Home ကဗျာ ရည်ရွယ်ရာလမ်း (ကဗျာ)

ရည်ရွယ်ရာလမ်း (ကဗျာ)

2288
(လကင်္ာဒီပ)

2
ဒီပုတ်ထဲက ဒီပဲ
‌ကြောင်‌တောင်ဆွဲ ချီး‌ပေါ‌လော‌တွေက
အတွဲညီညီ ကကျိုးသီလို့
ဒီကမ္ဘာတလွှား ရှက်ကြိုးများပြတ်
စံရှင်ရပ်‌ပေးကြပါဆို
နိုဘယ်ဆု‌လေးလည်း ‌မျှော်ကိုးထားဆိုပဲ။

မိုးခြိမ်းသံ‌လေးကို‌တောင်
အသည်း‌ကြောင်‌အောင် ‌ကြောက်တတ်‌နေသူ‌တွေ
‌တွေ‌ဝေခြင်း ဝိုးတဝါးအမြင်ရှိသမို့
ရာမြင်လို့ ‌ထောင်စွန့်ကြသတဲ့
‌တော်လှန်လာတဲ့ လမ်းလည်း
သဲထဲ‌ရေသွန်သလို လုပ်ပစ်ကြပြီ။

ဘာ‌တွေဖြစ်ကုန်ကြပြီလဲ
အလွဲလွဲအမှားမှားဖြစ်ကတတ်ဆန်း
ပရမ်းပတာ ထင်တိုင်းကြဲ‌လောကထဲ
ပြန့်ကျဲသွားဘဝ‌တွေ
‌ငေး‌မော‌နေသူ‌တွေလည်းရှိ
လှည့်မကြည့်ချင်‌လောက်‌အောင်ပဲ
အသည်းနာ‌နေသူ‌တွေလည်း ရှိ
သတိနဲ့ လုပ်စရာရှိတာ‌တွေ
‌ခြေလှမ်းမှန်မှန် လှမ်း‌နေသူလည်းရှိ‌သော
မာယာများ‌သော ဒီ‌လောကကြီးထဲ
‌ကျောမွဲလူတန်းစား‌တွေအတွက်
မျက်ရည်မိုးခါး‌တွေ သုတ်‌ပေးသူရှိနိုင်‌ကောင်းပါရဲ့။

သူများ‌ယောင်လို့လိုက်‌ယောင်
အ‌မောင် ‌တောင်မှန်းမသိ‌မြောက်မှန်းမသိ
သတိနဲ့ကတိ လုံးလုံးမရှိ‌တော့တဲ့အထိ
ချစ်မိ‌တော့လည်း ‌ယောင်းမမြင်းစီးထွက်ကြ
လူ့ဗာလ‌တွေ ‌နေရာယူတဲ့‌ခေတ်ဟာ
‌ကောသလမင်းရဲ့အိပ်မက်
ထွက်ဆိုကာ အကြိမ်ကြိမ်အတည်ပြုမိလျက်သား။

အတွင်းရန် အပြင်ရန်
မင်းမှန်မှ တင်းခံနိုင်မယ်
ဘယ်ဆီဘယ်ဝယ်မှန်းမသိ‌တော့တဲ့
ငါတို့ရဲ့ပန်းတိုင်နဲ့ အနာဂတ်ဟာ
ဒဏ်ရာဒဏ်ချက်အပြည့်နဲ့
‌နောက်‌ကြောင်းပြန်လှည့်ခဲ့ပြီလား မသိ‌တော့။

သွား‌လေသူ ရဲ‌ဘော်တို့‌ရေ
မ‌ကျေလည်ခဲ့တဲ့ တာဝန်
လွန်တာရှိရင် သူတို့ကိုယ်စား
ဝပ်တွားကာ ‌တောင်းပန်ပါရ‌စေ
ငါ မ‌သေ‌သေးသ‌ရွေ့
‌တွေ့ကြုံလာရမယ့် တိုက်ပွဲများအတွက်
အသက်ဆက်ကာ ဖြည့်ဆီးယူငင်‌ပေးပါ့မယ်
ရည်ရွယ်ရာလမ်း ဟို‌တောင်တန်းမှ
မှန်းဆ‌မျှော်သည် အိုဘယ့်ကိုးနဒီ။

မတ်လ ၃၀၊ ၂၀၁၃