Home သတင်း SAW ‌ရွှေ့‌ပြောင်း‌ကျောင်းတွင် ဗိုလ်ချုပ်‌မွေး‌နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

SAW ‌ရွှေ့‌ပြောင်း‌ကျောင်းတွင် ဗိုလ်ချုပ်‌မွေး‌နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

1560
‌ဖေ‌ဖော်ဝါရီလ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

ထိုင်းနိုင်ငံ-မဲ‌ဆောက်မြို့ရှိ ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်း တစ်‌ကျောင်းဖြစ်သည့် SAW စာသင်‌ကျောင်းတွင် ယ‌နေ့ ကျ‌ရောက်သည့် ဗိုလ်ချုပ်‌အောင်ဆန်း‌မွေး‌နေ့နှင့် မြန် မာနိုင်ငံက‌လေးများ‌နေ့ အခမ်းအနားကို က‌လေးငယ်များ၏ အားကစားပြိုင်ပွဲများဖြင့် ကျင်းပ ခဲ့ကြသည်။

အခမ်းအနားကို နံနက် ၈နာရီအချိန်မှစတင်ပြီး က‌လေးငယ်များ၏ အ‌ပြေးပြိုင်ပွဲ၊ ဗိုလ်ချုပ်‌အောင်ဆန်း မိန့်ခွန်း‌ပြောပြိုင်ပွဲ၊ ‌ချော တိုင်တက်ပွဲ၊ ‌ခေါင်းဦးရိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသူများကို ဆု‌ပေးအပ်ချီးမြှင့်ခဲ့ကာ အခမ်းအနားကို ‌နေ့လည် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့သည်။

‌ဖေ‌ဖော်ဝါရီလ ၁၃ရက်‌နေ့သည် မြန်မာနိုင်ငံသားများ ‌လေးစားအတုယူထိုက်သည့် ဗိုလ်ချုပ်‌အောင်ဆန်း၏ ၉၈နှစ်‌မြောက် ‌မွေး‌နေ့ ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ က‌လေးများ‌နေ့လည်း ဖြစ်သည့်အတွက် မြန်မာ‌ရွှေ့‌ပြောင်းက‌လေးများလည်း ပါဝင်ဆင်နွှဲနိုင်ရန် ယခု လို ကျင်းပရခြင်း ဖြစ်‌ကြောင်း SAW ‌ကျောင်းပညာ‌ရေးတာဝန်ခံ ဆရာမင်းမင်းက ‌ပြောသည်။

၎င်းက “ဗိုလ်ချုပ်ဟာ ကျ‌နော်တို့လူငယ်‌တွေ အားကျ အတုယူစရာ‌ကောင်းတဲ့ ပုဂ္ဂိုလ်တ‌ယောက် ဖြစ်တယ်။ ‌နောက်ပြီး‌တော့ သူက‌ကျောင်းသားဘဝကတည်းက မြန်မာပြည်သူလူထုအကျိုးအတွက် ဦး‌ဆောင်ဦးရွက်ပြုခဲ့တယ်။ လမ်းမှန်ကို ‌လျှောက်ပြခဲ့ တယ်။ ဒါ‌ကြောင့် ‌ကျောင်းသား‌တွေကို ဗိုလ်ချုပ်လိုစိတ်ဓါတ်မျိုး၊ အာဇာနည်စိတ်ဓါတ်မျိုးရ‌အောင် ဆန္ဒဖြစ်တဲ့အ‌နေနဲ့ ကျင်းပ‌ပေး ခဲ့တာပါ”ဟု ‌ပြောသည်။

SAW ‌ကျောင်းသည့် ဗိုလ်ချုပ်‌အောင်ဆန်း၏ ‌မွေး‌နေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ‌ငွေ‌ကြေးအခက် အခဲ‌ကြောင့် အခြား‌ရွှေ့‌ပြောင်းစာသင်‌ကျောင်းများနှင့် ပူး‌ပေါင်းလုပ်‌ဆောင်နိုင်ခြင်း မရှိခဲ့‌သော်လည်း ယ‌နေ့အခမ်းအနားတွင် SAW ‌ကျောင်း၏ ၂၀၁၁-၂၀၁၂ ‌ကျောင်းပညာသင်နှစ် ဆု‌ပေးပွဲအ‌နေဖြင့်လည်း ဆုရရှိသည့် က‌လေးများကို ပညာရည် ထူးချွန် ဆုများ ‌ပေးအပ်ခဲ့သဖြင့် ‌ကျောင်းသားများက ‌ပျော်ရွှင်‌ကြောင်းလည်း ဆရာမင်းမင်းက ဆက်‌ပြောသည်။

“ဒီနှစ်က‌တော့ ကျ‌နော်တို့‌ကျောင်းတစ်‌ကျောင်းထဲပဲလုပ်ဖြစ်တာပါ။ ဒါ‌ပေမယ့် အရင်နှစ်ကလိုမဟုတ်ပဲ ‌ချောတိုင်တက်ပွဲ‌တွေပါ ပါ ‌တော့ က‌လေး‌တွေက ‌တော်‌တော်ကို‌ပျော်ကြတယ်၊ သူတို့‌တွေ ‌ပျော်‌နေတာ‌တွေ့‌တော့ ဝမ်းသာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

၂၀၀၅ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး မူလတန်းကြို(မူကြို) အဆင့်မှ ၁ဝတန်းအထိရှိ‌သော SAW ‌ရွှေ့‌ပြောင်းမြန်မာစာသင်‌ကျောင်း၌ ယခုနှစ်တွင် က‌လေး‌ပေါင်း ၃၆၃ဦးနှင့်၊ ဆရာ၊ဆရာမ‌ပေါင်း ၂၆ဦးရှိပြီး ယ‌နေ့ကျင်းပခဲ့သည့် ဗိုလ်ချုပ်‌အောင်ဆန်းနှင့် မြန်မာနိုင်ငံ က‌လေးများ‌နေ့ အခမ်းအနားတွင် ‌ကျောင်းသား‌ကျောင်းသူများ၊ မိဘဆရာများ အပါအဝင် ပရိဿတ်ဦး‌ရေ ၃၀ဝနီးပါး တက် ‌ရောက်ခဲ့ကြသည်။