Home သတင်း ကရင်ပြည်နယ်ရှိ လယ်သမားများ ကို လယ်ယာလုပ်ခွင့်ရရှိရန် ပြန် လည်‌လျှောက်ခွင့်ပြု

ကရင်ပြည်နယ်ရှိ လယ်သမားများ ကို လယ်ယာလုပ်ခွင့်ရရှိရန် ပြန် လည်‌လျှောက်ခွင့်ပြု

1832
မတ်လ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)

DSC09749ကရင်ပြည်နယ်အတွင်းရှိ လယ်သမားများအ‌နေဖြင့် မိမိပိုင် လယ်ယာ‌မြေများကို ပြန်လည်လုပ်ကိုင်ခွင့် ရရှိ‌ရေးအတွက် ယခုနှစ် ဆန်းပိုင်းမှစ၍ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ရုံးများသို့ ‌လျှောက်လွှာများ သွား‌ရောက်‌လျှောက်ထားနိုင်‌ကြောင်း သိရသည်။

၎င်း‌လျှောက်လွှာများကို ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလမှစ၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တဆင့်ပြီးတဆင့် ‌လျှောက်ထားကြခဲ့ရာ လက်ရှိ ‌လျှောက်လွှာလာတင်သူမှာ ၁၀ဝဦး‌ကျော်ရှိလာပြီး ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများက နိုင်ငံ‌တော်၏ အထက်တာဝန်ရှိသူများ ထံသို့ တင်‌ပေးသွားမည်ဟု သိရ‌ကြောင်း ‌ဒေသခံလယ်သမားများက ‌ပြော ဆို‌နေကြသည်။

ဘားအံမြို့နယ်၊ လှာကမြင်‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး ‌စောတာမိုက်က “ကျ‌နော်တို့ကို အထက်က မြို့နယ်ရုံးက ညွန်ကြားလို့ အခုလို လုပ်‌ပေးရတာပါ။ သူတို့ ညွန်ကြားချက်များအရဆိုရင် တနိုင်ငံလုံးပဲလို့ သိရပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေသခံလယ်သမားများသည် ‌ပြေစာ‌ပေါက်သည့် လယ်‌မြေများကို ပြန်လည် လုပ်ကိုင်ခွင့်ရရှိ‌ရေး အပါအဝင် ၂၀၁ဝခုနှစ်မတိုင် ခင်ကာလက အသိမ်းခံ လယ်‌မြေများနှင့် အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ‌ရောင်းခဲ့ရသည့် လယ်‌မြေများကို ပြန်လည်လုပ်ကိုင်ခွင့်ရရှိ ရန် လုပ်‌ဆောင်‌နေခြင်းဖြစ်သည်ဟု ‌စောတာမိုက်က ဆိုသည်။

ယင်းသို့ လုပ်‌ဆောင်ရာတွင် လယ်သမားများဘက်က ‌လျှောက်လွှာတင်စရိတ်များအတွက် ‌ငွေ‌ပေး‌ဆောင်ရန် မလို‌ကြောင်းနှင့် ‌ဖြေရှင်း၍ ရနိုင်သည့် လယ်‌မြေများကို ‌ဖြေရှင်း‌ပေးပြီး ရှုတ်‌ထွေးမှုများရှိသည့် လယ်‌မြေများကို သက်ဆိုင်ရာ အစိုးရဌာနများသို့ တင်ပြ လုပ်‌ဆောင်သွားရန်ရှိသည်ဟုလည်း သိရသည်။

ဘားအံမြို့နယ်၊ မိန်းမရှာရွာသား လယ်သမားတစ်ဦးကလည်း “ကျ‌နော်တို့ရဲ့ လယ်‌မြေကိစ္စ‌တွေကို နိုင်ငံ‌တော်က တရားမျှတစွာ ဆုံးဖြတ်လုပ်ကိုင်သွားမယ်လို့ ယုံကြည်တယ်။ နိုင်ငံ‌တော်ရဲ့ ဆုံးဖြတ်ချက်များကိုလည်း ‌လေးစားလိုက်နာမယ်။ ‌နောက် ‌မျှော် လင့်ချက်နဲ့ ကျ‌နော်တို့ အခုလို ‌လျှောက်လွှာ‌တွေ လာ‌ရောက်တင်ရတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလ ၅ရက်‌နေ့က နယ်စပ်အ‌ခြေစိုက် ကရင်လူ့အခွင့်အ‌ရေး အဖွဲ့အစည်း KHRG က အပစ်အခတ် ရပ်စဲပြီး‌နောက်ပိုင်း ကရင် ပြည်နယ် အပါအဝင် မြန်မာပြည်အ‌ရှေ့ဘက်ခြမ်း‌ဒေသများ၌ ‌မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ အစီရင်ခံစာ ထုတ်ပြန်‌ကြေ ညာခဲ့သည်။

သို့‌သော် မြန်မာအစိုးရမှ လယ်သမားများအတွက် ယခုလို လယ်ယာ‌မြေလုပ်ကိုင်ခွင့် ပြန်လည်ရရှိရန် ‌ဆောင်ရွက်‌ပေး‌နေမှုများ ကို ကရင်ပြည်နယ်ရှိ ‌ဒေသခံ ‌တောင်သူလယ်သမားများနှင့် ပြည်သူလူထုများက ‌ကျေနပ်အားရ‌နေကြသည်။