Home သတင်း ဖားအံစက်မှုဇုန်အနီးတဝိုက်ရှိ ‌မြေများ သုံးဆအထိ ‌ဈေးနှုန်းမြှင့်တက်

ဖားအံစက်မှုဇုန်အနီးတဝိုက်ရှိ ‌မြေများ သုံးဆအထိ ‌ဈေးနှုန်းမြှင့်တက်

1821
မတ်လ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)

Photo-KIC
ကရင်ပြည်နယ်တွင် ဖားအံစက်မှုဇုန် စတင်တည်‌ဆောက်ခဲ့ပြီး‌နောက် ယခုနှစ်ဆန်းပိုင်းအတွင်း ၎င်းစက်မှုဇုံ အနီးတဝိုက်ရှိ ‌မြေများမှာ မူလ‌ဈေးနှုန်းထက် သုံးဆအထိ ရုတ်တရက် မြှင့်တက်လာ‌ကြောင်း သိရသည်။

အဆိုပါ စက်မှုဇုံမှာ ဖားအံမြို့မှ လှိုင်းဘွဲမြို့သို့သွားရာ ကားလမ်းမနံ‌ဘေးတွင် တည်ရှိပြီး လမ်း‌ကြောင်း တ‌လျှောက်ရှိ မဲ‌ဘောင်ရွာ၊ ‌တောင်က‌လေးရွာ (ဖလုံပညာ့တ‌ဝေါင့်)နှင့် ထီ့ဖိုးခလုံးရွာတို့၏ ‌မြေ‌ဈေးမှာ တစ်ဆမှ သုံးဆအထိ မြင့်တက်လာခြင်းဖြစ်သည်ဟု ‌ဒေသခံများက ဆိုသည်။

ယခင်က ‌မြေ‌ဈေးနှုန်းထားများမှာ အကွက်လိုက် သို့မဟုတ် ခြံကွက် ‌ပေ (၆၀×၈၀)လျှင် ကျပ်သိန်းတစ်ရာ‌ကျော် ‌ပေါက်‌ဈေးဖြင့် ‌ရောင်းဝယ်ကြ‌သော်လည်း ယခုနှစ်တွင်မူ ‌မြေ၊ ခြံများကို တစ်‌ပေချင်းစီ နှုန်းထားဖြင့် ‌ရောင်းချကြ ရာ လက်ရှိတွင် တစ်‌ပေပတ်လည် ‌မြေကွက်‌ပေါက်‌ဈေးမှာ ၁၅သိန်းရှိ‌ကြောင်း ‌ဒေသခံရွာသားများက ‌ပြောဆို ‌နေကြသည်။

မဲ‌ဘောင်ရွာသား ‌မြေပွဲစားတစ်ဦးက “ဒီစက်မှုဇုန်အနီးတဝိုက်မှာရှိတဲ့ ‌မြေ‌ဈေးနှုန်းက‌တော့ ‌ကြောက်စရာ‌ကောင်း ‌အောင် မြင့်တက်လာတယ်‌လေ။ ၂၀၁၂ခုနှစ်တုန်းကဆိုရင် ဖြည်းဖြည်းနဲ့ပဲ ‌ဈေးတက်တာ။ ဒီနှစ် ၂၀၁၃ခုနှစ်မှာ ‌ရောက်‌တော့ အံ့ဩစရာ‌ကောင်း‌အောင် ‌ဈေးတက်လာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ယခုလို ‌မြေ‌ဈေးနှုန်း မြှင့်တက်လာခြင်းနှင့်ပတ်သက်၍ ‌ဒေသခံများက အတိအကျ မသိရှိရ‌သော် လည်း ‌တောင်က‌လေးရွာ၌ ရပ်‌ဝေးမှ စီးပွား‌ရေးလုပ်ငန်းရှင်များက စတင်ဝင်‌ရောက် ဝယ်ယူခဲ့ခြင်းဖြစ်‌ကြောင်း ၎င်း‌မြေပွဲစားက ထပ်မံ‌ပြောဆိုသည်။

မိဇံရွာလယ်သမားတစ်ဦးကလည်း စက်မှုဇုံအတွင်းရှိ ၎င်း၏လယ်‌မြေများကိုလည်း ကာလ‌ပေါက်‌ဈေးတက် ‌ဈေးနှုန်းမြှင့်မြှင့်ဖြင့် စီးပွား‌ရေးသမားများက လာ‌ရောက်ညှိနှိုင်းပြီး ‌တောင်းဝယ်‌သော်လည်း လက်ရှိလယ်‌မြေ များမှာ စပါးစိုက်ပျိုးထား‌သော‌ကြောင့် လယ်သမားများဘက်မှ မ‌ရောင်းချင်‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

Photo-KIC

လက်ရှိ ဖားအံစက်မှုဇုန်မှာ စီပွား‌ရေးလုပ်ငန်းရှင်များ ‌မြေ၊ ခြံဝယ်ယူကြပြီး အလုပ်ရုံများ ‌ဆောက်လုပ်လျှက်ရှိရာ အထည်ချုပ်ရုံများ၊ စက်ဘီး ပြန်လည်တတ်ဆင်သည့် အလုပ်ရုံများနှင့် အခြားကုမ္ပဏီလုပ်ငန်များ ပါဝင်ပြီး လတ်တ‌လော UMH ‌ခေါ် အထည်ချုပ်စက်ရုံတစ်ရုံသာ ဖွင့်လှစ်‌သေးသည်ဟု သိရသည်။

၂၀၁၁ခုနှစ်ကတည်း စတင်လာခဲ့သည့် ဖားအံစက်မှုဇုန်သည် ကရင်ပြည်နယ်အစိုးရက ဦးစီးလုပ်ကိုင်ပြီး စက်မှု ဇုန် ဥက္ကဌမှာ ဝန်ကြီး‌စောကြည်လင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။