Home သတင်း ကရင်နီပြည်နယ်တွင် နှုတ်ထွက်သည့် NLD ပါတီဝင် တစ်‌သောင်း‌ကျော် ပါတီသစ်တည်‌ထောင်ဖွယ်ရှိ

ကရင်နီပြည်နယ်တွင် နှုတ်ထွက်သည့် NLD ပါတီဝင် တစ်‌သောင်း‌ကျော် ပါတီသစ်တည်‌ထောင်ဖွယ်ရှိ

2534
မတ်လ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)

NLD Flagကရင်နီ(ကယား)ပြည်နယ်၊ လွိုင်‌ကော်မြို့၌ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ပါတီအဖွဲ့ဝင် တစ်‌သောင်း‌ကျော်သည် ပါတီမှ မတ်လ ၈ရက်‌နေ့တွင် နုတ်ထွက်ကြပြီး‌နောက် တိုင်းရင်းသားပါတီသစ်တစ်ခု တည်‌ထောင်သွား ဖွယ်ရှိမည်ဟု စုံစမ်းသိရှိရသည်။

NLD ဗဟို‌ကော်မတီမှ ဗဟိုဦးစီးချုပ်ကိုင်မှုများ ပြုလုပ်ခြင်း၊ ပြည်နယ်အတွင်းရှိ ပါတီဝင် တိုင်းရင်းသားများအ‌ပေါ် ခွဲခြားခြင်းဝါဒ ကျင့်သုံးခြင်းများ‌ကြောင့် နုတ်ထွက်ရခြင်းဖြစ်‌ကြောင်းနှင့် ပါတီတစ်ခု တည်‌ထောင်သွားရန်ရှိ‌ကြောင်း နုတ်ထွက်မှုတွင် ပါဝင်ခဲ့သူ ဦး‌စောဒယ်နီရယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဦး‌စောဒယ်နီရယ်က “ကျ‌နော်တို့(ကရင်နီ)ပြည်နယ်က NLD ဆိုင်းဘုတ်ကို ဦးဉာဏ်ဝင်းက ဖြုတ်ခိုင်းတာ ရှိတယ်။ ဘာ‌ကြောင့် ဖြုတ်ခိုင်းလဲ ‌မေး‌တော့ ဘာမှ ပြန်မ‌ဖြေဘူး။ ဒါဗဟိုချုပ်ကိုင် မှုဝါဒပဲ၊ လူမျိုးကြီးဝါဒပဲလို့ ယူဆတယ်။ ကျ‌နော်တို့ တိုင်းရင်းသားများ လိုလားတဲ့ ဝါဒမဟုတ်ဘူး။ ဒါ‌ကြောင့် ကျ‌နော်တို့ကလည်း လုပ်စရာရှိတာ ဆက်လုပ်သွားမယ်။ ပါတီ‌ထောင်ဖို့က‌တော့ စဉ်းစား‌နေတုန်းပဲ”ဟု ‌ပြောသည်။

ထို့အပြင် တိုင်းရင်းသားများအား ထိုသို့ ခွဲခြားမှုများ ရှိသည့်အ‌ပေါ် NLD ပါတီသည် တိုင်းရင်းသားများ၏ အကျိုး ကို ‌ဖော်‌ဆောင်‌ပေးနိုင်သည့်ပါတီ မဖြစ်နိုင်‌ကြောင်းနှင့် ယခုကဲ့သို့ ဝါဒများ ဆက်လက်ကျင့်သုံးပါက မြန်မာနိုင်ငံ တွင် ဖက်ဒရယ်ပြည်‌ထောင်စုကြီး ‌ပေါ်‌ပေါက်လာရန် မလွယ်ကူ‌ကြောင်း သူက ဆက်‌ပြောသည်။

ယခင်လ ‌ဖေ‌ဖော်ဝါရီ တတိယအပတ်ကလည်း ကရင်နီပြည်နယ်မှ NLD ပါတီဝင်များဖြစ်သည့် ဦး‌စောဒယ်နီရယ် အပါအဝင် ဦးညွန့်‌ဆွေနှင့် ဦးထွန်းကြိုင်တို့သည် ကရင်ပြည်နယ်၊ ဘားအံမြို့အ‌ခြေစိုက် ကရင်ပါတီကြီးတစ်ခု ဖြစ်သည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ-PSDP ကို လာ‌ရောက်‌တွေ့ဆုံပြီး NLD ဗဟို၏ ၎င်းတို့အ‌ပေါ် ထားရှိ သည့် သ‌ဘောထားများကို ‌ပြောသွားခဲ့သည်ဟု PSDP အ‌ထွေ‌ထွေအတွင်း‌ရေးမှူး စဘီကျင်ဦးက ‌ပြောသည်။

စဘီကျင်ဦးက “လွိုင်‌ကော် NLD အဖွဲ့ ကျ‌နော်တို့ကို လာ‌တွေ့တာ ရှိတယ်။ ကိစ္စက‌တော့ သူတို့ NLD ဗဟို‌တွေ က သူတို့ပြည်နယ် NLD ကို ဆက်ဆံပုံနဲ့ နုတ်ထွက်မယ့်အ‌ကြောင်း ‌ပြောသွားတယ်။ ‌နောက် PSDP ပါတီရဲ့ မူဝါဒလမ်းစဉ် အ‌ကြောင်းကို ‌မေးမြန်းတိုင်ပင်ခဲ့သလို တိုင်းရင်းသားညီ‌နောင် (၁၀)ပါတီအ‌ကြောင်းကိုလည်း စိတ်ဝင်တယ်လို့ ‌ပြောသွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်နီပြည်နယ်မှ NLD ပါတီဝင် တစ်‌သောင်း‌ကျော် နှုတ်ထွက်ခဲ့ခြင်းနှင့် ပတ်သက်၍ မတ်လ ၁ဝရက်‌နေ့က ရန်ကုန်၌ ပြုလုပ်‌သော NLD ညီလာခံအပြီး ဥက္ကဌအဖြစ် ပြန်လည်အ‌ရွေးခံရသည့် ‌ဒေါ်‌အောင်ဆန်းစုကြည်အား သတင်‌ထောက်များက ‌မေးမြန်းသည့်အခါ ကယားပြည်နယ်တွင် ၎င်းတို့ပါတီဝင်အင်အား ထိုမျှ‌လောက် ရှိမလား ဟူ၍ ‌မေးခွန်းထုတ်ကာ တုံ့ပြန်‌ပြောဆိုခဲ့သည်။

မြန်မာတနိုင်ငံလုံးရှိ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ၏ ပါတီဝင်အင်အားမှာ ၁၃ သိန်း ‌ကျော်ရှိ‌ကြောင်း သိရသည်။