Home သတင်း အကြမ်းဖက်မှုတိုင်း မပါဝင်ကြ ရန် ‌ရွှေဝါ‌ရောင်သံဃာ‌တော်များ ကွန်ယက် သတိ‌ပေး

အကြမ်းဖက်မှုတိုင်း မပါဝင်ကြ ရန် ‌ရွှေဝါ‌ရောင်သံဃာ‌တော်များ ကွန်ယက် သတိ‌ပေး

1797
မတ်လ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)

မိတ္ထီလာမြို့မှ ပဋိပက္ခ မြင်ကွင်း
မိတ္ထီလာမြို့မှ ပဋိပက္ခ မြင်ကွင်း

မြန်မာပြည်သူများအ‌နေဖြင့် မည်သည့်အကြမ်းဖက်၊ အဖျက်လုပ်ငန်းမျိုးတွင်မဆို လုံးဝ မပါဝင်ကြရန် ‌ရွှေဝါ‌ရောင်သံဃာ‌တော် များကွန်ယက်က မတ် ၂၁ရက်‌နေ့တွင် အများပြည်သူထံ ‌ကြေညာချက် ထုတ်ပြန်ကာ သတိ‌ပေးလိုက်သည်။

အဆိုပါသတိ‌ပေးချက်၏ ရည်ရွယ်ချက်မှာ လတ်တ‌လော ဖြစ်‌ပေါ်‌နေသည့် မိတ္ထီလာအ‌ရေး ပဋိပက္ခများ၌ ပြည်သူများ မပါဝင်ကြ ‌စေရန် အဓိက ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်‌ကြောင်း ယင်းကွန်ယက်အဖွဲ့ဝင် ‌ရွှေဝါ‌ရောင်ပညာဒါန‌ကျောင်းမှ အရှင်ဩဘာသ(နဂါး) က ‌ကေအိုင်စီသို့ မိန့်ကြားသည်။

၎င်းက “အဓိကက‌တော့ အခုပဠိပက္ခ‌တွေမှာ ပြည်သူ‌တွေ လုံးဝ မပါဝင်ကြဖို့ တားဆီးဖို့ ရည်ရွယ်တယ်။ ‌နောက် အခုက ဆယ် တန်းစာ‌မေးပွဲ ‌ဖြေ‌နေချိန်‌လေ။ ‌နောက် တစ်ချက်က မကြာခင် ဘုန်းကြီး‌တွေ စာ‌မေးပွဲလည်း ရှိတယ်။ ဒီ‌တော့ တစ်‌နေရာတည်းမှာ ဘုန်းကြီး‌တွေ ချီသွားစုမဲ့သ‌ဘော ဖြစ်‌နေတယ်။ ဒါ‌တွေကို ကြိုမြင်တဲ့ အတွက်‌ကြောင့် ဦးဇင်းတို့က ဒါ‌တွေကို တားမြစ်တဲ့အ‌နေနဲ့ ‌ကြေငြာချက်ကိုထုတ်တဲ ့သ‌ဘောဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ မိန့်ကြားသည်။

အဆိုပါ‌ကြေညာချက်တွင် ကြားဖြတ်‌ရွေး‌ကောက်ပွဲ‌နောက်ပိုင်း မြန်မာပြည်အနှံ့ ဖြစ်‌ပေါ်‌နေသမျှ ပဋိပက္ခများသည် ‌သွေးရိုးသားရိုး မဟုတ်ဘဲ နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ ပုဂ္ဂိုလ်‌ရေးအရ အမြတ်ထုတ်လိုသူ လူတစ်စု၏ လုပ်ကြံဖန်တီး ‌ထောင်‌ချောက်ဆင်မှုက များပြား ‌နေပြီး အမှန်တကယ်ဖြစ်သည့်ကိစ္စက အလွန်နည်းပါး‌ကြောင်း၊ လက်ပံ‌တောင်း‌တောင်ကိစ္စအပြင် ရခိုင်ပြည်နယ်၊ အသိမ်းခံ လယ်ယာ‌မြေ၊ ကချင်တိုက်ပွဲနှင့် အလုပ်ရှင်အလုပ်သမား စသည့် ပဋိပက္ခများမှာလည်း အမြတ်ထုတ်လိုသူ လူတစ်စု၏ အကွက် ဆင်ထား‌သော ‌ထောင်‌ချောက်များသာဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

ယခုအခါ ဘာသာ‌ရေး၊ လူမျိုး‌ရေးကို ခုတုံးလုပ်ပြီး အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ပဋိပက္ခဖြစ်‌အောင် ဖန်တီးလှုံ့‌ဆော်မှုများကို ‌နေရာအများအပြားတွင် ဥပ‌ဒေမဲ့ ပြုမှု‌ဆောင်ရွက်လာသည်ကို စိတ်မချမ်း‌မြေ့ဖွယ်ရာ ‌တွေ့မြင်ကြားသိ‌နေရ‌ကြောင်း၊ ယင်းကို အ‌ကြောင်းပြုပြီး ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ထိပါးလာနိုင်ပါသဖြင့် ပြည်သူများ လုံးဝ မပါဝင်ကြရန် ‌မေတ္တာရပ်ခံ ထားသည်။

၎င်းအပြင် နိုင်ငံတကာမျက်နှာစာ၌လည်း နိုင်ငံ့ဂုဏ်သိက္ခာ ကျဆင်းပြီး အား‌ပေးကူညီမှုများ ရပ်တန့်သွားနိုင်သလို ပြည်တွင်း ဥပ‌ဒေစိုးမိုး‌ရေးတွင် အပြည်ပြည်ဆိုင်ရာ ဥပ‌ဒေများကိုလည်း လစ်လျူရှု‌နေ၍မရသည့်အ‌ပေါ် နိုင်ငံကြီးသားစိတ် ထားရှိရန်နှင့် အကြား အမြင်မှန်သမျှ မယုံကြည်ကြရန်နှင့် ‌ထောင်‌ချောက်မမိ‌စေရန် ပြည်သူများ ဆင်ခြင်ကြ‌စေလို‌ကြောင်း ‌ဖော်ပြထားသည်။

လက်ရှိတွင် မိတီ္ထလာဖြစ်ရပ်‌ကြောင့် မတ် ၂၂ရက်‌နေ့အထိ လူ ၁၁ဦး ‌သေဆုံးပြီး ၃၉ဦး ဒဏ်ရာရရှိသွားပြီးဖြစ်‌ကြောင်း၊ ပဋိပက္ခ များ‌ကြောင့် ‌နေအိမ် ၁၅၂လုံး၊ ‌မော်‌တော်ယာဉ် ၂စီး၊ ပညာ‌ရေးမှူးရုံးတစ်ရုံး၊ ဆိုင်ကယ်နှစ်စီး၊ သုံးဘီးဆိုင်ကယ် ၂စီး၊ သာသနာ ‌ရေး အ‌ဆောက်အအုံ ၁၃လုံးရှိပြီးဖြစ်‌ကြောင်း အစိုးရဘက်က တရားဝင် သတင်းထုတ်ပြန်ထားသည်။