Home သတင်း ပထမအကြိမ်‌မြောက် ကရင်‌ရေးရာ အစည်းအ‌ဝေး စတင်ကျင်းပခြင်း

ပထမအကြိမ်‌မြောက် ကရင်‌ရေးရာ အစည်းအ‌ဝေး စတင်ကျင်းပခြင်း

2019
မတ်လ ၂၉ ရက်၊ ၂၀၁၃ ခုနှစ်။ (‌ကေအိုင်စီ)

Photo-Susanna Soe facebookပထမအကြိမ်‌မြောက် ကရင်‌ရေးရာအစည်း အ‌ဝေးဖွင့်ပွဲ အခမ်းအနားကို ယ‌နေ့မြန်မာစံ‌တော်ချိန် မနက် ၈နာရီ အချိန်တွင် ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၃) ရပ်ကွက်ရှိ ဇွဲကပင်ခန်းမ၌ စတင်ပြုလုပ် ကျင်းပ ခဲ့သည်။

၎င်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာအစိုးရ သမ္မတရုံး‌ရေးရာ ဝန်ကြီး ဦး‌အောင်မင်း အပါအဝင် မြန်မာငြိမ်းချမ်း ‌ရေးစင်တာ-MPC အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့၊ ကရင်‌ဒေသများနှင့် ကရင်စာ‌ပေ အဖွဲ့အစည်း အသီး သီးမှကိုယ်စားလှယ်များ စုစု‌ပေါင်း၅၀ဝ နီးပါး တက်‌ရောက်ခဲ့ကြသလို ‌တောင်က‌လေး ဆရာ‌တော်ဦး ပညာသာမိကလည်း သဝဏ်လွှာ‌ပေးပို့ခဲ့သည်။

ဖွင့်ပွဲအပြီးတွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဇွဲကပင်ခန်းမ မှ ပြန်လည်ထွက်ခွားသွားခဲ့ကြပြီး ကရင်‌ရေးရာ အစည်းအ‌ဝေးကို စတင်ကျင်းပခဲ့ရာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနသင်္ာရီတိုင်း၊ မြန်မာပြည် အထက်ပိုင်းမှ ကရင်လူမှု‌ရေး၊ နိုင်ငံ‌ရေး စာ‌ပေယဉ်‌ကျေးမှု အဖွဲ့များမှ ကိုယ်စား လှယ်များ၊ အနုသုခုမအဖွဲ့ဝင်များ၊ လွှတ်‌တော်အမတ်အဖွဲ့ ကရင်လူငယ်နှင့် အမျိုးသမီးအဖွဲ့ဝင်များ၊ ‌ကေအဲန်ယူ အပါအဝင် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲထား‌သော ကရင်လက်နက်ကိုင်အဖွဲ့များနှင့် နယ်ခြား‌စောင့်တပ် များ ပါဝင်ခဲ့ကြသည်။

ယခုအစည်းအ‌ဝေး၏ ‌ဆောင်ပုဒ်မှာ ‘ကရင့်ဘဝလှပဖို့ ညီညီညွတ်ညွတ် လက်တွဲစို့’ ဟူ၍ဖြစ်ပြီး ရည်ရွယ်ချက်မှာ စစ်မှန်တည်တံ့‌သော ငြိမ်းချမ်း‌ရေး၊ စည်းလုံးညီညွတ်‌ရေးနှင့် ကရင့်အနာဂတ်‌ရေးတို့အ‌ပေါ် အ‌ခြေခံကာ ‌ဆွေး ‌နွေးသွားသည့် အစည်းအ‌ဝေးဖြစ်သည်။

အစည်းအ‌ဝေးသဘာပတိ ဘဒ္ဒန္တ အရှင်စန္ဒာဝရက “ကရင်‌ရေးရာ အစည်းအ‌ဝေးပွဲမှာ အပြုသ‌ဘော‌ဆောင်တဲ့ ‌ဆွေး‌နွေး ချက်‌တွေကို ဒီရရှိလာတဲ့အချိန်‌လေးမှာ တန်ဖိုးရှိရှိ အကျိုးရှိရှိ ထိထိမိမိ လိုရင်တိုရှင်း ‌ဆွေး‌နွေးတင်ပြ ‌စေချင်ပါတယ်။

ဒါမှသာ အားလုံးကို ‌လေးစားရာ‌ရောက်ပြီး ကရင်လူမျိုးရဲ့ စည်းလုံး‌ရေး၊ ငြိမ်းချမ်း‌ရေးနဲ့ လှပတဲ့ အနာဂတ်ကို ‌ဖော်‌ဆောင်‌ပေးမယ့် သမိုင်းတွင်မယ့် ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်”ဟု မြွက်ကြား‌ပြောဆိုသည်။

အစီအစဉ်အရ သက်ဆိုင်ရာ အဖွဲ့ကိုယ်စားလှယ်များက ယခုအစည်းအ‌ဝေးပွဲနှင့် ပတ်သက်၍ ၎င်းတို့၏ သ‌ဘော ထားများကို တင်ပြခြင်း၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များက သ‌ဘောထားစာတမ်းများ‌ပေးပို့ခဲ့ကြရာ လက်ရှိ အချိန်သည် အပစ်အခတ်ရပ်စဲ‌နေ‌သော်လည်း ကရင်လူမျိုးများအတွက် ဥပ‌ဒေအရ လုံခြုံမှု မရှိ‌သေး‌ကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အ‌ခြေခံရပိုင်ခွင့်ပြည့်ဝသည့် ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ လိုအပ်‌ကြောင်း၊ လူ့အခွင့် အ‌ရေးချိုး‌ဖောက်မှုများကို ကရင်လူမျိုးများက စည်းလုံးညီညွတ်စွာ တွန်းလှန်ကာကွယ်သွားရန်၊ ကရင်‌ဒေသရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်များ ထိန်းသိမ်း‌စောင့်‌ရှောက်ရန် စသည်တို့ ပါဝင်သည်။

မွန်းလွဲပိုင်းတွင် အစည်းအ‌ဝေး၏ ရည်ရွယ်ချက်ပါ အချက်သုံးချက်အတိုင်း အုပ်စုလိုက်‌ဆွေး‌နွေးပွဲကို ပြုလုပ်ခဲ့ ကြပြီး ရရှိလာသည့် အချက်အလက် များကို မှတ်တမ်းအဖွဲ့မှ စု‌ဆောင်းထားကာ ဒုတိယ‌နေ့တွင် ဆက်လက် ‌ဆွေး‌နွေးသွားမည်ဖြစ်သည်။

အလားတူ ညပိုင်း‌ဆွေး‌နွေးပွဲကို ဖားအံမြို့ အမှတ်(၃) ရပ်ကွက်ရှိ သု‌မေဓါရာမ ကြား‌တောရ ဘုန်းကြီး‌ကျောင်း တွင် ဆက်လက်ပြုလုပ်ခဲ့ကြပြီး အစည်းအ‌ဝေး ဒုတိယ‌နေ့(‌နောက်ဆုံး‌နေ့)တွင် နှစ်ရက်တာ ကရင်‌ရေးရာ အစည်းအ‌ဝေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ် သွားမည်ဖြစ်သည်။