့ တပ်‌တွေ ဖြန့်တာ၊ ခရာမှုတ်ပြီး‌တော့ ခိုင်း တာ၊ ဝီစီမှုတ်ပြီး‌တော့ လူပြန်စုပြီး‌တော့ ထွက်ခွာတာမျိုး‌တွေကအစ အကုန်တတယ့်အချက်ပဲ”ဟု ဦးမင်းကိုနိုင် က ‌ပြောသည်။

အကြမ်းဖက်အုပ်စုများတွင် သီးခြားသ‌ကေင်္တများ အမှတ်အသားများပါဝင်သည်ကို ‌တွေ့ရ‌ကြောင်း၊ လက်‌ကောက်ဝတ်များတွင် ဝတ်ဆင်ထားသည်များရှိသလို ‌ဘောင်းဘီတွင် အမှတ်အသား တစ်မျိုးပြန်‌ပြောင်းပြီး တပ်ဆင်ထား‌ကြောင်းလည်း ဦးမင်းကိုနိုင်က ဆက်လက်‌ပြောကြားသည်။

အဆိုပါ အ‌ကြောင်းရင်းများကို ကြည့်ခြင်းအားဖြင့် ‌ဒေသခံများက ပြုလုပ်ခြင်း မဟုတ်ဘဲ အကြမ်းဖက်အုပ်စု များသည် တဖြည်းဖြည်း အ‌ဝေး‌ပြေးလမ်းအတိုင်းဆင်းလာကာ တစ်မြို့ပြီးတစ်မြို့ ထိပါးလာသည်ကို ‌တွေ့ရ ‌ကြောင်းနှင့် ထိပါးလုပ်‌ဆောင်ရာ၌လည်း မီးပျက်သွားမှုများ၊ တယ်လီဖုန်းလိုင်း ပျက်သွားမှုများ ချိန်ကိုက် ဖြစ်ပွား‌လေ့ရှိ သည်ဟု ၈၈ မျိုးဆက်‌ကျောင်းသားအဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံတွင် လတ်တ‌လောဖြစ်ပွား‌နေ‌သော အကြမ်းဖက်မှုများကို သက်ဆိုင်ရာ‌ဒေသအသီးသီးရှိ ဘာသာ ‌ရေး၊ လူမှု‌ရေး၊ အရပ်ဖက် လူ့အဖွဲ့အစည်းများစုစည်း ညှိနှိုင်းကာ ပဋိပက္ခကြိုတင်တားဆီး‌ရေးပြင်ဆင်မှုများ ‌ဆောင်ရွက်ထားကြရန် တိုက်တွန်းထားသည့် သ‌ဘောထားထုတ်ပြန်ချက်တစ်‌စောင်ကို ၈၈မျိုးဆက် (ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မတ်လ၂၇ ရက်‌နေ့က ထုတ်ပြန်ခဲ့သည်။